ရာသီခွင်အလိုက် စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်မယ့် နည်းလမ်းများ

blank

ကျွန်မတို့အားလုံးမှာစိတ်ဖိစီးမှုတွေ ကိုယ်စီရှိတတ်ကြပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါမှာစိတ်ပြေလျော့စေတဲ့နည်းကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူညီပါဘူး။ ဒါကြောင့် ရာသီခွင်အလိုက် စိတ်ဖိစီးမှုကိုအမြန်ဆုံးလျော့ကျစေနိုင်မယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းကဖော်ပြပေးလိုက်ပါတယ်နော်။

မိဿရာသီဖွား (မတ်လ ၂၁ ရက်မှ ဧပြီလ ၁၉ ရက်နေ့ကြားမွေးဖွားသူများ)

ခေါင်းဆောင်တစ်ယောက်ရဲ့ဟန်ပန်ရှိတဲ့ မိဿရာသီဖွားတွေဟာလူတွေကြားမှာနေထိုင်ရတာကို နှစ်သက်တဲ့အတွက် တစ်ယောက်တည်းနေခြင်းဟာသူတို့ရဲ့ စိတ်ဖိစီးမှုတွေကိုလျော့သွားစေနိုင်မှာမဟုတ်ပါဘူး။ အပြင်ထွက်ခြင်း၊ ပါတီတက်ခြင်း၊ သူငယ်ချင်းတွေနဲ့ စုဝေးခြင်း၊ မရောက်ဖူးတဲ့နေရာတွေကိုသွားရောက်ခြင်းတွေကသာစိတ်ဖိစီးမှုတွေကိုပြေပျောက်စေပါလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီလ ၂ဝ ရက်မှ မေလ ၂ဝ ရက်နေ့ကြားမွေးဖွားသူများ)

ပြိဿရာသီဖွားတွေဟာခေါင်းမာတတ်သူတွေဖြစ်တဲ့အတွက်ကြောင့် လူတွေအနားမှာရှိနေခြင်းကသူတို့ကိုပိုပြီးတော့တောင် စိတ်ရှုပ်ထွေးစေပါလိမ့်မယ်။ ပြိဿရာသီဖွားတွေအတွက်တော့စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ဆိုရင် တစ်ယောက်တည်းနေဖို့အချိန်ပဲလိုအပ်ပါတယ်။

မေထုန်ရာသီဖွား (မေလ ၂၁ ရက်မှ ဂျွန်လ ၂ဝ ရက်နေ့ကြားမွေးဖွားသူများ)

မေထုန်ရာသီဖွားတွေဟာအသစ်အဆန်းတွေကိုစူးစမ်းဖို့ အမြဲအသင့်ဖြစ်နေတတ်သူတွေပါ။ နေ့စဉ်ဘဝကိုအပြောင်းအလဲမရှိဘဲ ဖြတ်သန်းနေရခြင်းကမေထုန်ရာသီဖွားတွေကိုစိတ်ဖိစီးစေပါလိမ့်မယ်။ ဒါကြောင့် မေထုန်ရာသီဖွားတစ်ယောက်အတွက် နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကိုဖယ်ရှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ခရီးထွက်ခြင်းပါပဲ။

ကရကဋ်ရာသီဖွား (ဂျွန်လ ၂ဝ ရက်မှ ဂျူလိုင် ၂၂ ရက်နေ့ကြားမွေးဖွားသူများ)

ကရကဋ်ရာသီဖွားတွေဟာလူတိုင်းကိုမယုံကြည်တတ်ပါဘူး။ သူတို့ဟာသူတို့ရဲ့ စိတ်ခံစားမှုတွေကိုအရင်းနှီးဆုံးလူတွေကိုပဲလှစ်ဟပြတတ်တာပါ။ ယုံကြည်ရတဲ့သူတွေကိုမိသားစုလိုသဘောထားတတ်ကြပါတယ်။ ကရကဋ်ရာသီဖွားတစ်ယောက် စိတ်ဖိစီးနေပြီဆိုရင်တော့ ချစ်ခင်ရတဲ့သူတွေဆီမှာအချိန်ကုန်ဆုံးတာကအကောင်းဆုံးပါပဲ။

သိဟ်ရာသီဖွား ( ဂျူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၂ ရက်နေ့ကြားမွေးဖွားသူများ)

သိဟ်ရာသီဖွားတွေဟာအမြဲတက်ကြွလန်းဆန်းနေတတ်သူတွေပါ။ ဒါကြောင့် သိဟ်ရာသီဖွားတွေအနေနဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရပြီဆိုရင် ထိုင်စဉ်းစားမနေဘဲအပြင်ထွက်ပြီးလေကောင်းလေသန့်လေးတွေ ရှူလိုက်ပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၂၂ ရက်နေ့ကြားမွေးဖွားသူများ)

ကန်ရာသီဖွားတွေဟာသူတို့ရဲ့ မြင့်မားလွန်းတဲ့ ရည်မှန်းချက်တွေကြောင့်စိတ်ဖိစီးမှုတွေ ခံစားရလေ့ရှိပါတယ်။ သူတို့ဟာအရာအားလုံးကိုစိစိစစ်စစ်လုပ်ကိုင်တတ်ပြီးအများကမဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့အရာတစ်ခုကို ဖြစ်အောင်လုပ်နိုင်ပါတယ်။ ပြဿနာတစ်ခုကြုံပြီဆိုရင် ဖြေရှင်းနည်းကိုပဲရှာဖွေနေတတ်ကြတဲ့အတွက် အလွယ်တကူပဲစိတ်ဖိစီးလွယ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကနေရုန်းထွက်ချင်တယ်ဆိုရင် တခြားအရာတစ်ခုပေါ်မှာအာရုံစိုက်ပြီးကိုယ့်စိတ်ကိုခေတ္တအနားပေးလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့ကြားမွေးဖွားသူများ)

တူရာသီဖွားတွေဟာမမျှတခြင်းကိုမုန်းတီးတဲ့အတွက် သူတို့ရဲ့အချိန်တွေကိုလူတွေကြားမှာသဟဇာတဖြစ်ဖို့ရယ်၊ သူတို့ဘဝမှာအရာအားလုံးညီညွတ်မျှတနေဖို့ရယ်အတွက် ကုန်ဆုံးလေ့ရှိပါတယ်။ အဆင်မပြေမှုတွေ ကြုံလာလို့ စိတ်ဖိစီးလာပြီဆိုရင်တော့ စာအုပ်ကောင်းကောင်းဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အရသာရှိတဲ့အစားအသောက်တွေစားခြင်းနဲ့ အကြိုက်ဆုံးကော်ဖီသောက်ခြင်းတွေကစိတ်ဖိစီးမှုတွေကိုပြေလျော့သွားစေမှာပါ။

ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

ဗြိစ္ဆာရာသီဖွားတွေဟာအရမ်းခံစားရလွယ်ပြီးတော့ ကိုယ့်အပေါ်မကောင်းတဲ့အရာတွေကိုလည်းအလွယ်တကူမရှောင်ရှားနိုင်ကြပါဘူး။ ဒါကြောင့် ဗြိစ္ဆာရာသီဖွားတွေအနေနဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရပြီဆိုရင် ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့အရာတွေကြားမှာ မြှုပ်နှံထားလိုက်တာအကောင်းဆုံးပါပဲ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

ဓနုရာသီဖွားတွေဟာတစ်ယောက်တည်းနေရတာကိုမကြိုက်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုတွေကိုခံစားနေရတဲ့အခါမှာအပေါင်းအသင်းတွေနဲ့ တူတူရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာလုံခြုံစိတ်ချရတဲ့နေရာမှာနေရတာကိုလည်း နှစ်သက်ပါတယ်။ ဒါကြောင့် ပါတီပွဲတွေကိုသွားနေမယ့်အစားကိုယ်တိုင်ဦးစီးပြီးတော့ပဲပါတီပွဲကိုကျင်းပလိုက်ပါ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ကြားမွေးဖွားသူများ)

တခြားရာသီဖွားတွေကအလုပ်များလွန်းလို့ စိတ်ဖိစီးမှုတွေခံစားရပေမယ့် မကာရရာသီဖွားတွေကတော့ အလုပ်မရှိရင် စိတ်ဖိစီးမှုတွေ ခံစားရတတ်ပါတယ်။ သူတို့အတွက် စိတ်ဖိစီးမှုတွေကိုပြေလျော့စေမယ့် နည်းလမ်းကတော့ အလုပ်တွေကိုဖိဖိစီးစီး ပြန်လည်လုပ်ကိုင်လိုက်ခြင်းပါပဲ။

ကုမ်ရာသီဖွား ( ဇန်နဝါရီ ၂ဝ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကြားမွေးဖွားသူများ)

စိတ်ဖိစီးမှုတွေကိုလျော့ကျအောင်လုပ်တယ်ဆိုတာကို ဦးနှောက်ကိုလုံးဝအနားပေးလိုက်ရတာပါလို့ လူအများကထင်ကြပါတယ်။ ဒါဟာကုမ်ရာသီဖွားတွေအတွက်တော့ မမှန်ပါဘူး။ ကုံရာသီဖွားတွေအတွက်တော့ ခေါင်းစားရတာတစ်ခုခုလုပ်နေခြင်းကသာစိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်မှာပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂ဝ ရက်နေ့ကြားမွေးဖွားသူများ)

မိန်ရာသီဖွားတွေဟာကိုယ့်ဘဝကိုယ် တိုးတက်အောင်လုပ်ရတာထက် ဘာကိုမှ မကြိုက်ပါဘူး။ သူတို့ဟာစိတ်ဖိစီးနေသည်ဖြစ်စေ၊ မဖိစီးဘူးဖြစ်စေသူတို့ စိတ်ကူးဥာဏ်တွေကိုအမြဲအသုံးချနေပါတယ်။ ဒီစွမ်းရည်ဟာစိတ်ဖိစီးမှုတွေကိုဖြေလျှော့ပေးဖို့လိုအပ်လာတဲ့အခါမှာအရမ်းပဲအသုံးဝင်ပါတယ်။ သူတို့ရဲ့ စွမ်းရည်မှာပဲစိတ်ဖိစီးမှုတွေကိုဖြေဖျောက်နိုင်စွမ်းကိုတွေ့ရှိမှာပါ။

အခုပြောပြသွားတဲ့ စိတ်ဖိစီးမှုတွေကိုလျော့ကျစေတဲ့နည်းလမ်းလေးတွေ ကသင့်အတွက်ကောမှန်ကန်ရဲ့လားဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။