အနားယူဖြစ်ရဲ့လား။

blank

ကျွန်မတို့အားလုံးဟာ နေ့စဉ်ဘဝမှာ အလုပ်နဲ့ လုံးပန်းရင်းအချိန်ကုန်နေကြပါတယ်။ အများစုကတော့ အနားယူဖို့တောင်မှ အချိန်မရှိကြပါဘူး။ နှစ်မိနစ်လောက်အနားယူရခြင်းကတောင် ကျွန်မတို့အတွက် အထူးအခွင့်အရေးကြီးတစ်ရပ်လိုပါ။ ဒါပေမဲ့ အလုပ်ဝန်မပိအောင် ဘယ်လိုနေရမလဲဆိုတာလည်း ကျွန်မတို့ မသိကြပါဘူး။ ဒါကပဲ ကျွန်မတို့ဘဝတွေရဲ့ အငြင်းပွားစရာတစ်ခု ဖြစ်လာပါတော့တယ်။

ကျွန်မတို့တွေဟာ အလုပ်အားပြီဆိုရင်လည်း အနားယူဖို့အစား ဖုန်းဆီပဲ လက်လှမ်းမိတတ်ကြပါတယ်။ ဒီအခါမှာ အနားမယူတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေခံစားလာရမယ်။ စိတ်သောကများလာမယ်။ အထိမခံနိုင်ဖြစ်လာမယ်။ ပြီးတော့ စိတ်ဓာတ်ကျမှုတွေပါ ခံစားလာရပါမယ်။ ဒါ့အပြင် ဖန်တီးနိုင်စွမ်းကိုပါ ကျွန်မတို့ ဆုံးရှုံးလိုက်ရပါတယ်။ ဖန်တီးနိုင်စွမ်းဆိုတာ အရာတစ်ခုကို တခြားရှုထောင့်ကနေ မြင်နိုင်စွမ်းရှိတာကို ဆိုလိုတာပါ။ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုတွေ ပေါင်းစပ်နိုင်မှသာ ထူးခြားပြောင်မြောက်တဲ့ ရလဒ်တွေ ထွက်လာမှာပါ။ ဒါပေမဲ့ အလုပ်တွေအရမ်းရှုပ်နေတဲ့အခါမှာတော့ ဒီစွမ်းရည်တွေ ပျောက်ဆုံးသွားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အနားပေးနိုင်ဖို့အတွက် တရားထိုင်တာ၊ အနားယူတာတွေလုပ်ပါ။ ဒါ့အပြင် ဒီအရာလေးတွေလည်း လုပ်ဆောင်ကြည့်ပါ။

  • လမ်းကြာကြာလျှောက်ပါ။
  • ဆော့ကစားဖို့ အချိန်ပေးပါ။
  • အလုပ်မှာ အချိန်အတော်ကြာကြာ အာရုံစိုက်ပြီးရင် အနားယူခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုပေးပါ။

ကိုယ့်ကိုယ်ကိုယ်သာ အနားယူခွင့်မပေးဘူးဆိုရင် အလုပ်တွေကိုလည်း ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး။ အနားယူခြင်းကသာ သင့်ရဲ့တီထွင်နိုင်စွမ်းကို မြင့်တက်စေပြီး ပြဿနာတွေရဲ့ ဖြေရှင်းနည်းကို ပိုမိုလျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်မှာပါ။

သင်ကော အနားယူဖြစ်ရဲ့လား…