သင်ဟာ တန်ဖိုးရှိသူတစ်ယောက်ပါ။

blank
  • ကိုယ့်စိတ်ခံစားချက်တိုင်းကို တန်ဖိုးထားပါ။
  • ကိုယ့်ဘဝခရီးကို လျှေုာက်လှမ်းရာမှာ ဘယ်သူကမှ ကိုယ့်ကို ယုံကြည်မှုမရှိတဲ့အတွက် တစ်ယောက်တည်း လျှောက်လှမ်းနေရတယ်ဆိုရင်တောင် လက်မလျှော့ဘဲ ယုံကြည်မှုအပြည့်နဲ့ ဆက်လျှောက်ပါ။
  • ပြဿနာတွေဟာ ကိုယ့်ကိုပိုသန်မာအောင်လုပ်ပေးတဲ့အရာတွေဖြစ်တဲ့အတွက် အလေးထားဖြေရှင်းပါ။
  • ကိုယ့်ပျော်ရွှင်မှုဟာလည်း အရေးကြီးတဲ့အတွက် ကိုယ့်ကိုယ်ကို ပျော်အောင်ထားတတ်ပါ။

တခြားသူတွေက အလေးမထားလို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးထင်နေပြီလား။ တကယ်တော့ လူတစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးရှိပြီးသားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်ဘဝတန်ဖိုးကို ကိုယ်ကိုယ်တိုင်သာ ဆုံးဖြတ်တာ ဖြစ်တာကြောင့် တနေ့ထက်တစ်နေ့ ဘယ်လို တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ဖန်တီးသွားမလဲဆိုတာကို အာရုံစိုက်ပါ။ အမြဲမပျက် သင်ယူနေပါ။ လေ့လာနေပါ။ ကြင်နာနေပါ။ ခိုင်မာတဲ့ စိတ်ဓာတ်မွေးနိုင်အောင်လုပ်ရင်း နူးညံ့တဲ့ နှလုံးသားတစ်ခုကို ပိုင်တဲ့သူတစ်ယောက်ဖြစ်အောင် ဖန်တီးယူပါ။ ကိုယ့်ရဲ့ ရပ်တည်မှုနဲ့ အများကို အကျိုးပြုနိုင်အောင် နေထိုင်ပါ။ ဒီလိုလေးသာ လုပ်နိုင်ပြီဆိုင်ရင်တော့ သင့်လောက် တန်ဖိုးရှိတဲ့သူ ရှိပါအုံးမလား။

သင့်သူငယ်ချင်းတွေထဲမှာ ဒီလို စိတ်အလှ ပိုင်ရှင်လေးတွေရှိတယ်ဆိုရင် အသိအမှတ်ပြုဖို့ comment box မှာ mention ခေါ်ခဲ့လိုက်ပါအုံးနော်။