အတိတ်မှာ ကျရှုံးခဲ့တိုင်း အနာဂတ်မှာ မအောင်မြင်တော့ဘူးလား

blank

စာချစ်သူတို့ရေ…

တစ်ခါက စိတ်ကျရောဂါခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူမဟာ လက်ထပ်ဖို့ကိုလည်း အငြင်းခံရပြီး ကလေးတစ်ယောက်နဲ့ အလုပ်လက်မဲ့ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ တစ်ရက်မှာ စိတ်ကူးသစ်တစ်ခုပေါ်လာတာနဲ့ သူမဟာ မန်ချက်စတာကနေ လန်ဒန်ကို ၄ နာရီလောက် ရထားစီးပြီး သွားခဲ့တယ်။ ပြီးတော့ မှော်ဆရာတစ်ယောက်အကြောင်းကို စာရေးခဲ့တယ်။ ရေးပြီးသွားတဲ့ သူမရဲ့ ဝတ္ထုဇာတ်လမ်းကို လိုက်ပြတဲ့အချိန်မှာ ထုတ်ဝေသူ ၁၂ ယောက်က ငြင်းပစ်ခဲ့တယ်။

ဒါပေမဲ့… သူမကတော့ ဒီနေ့မှာ ကမ္ဘာကျော်စာရေးဆရာမတစ်ယောက်ဖြစ်နေပါပြီ။ သူမက တော့ ကမ္ဘာကျော်ဟယ်ရီပေါ်တာဇာတ်လမ်းတွဲကို ရေးသားဖန်တီးခဲ့တဲ့ စာရေးဆရာမ ဂျေကေရိုး လင်း (J.K. Rowling) ပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ဟားဗတ်တက္ကသိုလ်ကနေ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်လိုက်ရ ပါတယ်။ ပြီးတော့ သူတည်ထောင်ထားတဲ့ ပထမဆုံးကုမ္ပဏီပြိုကွဲသွားတာကိုလည်း ကြည့်နေခဲ့ရ တယ်။ နောက်တော့ သူဟာ မိုက်ခရိုဆော့ဖ်ကို စတင်ဖန်တီးတည်ထောင်ခဲ့တယ်။ သူ့နာမည်ကတော့ ယနေ့ကမ္ဘာမှာ မသိသူမရှိလောက်အောင် အောင်မြင်နေသူတစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်(Bill Gates) ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူတို့တွေရဲ့အဖြစ်ကို ကြည့်ရင် အတိတ်က ကျရှုံးမှုတွေဟာ အနာဂတ်အောင်မြင်မှုကို မဟန့် တားနိုင်ဘူးဆိုတာ မြင်ရပါတယ်။ ကျရှုံးမှုဟာ လူတစ်ယောက်ရဲ့ထပ်မံကြိုးစားလိုစိတ်နယ်ပယ်ကို ချဲ့ ထွင်ပေးပါတယ်။ ဘဝအတွက် သင်ခန်းစာကောင်းတွေကို ပေးပါတယ်။ ဘဝတစ်ဆင့်မြင့်ဖို့ဆိုရင် အရှုံးတွေကြား လဲပြိုမသွားဘဲ ရှေ့ဆက်တိုးသွားဖို့ အရေးကြီးပါတယ်။ အောင်မြင်မှုကို ဖန်တီးပေးတဲ့ တန်ခိုးရှင်ဆိုတာ မရှိပါဘူး။ ကိုယ်တိုင်ကြိုးစားမှပဲ လဲကျနေတဲ့ဘဝကနေ ပြန်ထူမတ်နိုင်မှာပါ။ ပိုမို အောင်မြင်တဲ့ဘဝကို ရှေ့ရှုနိုင်မှာပါ။

ဒါကြောင့် သင့်ဘဝမှာလည်း ကျရှုံးမှုတွေကြုံတဲ့အခါ အရှုံးမပေးဘဲ ဆက်ကြိုးစားသွားလိုက်ပါ နော်။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။