လိုက်နာရမယ့် ဖေ့စ်ဘုတ်ခ် ကျင့်ဝတ်လေးများ

blank

 ၁။ ဖေ့စ်ဘုတ်ခ်ပေါ်မှာ RS ချိတ်ခြင်းကို နှစ်ဦးလုံးသဘောတူညီမှသာ လုပ်ဆောင်ပါ။

၂။ သင့်သူငယ်ချင်းရဲ့ သူငယ်ချင်းတွေကို သူမသိအောင် သွားaddခြင်းကို ရှောင်ပါ။

၃။ သင့်အရင်းနှီးဆုံးသူငယ်ချင်းရဲ့ ရည်းစားဟောင်းကို သွားမaddခင် သူငယ်ချင်းကို အရင်မေးပါ။

၎။ သင့်ရည်းစားဟောင်းနဲ့  ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဆက်လက် friend ဖြစ်နေလို့ရပါတယ်။ ဒါပေမဲ့ သင်မပါတော့တဲ့ status တွေကို ခံနိုင်ရည်ရှိဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပါ။

၅။ သင့်အချစ်ရေးမှာ ပြဿနာတစ်ခုခုကြုံတဲ့အခါ လိုင်းပေါ်မတင်ပါနဲ့။ အကြံဥာဏ်တစ်ခုခုလိုအပ်ရင် သင့်သူငယ်ချင်းတွေကို ဖုန်းဆက်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကိုယ်ရေးအချက်အလက်အသေးစိတ်တွေကို ဖေ့စ်ဘုတ်ခ် ပေါ်တင်ခြင်းရှောင်ပါ။

၇။ ရည်းစားဟောင်းရဲ့ ချစ်သူအသစ်ကို သွားaddခြင်း ရှောင်ပါ။

၈။ Timeline နဲ့ chat box ရဲ့ကွာခြားချက်ကို သိပါ။

၉။ တစ်စုံတစ်ယောက်ကို သဘောကျနှစ်သက်မိတယ်ဆိုရင် သူ့ wall ပေါ် ပို့စ်မတင်ဘဲ သူ့ကို တိုက်ရိုက်သွားပြောပါ။

၁ဝ။ သင့်ရည်းစားဟောင်းကို လက်တုံ့ပြန်ဖို့အတွက် သူ့မကောင်းကြောင်းတွေတင်ဖို့ fake page ထောင်ခြင်းကို ရှောင်ပါ။

စာချစ်သူတို့ကော ဒီကျင့်ဝတ်လေးတွေ လိုက်နာကျင့်သုံးဖြစ်ရဲ့လား။