သားသမီးရှိတဲ့မိဘတွေနဲ့ သားသမီးမရှိတဲ့မိဘတွေမှာ ဘယ်သူတွေက အသက်ပိုရှည်ကြလဲ။

blank

စာချစ်သူတို့ရေ…

လေ့လာတွေ့ရှိချက်အရ အနည်းဆုံးသားသမီးတစ်ယောက်ပဲရှိတဲ့မိဘတွေတောင် သားသမီး လုံးဝမရှိတဲ့မိဘတွေထက် ပျမ်းမျှအသက် ၂ နှစ်ပိုရှည်တယ်လို့ သိရပါတယ်။

စစချင်းကြားမိရင်တော့ ဒါက အံ့သြစရာဖြစ်ကောင်းဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သားသမီးရှိတဲ့ မိဘတွေဟာ ငွေကြေးနဲ့ ပတ်သက်ရင်လည်း လွတ်လပ်ခွင့်ပိုနည်းတယ်။ အိပ်ချိန်နည်းပါးတယ်။ ပိုပြီးတော့လည်း ပင်ပန်းဖျား နာကြတယ်။

ဒါပေမဲ့… အသက်ကတော့ သားသမီးမရှိတဲ့မိဘတွေထက် ပိုရှည်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကလေးတွေ ငယ်စဉ်မှာ သူများတွေထက် ပိုပင်ပန်းအောင် အလုပ်ပို လုပ်ရကောင်းလုပ်ရနိုင်ပေမဲ့ အသက်ကြီးလာတဲ့အခါ အရွယ်ရောက်သားသမီးတွေဆီက ပြုစုစောင့် ရှောက်မှု၊ ထောက်ပံ့ကူညီမှုနဲ့ ချစ် ခြင်းတရားတွေကို ပြန်ခံစားရလို့ပါပဲ။

အဲ့ဒီတွေ့ရှိချက်လေးကို သင်ကော သဘောတူပါသလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။