သင့်နေ့ရက်တွေကို အဓိပ္ပာယ်ရှိရှိ ရှင်သန်လိုက်ပါ။

မိတ်ဆွေ…

ဘဝမှာ မာန်မာနတွေနဲ့ မရှင်သန်လိုက်ပါနဲ့။ အသက်ရှည်ရှည်နေနိုင်ဖို့ ကြိုးစားပါ။ မိသားစုကို ပျော်ရွှင်မှုပေးဖို့ ကြိုးစားပါ။ ဘဝရဲ့တန်ဖိုး၊ အချိန်ရဲ့တန်ဖိုးတွေကို နားလည်ဖို့ ကြိုးစားပါ။ ပြီးတော့ ဘဝက ပျက်စီးလွယ်တယ်၊ ဘာမှအရေးမကြီးဘူးဆိုတဲ့ တချို့လူတွေရဲ့ပြောစကားတွေက မှန်ကန်ရဲ့ လားဆိုတာသိဖို့ ဆန်းစစ်ကြည့်ပါ။ အိပ်မက်တွေကို လွယ်လွယ်အရှုံးမပေးတတ်တဲ့စိတ်မွေးပါ။ ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ သင့်ကိုယ်သင် ပြန်ကြည့်တဲ့အခါ အံ့သြစရာတွေ ကျန်ရစ်ခဲ့အောင်လုပ်ပါ။

လူတွေဟာ ဘဝရဲ့နောက်ဆုံးအချိန်ရောက်တဲ့အခါ…

“ ငါ့ဘဝက ဘာများအဓိပ္ပာယ်ရှိခဲ့လဲ။ ငါ့ဘဝမှာ ငါတကယ်ပျော်ခဲ့လား။ တခြားသူတွေရဲ့ဘဝ အတွက်ကော ငါဘာတွေ လုပ်ပေးခဲ့ဖူးလဲ။ ငါ့ဘဝက သူများဘဝတွေအပေါ် ဘာသက်ရောက်မှုတွေ ရှိခဲ့လဲ။ ငါက လောကကြီးအတွက်၊ ငါ့ဝန်းကျင်အတွက် အရေးပါသူတစ်ယောက် ဖြစ်ခဲ့လား” လို့ တွေးကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီအချိန်မှာ အခုလက်ရှိအရေးကြီးတယ်လို့ ထင်နေကြတဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်မှု၊ ရုပ်ရည်ပုံ သဏ္ဍာန်၊ တခြားသူတွေရဲ့ထင်မြင်ချက်တွေ၊ ဝေဖန်မှုတွေအကြောင်း တွေးပူနေတော့မှာမဟုတ်ပါဘူး။ သင် ဘာတွေလုပ်ခဲ့လဲဆိုတာကပဲ သင့်ကို တွေးပူစေမှာပါ။ ဒီနေ့ဆိုတာ သင့်ဘဝအတွက် ပြောင်းလဲမှု တွေကို ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ပါ။ ဘဝရဲ့အဆုံးသတ်ချိန်မရောက်ခင် အဓိပ္ပာယ်အပြည့်ဝဆုံး ရှင်သန်နိုင်အောင် ကြိုးစားပါ။ သင်ဖြစ်ချင်တဲ့အိပ်မက်တွေနောက်ကို လိုက်ပါ။ တခြားအရာတွေ၊ တ ခြားလူတွေရဲ့ လွှမ်းမိုးမှုအောက်မှာ သင့်အိပ်မက်တွေ ပျောက်ပျက်မသွားပါစေနဲ့။ ဘယ်သူတွေက မဖြစ်နိုင်ဘူးပြောပြော သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။ ဒီနေ့ဟာ ကမ္ဘာမြေပေါ်မှာ သင်နောက်ဆုံး အသက်ရှင်ခွင့်ရတဲ့နေ့လို့ သဘောထားပြီး သင့်ရဲ့နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ရှင်သန်လိုက်ပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။