အပူရှပ်လူနာကို ဒီလိုပြုစုပေးပါ။

blank

ရာသီဥတု သိပ်ပူပြင်းတဲ့အချိန်ရောက်နေပြီဆိုတော့ အပူရှပ်မှာကိုလည်း စိတ်ပူနေရပြီပေါ့။ အပူရှပ်ခြင်း ဆိုတာ ခန္ဓာကိုယ်အပူချိန် ရုတ်တရက်မြင့်တက်ပြီး ပြန်မအေးနိုင်တဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ အပူရှပ်ခြင်းဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့တခြားသော အရေးကြီးကိုယ်အင်္ဂါတွေကို ထိခိုက်ခြင်းအားဖြင့် အသက်အန္တရာယ်ကို တောင် ခြိမ်းခြောက်နိုင်ပါတယ်။ အဓိကက ပူလွန်းတဲ့နေရာမှာ အချိန်အကြာကြီးနေတာ၊ နေပူအောက်မှာ ပြင်း ထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေပြုတာကြောင့် ဖြစ်တာပါ။

ဒါ့အပြင် အပူရှပ်ခြင်းဟာ အပူအောက် တိုက်ရိုက်ရှိနေမှမဟုတ်ဘဲ အပူကြောင့် ပင်ပန်းနွမ်းနယ်မှုကနေ လည်း ဖြစ်နိုင်ပါတယ်။ အပူရှပ်ခြင်းရဲ့ လက္ခဏာရပ်တွေကတော့…

  • ကိုယ်အပူချိန် ၁ဝ၄ ဒီဂရီဖာရင်ဟိုက်ကျော်အောင် ဖျားခြင်း
  • စိတ်ဖိစီးမှုတွေဖြစ်ခြင်း
  • အသားအရေခြောက်သွေ့ခြင်း
  • ချွေးအလွန်အကျွံထွက်ခြင်း
  • ပျို့အန်ခြင်း
  • အသားအရေ နီမြန်းလာခြင်း
  • သွေးခုန်နှုန်း၊ အသက်ရှုနှုန်းမြန်ဆန်လာခြင်း
  • ခေါင်းတွေထိုးကိုက်ခြင်း
  • အသက်အရွယ်ကြီးရင့်သူတွေဆိုရင် မောပန်းခြင်း

တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုတွေဖြစ်ပေါ်ရင် အရေးပေါ် ဆေးဝါးကုသမှုကို အမြန်ရှာဖွေဖို့ အရေးကြီးပါ တယ်။ အပူရှပ်နေပြီလို့ သံသယဖြစ်ရင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် အရေးပေါ် ဖုန်းနံပါတ်ကို ခေါ်ပါ။ အပူရှပ်နေသူကို အရိပ်အောက် ချက်ချင်းရွှေ့ပါ။ တင်းကြပ်နေတဲ့အဝတ်အစားတွေကို ချွတ်ပေးပါ။ ပြီးရင် အအေးပေးနိုင်မယ့် နည်းလမ်းမျိုးစုံနဲ့ အပူကျအောင် ကြိုးစားပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • လူနာကို ရေစည်ပိုင်းထဲထားတာ၊ ဒါမှမဟုတ် ရေအေးနဲ့ ရေချိုးပေးပါ။
  • အပင်ရေလောင်းတဲ့ပိုက်နဲ့ ရေဖျန်းပေးပါ။
  • ရေမြှုပ်နဲ့ ရေအေးပတ်တိုက်ပေးပါ။
  • ရေငွေ့ပါတဲ့ပန်ကာဖွင့်ပြီး အပူချိန်လျှော့ချပါ။
  • လူနာရဲ့လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံကို တဘက်အစို၊ ဒါမှမဟုတ် ရေခဲတုံးအဝတ်တင်ပါ။
  • ရေစိုအခင်းနဲ့ ခြုံပေးပါ။

ပြီးတော့ ဖြစ်နိုင်ရင် လူနာကို ရေအေးအဝတိုက်ပါ။ အပူရှပ်နေသူကို သကြားဓာတ်၊ ကဖင်းန်နဲ့ အယ်လ် ကိုဟောတွေ မတိုက်ပါနဲ့။ သိပ်အေးလွန်းတဲ့ရေကိုလည်း ရှောင်ပါ။ အဲ့ဒါက အစာအိမ်အောင့်စေပါတယ်။

အသက်ရှူခြင်း၊ ချောင်းဆိုးခြင်း၊ လှုပ်ရှားခြင်းစတဲ့ လည်ပတ်မှုလက္ခဏာရပ်တွေမပြဘဲ သတိလစ်နေ တယ်ဆိုရင် လူနာကို CPR လုပ်ပေးပါ။

နွေရာသီမှာ အပူရှပ်ခြင်းက သတိထားစရာမို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။