စိတ်ကောင်းရှိပါ။ ဒါပေမဲ့ ကိုယ့်ဘဝကို တခြားသူတွေအတွက် မစတေးပါနဲ့။

blank

စာချစ်သူတို့ရေ…

လူတိုင်းလိုလိုရဲ့ စိတ်ထဲမှာ စွဲမြဲနေကြတာက တခြားသူအပေါ် အမြဲ ညှာတာထောက်ထား ခြင်း၊ သနားကြင်နာခြင်း၊ စိတ်ရှည်သည်းခံခြင်းက လောကမှာ ကျင့်သုံးသင့်တဲ့ ကောင်းမြတ်ခြင်းတရား ဆိုတာပါ။ မှန်ပါတယ်။ စိတ်ထားကောင်းတာဟာ မိမိကိုယ်တိုင်ရဲ့ဘဝအတွက်ကော မိမိဝန်းကျုင်ကိုပါ အကျိုးပြုပါတယ်။ လူကြီးမိဘတွေ၊ ဆရာသမားတွေကလည်း မိမိတို့သားသမီးတွေ၊ တပည့်တွေ တစ် ကိုယ်ကောင်းဆန်သူအဖြစ် မကြီးပြင်းစေချင်တဲ့အတွက် ဒါကို လောကကျင့်ဝတ်တစ်ခုအနေနဲ့ ငယ် ကတည်းက သွန်သင်ပေးထားကြပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ တစ်ခုရှိတာက စိတ်ထားကောင်းတာနဲ့ မိမိဘဝကို တခြားသူရဲ့နောက်မှာ ထားတာ၊ တခြားသူအတွက် စတေးပြီး နစ်မွန်းခံတာက မတူညီဘူးဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်းနောက်မှာနေပါများလာတဲ့အခါ မိမိဘဝအတွက် တရားမျှတတဲ့အရာတွေကိုပါ အနိုင်မယူ တတ်တော့ဘဲ စတေးခံလိုက်ခြင်းနဲ့ နေသားကျသွားတတ်လို့ပါ။ ဒါဟာ သာမန်အသေးအဖွဲမဟုတ်တဲ့ ကြီးကြီးမားမားပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ထဲမှာ အရာရာပိုကောင်းဖို့အတွက် မိမိပဲ အမြဲ တမ်းစတေးခံရမယ်၊ အနစ်နာခံရမယ်၊ အရှုံးပေးရမယ်ဆိုတဲ့စိတ်က နစ်ဝင်သွားတာ ကောင်းတဲ့လက္ခ ဏာမဟုတ်ပါဘူး။

တကယ်တော့ စတေးခြင်း၊ အနစ်နာခံပေးဆပ်ခြင်းမှာလည်း သူ့အတိုင်းအတာနဲ့သူ၊ သူ့နေရာ နဲ့သူ ရှိပါတယ်။

  • မိမိတန်ဖိုးထားတဲ့သူ၊ ဒါမှမဟုတ် တစ်စုံတစ်ခုအတွက် မိမိကိုယ်မိမိစတေးခံကြတယ်။
  • မလွှဲမရှောင်သာတဲ့ကိစ္စတွေမှာ စိတ်မပါဘဲ အရှုံးပေးကြတယ်။
  • ပေါင်းသင်းဆက်ဆံရေးချောမွေ့စေဖို့အတွက် အနစ်နာခံကြတယ်။
  • စီးပွားရေးကိုငဲ့ကွက်ပြီး အလျှော့ပေးနေကြတယ်။

အမျိုးမျိုးသောအကြောင်းတွေနဲ့ အရှုံးပေးနေတာတွေကြာလာတဲ့အခါ အားအင်ကုန်ခမ်းပြီး မောပန်းလာကြပါတယ်။ တရားမျှတတဲ့အနိုင်ယူမှုတွေကိုတောင် မြင်အောင်မကြည့်တတ်တော့ပါဘူး။ အမြဲတမ်းအရှုံးပေးရမယ်ဆိုတဲ့စိတ်က အသားကျအနိုင်ယူလာပါတယ်။ ဒါဟာ လွဲချော်မှုအစပါပဲ။ မိမိ တတ်နိုင်ရင် မိမိပိုင်ဆိုင်မှုထဲက လှူတန်းနိုင်ပါတယ်။ ဘယ်လိုမျှော်လင့်ချက်မျိုးမှမထားဘဲ စေတနာ သန့်သန့်နဲ့ ပရဟိတလုပ်နိုင်ပါတယ်။ မိမိမှာ လုံလောက်လို့ ပေးတာ၊ လှူတာက မှန်ကန်တဲ့ အပြုအမူ ပါ။ အဲ့ဒီလိုမှမဟုတ်ဘဲ မိမိကိုယ်မိမိနစ်မွန်းခံ၊ စတေးခံပြီး တခြားသူတွေကို ဖြည့်ဆည်းပေးတာက တော့ မှန်ကန်တဲ့အပြုအမူမဆိုနိုင်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မိမိကိုယ်မိမိကြင်နာတာ၊ ဂရုစိုက်တာ၊ လုပ်သင့်တာလုပ်တာဟာ တစ်ကိုယ်ကောင်းဆန်တာနဲ့ မတူပါဘူး။ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာက တစ်ဖက်သားဘာဖြစ်ဖြစ် မိမိကိုယ်ကျိုးတစ်ခုတည်း ကိုပဲ ကြည့်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ကိုယ်ပိုင်ဘဝအတွက်လည်း လုပ်သင့်တာလုပ်တာက မိမိကိုယ် မိမိ ဘယ်လိုချစ်ရမလဲဆိုတာ ကောင်းစွာဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူတစ်ယောက်ရဲ့ အတွေးအခေါ် ဖြစ်ပါတယ်။ မိမိဘဝကို စိတ်မဖိစီးစေဘဲ ပျော်ရွှင်မှုတွေနဲ့တည်ဆောက်နိုင်သူတစ်ယောက်ရဲ့ စွမ်းရည် လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်မိမိ မှန်ကန်စွာချစ်တတ်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး တ ခြားသူတွေကိုလည်း မှန်ကန်စွာ ချစ်တတ်မှာဖြစ်ပါတယ်။

ဒါကြောင့် စိတ်ကောင်းရှိပါ။ ဒါပေမဲ့ မိမိဘဝကိုလည်း တရားမျှတစွာ တည်ဆောက်ခြင်းဖြင့် စစ်မှန်ငြိမ်းချမ်းတဲ့ဘဝကို တည်ဆောက်သွားလိုက်ပါ။

စိတ်ဓာတ်ခွန်အားတွေ ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို Share လိုက်ပါဦးနော်။