လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အခါ အပြစ်ရှိသူက ဘယ်သူလဲ။

blank

လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အခါ ကျူးလွန်သူနဲ့ကျူးလွန်ခံရသူမှာ ဘယ်သူအပြစ်ရှိလဲ။
လိင်ပိုင်းဆိုင်ရာကျူးလွန်ခံနေရသူတွေအပေါ် အပြစ်တင်နေတာတွေ ရပ်တန့်ကြပါစို့။
ယနေ့ခေတ်ကြီးမှာ မကြာခဏဆိုသလို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအကြောင်း တွေ့မြင် ကြားသိနေကြရပါတယ်။ ဆိုးတာက အဲ့ဒီလိုကိစ္စတစ်ခု အွန်လိုင်းပေါ်ရောက်လာတဲ့အခါ ကျူးလွန်သူ ထက် ကျူးလွန်ခံရသူအမျိုးသမီးကို အပြစ်တင်ချင်ကြတာတွေကိုလည်း စိတ်မကောင်းစရာ တွေ့မြင် နေရတာပါပဲ။

– သူ ဘာတွေဝတ်ထားလို့လဲမှ မသိတာ။

– အရက်တွေများ သောက်ထားလို့လား။

– အရင်ကလည်း တခြားယောက်ျားလေးတွေနဲ့ အဲ့ဒီလိုနေဖူးလို့ အထင်သေးပြီး ကျူးလွန်တာ နေမှာ။

– ကျူးလွန်သူနဲ့ ဘယ်လောက်တောင် လက်ပွန်းတတီးနေနေလဲမှ မသိတာ။

– အဲ့ဒီနေရာတွေကို ဘာဖြစ်လို့ တစ်ယောက်တည်းသွားရတာလဲ။

စသဖြင့် ပြောကြတာတွေရှိပါတယ်။ ဒါတွေကြောင့်လည်း မိန်းမသားတွေအနေနဲ့ မိမိတို့ ကျူးလွန်စော်ကားခံရတဲ့အခါ အများသိအောင် ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်ကြတာဖြစ်ပါတယ်။ ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် မိမိအပေါ်သာ အပြစ်တွေကျရောက်နိုင်တာမို့ ရေငုံနှုတ်ပိတ်နေ နေ လိုက်ကြပါတယ်။ မိမိတို့ဘက်မှာ မားမားမတ်မတ်ရပ်တည်ကူညီပေးမယ့်သူရှားတဲ့အတွက် ထုတ်ဖော်ဖို့က ခက်ခဲလှပါတယ်။

တကယ်တော့…

– အတိုအပြတ်ဝတ်တာက ကျူးလွန်ဖို့ လိုက်လျောလိုက်တဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။

– အရက်မူးနေတာကလည်း ကျူးလွန်ဖို့ လိုက်လျောလိုက်တဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။

– ကလက်တက်တက်နေတာလည်း ကျူးလွန်ဖို့ လိုက်လျောလိုက်တဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။

– လိင်ဆွဲဆောင်မှုရှိအောင်နေတာကလည်း ကျူးလွန်ဖို့ လိုက်လျောလိုက်တဲ့အဓိပ္ပာယ် မဟုတ်ပါဘူး။

– သဘောတူညီမှုပေးပြီးမှ စိတ်ပြောင်းသွားတာကလည်း ဆက်လက်ကျူးလွန်ဖို့ လိုက်လျောတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။

– အကြပ်ကိုင်ခံရလို့ ခေါင်းညိတ်တာကလည်း ကျူးလွန်ဖို့ လိုက်လျောလိုက်တဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘယ်လိုအကြောင်းတရားမျိုးကြောင့်မှမဟုတ်ဘဲ ကာယကံရှင်မိန်းကလေးကိုယ်တိုင် လွတ် လွတ်လပ်လပ် ခေါင်းညိတ်တာကမှ သဘောတူလိုက်လျောမှုစစ်စစ်ဖြစ်ပါတယ်။
လူမှုပတ်ဝန်းကျင်အနေနဲ့ ဒီလိုတလွဲအပြစ်တင်နေကြတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ဖို့ လိုအပ် ပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အခါ ကျူးလွန်သူမှာသာ လုံးဝအပြစ်ရှိပါတယ်။ တခြား အကြောင်းပြချက်မရှိပါဘူး။ ကျူးလွန်ခံရသူရဲ့အပြစ်လည်း လုံးဝမရှိပါဘူး။ ကျူးလွန်ခံရသူမှာ အပြစ်ရှိတယ်လို့ဆိုရင်တောင် ဒါဟာ ကျူးလွန်သူရဲ့ပြစ်ဒဏ် ပေါ့လျော့အောင်ပေးတဲ့ ဆင်ခြေတစ်ခုပါ။

ကျူးလွန်ခံရသူတွေအပေါ် အပြစ်တင်တာကို ဆက်လက်လက်ခံခွင့်ပြုနေခြင်းက မုဒိမ်းမှုကျူး လွန်တဲ့ ယဉ်ကျေးမှုတွေ ရှင်သန်ပျံ့နှံ့နေအောင် လုပ်ဆောင်နေတာနဲ့ အတူတူပါပဲ။
ဒါကြောင့် မုဒိမ်းမှုတစ်ခုဖြစ်တဲ့အခါ ကျူးလွန်ခံရသူအပေါ် အပြစ်တင်ကြတာတွေကို ရပ်တန့် စေဖို့ ဝိုင်းဝန်းကြိုးစားကြပါစို့။
လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်မှုတွေကာကွယ်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။