အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်အစစ်အမှန်ကဘာလဲ။

blank

အိမ်ကိုရှင်းပြောင်နေအောင် ထားနိုင်မှ အိမ်ရှင်မကောင်းတစ်ယောက်လား။

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းဆိုတာ မရှိလောက်အောင် မိသားစုအပေါ်ပေးဆပ်နိုင်မှ အိမ်ရှင်မကောင်းတစ်ယောက်လား။

ပြင်ပကမ္ဘာကြီးနဲ့ အဆက်ဖြတ်သားသမီးတွေကိုချည်း ဂရုစိုက်ပေးနေရင်ကော မိခင်ကောင်းတစ်ယောက်ဖြစ်ပြီလား။

ခင်ပွန်းဖြစ်သူရဲ့ ဝေယျာဝစ္စကိုထောင့်စုံအောင်လုပ်ပေးနေပြီး ကိုယ့်အတွက်အချိန်လုံးဝမရှိတော့ရင်ကော  ဇနီးကောင်းတစ်ယောက်ဖြစ်ပြီလား။

အရင်ကနဲ့မတူဘဲ ကွဲပြားလာတဲ့ ခေတ်ကြီးမှာ…

အိမ်ရှင်မတွေမှာလည်းပဲ ကိုယ်ပိုင်ရပ်တည်ချက်တွေနဲ့ အလုပ်တွေလုပ်နေကြပြီ။

ဝင်ငွေတစ်ခုတည်းနဲ့ မလောက်ငှတော့တဲ့ ခေတ်မှာ …

အိမ်ရှင်မတွေဟာလည်းပဲ နောင်ရေးအတွက် ဝင်ငွေတွေရှာနေကြပြီ။

အဲ့ဒီအချိန်မှာ အိမ်ရှင်မတစ်ယောက်အနေနဲ့ အိမ်သန့်ရှင်းရေးအပေါ်မှာပဲ အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်မပေးဘူးဆိုရင် စိတ်မှာပင်ပန်းမှုတွေ စုပြုံလာမယ်။

ပတ်ဝန်းကျင်နဲ့အဆက်ဖြတ် အိမ်ထောင့်တာဝန်တွေနဲ့ပဲ ပိနေရင် ကလေးတွေကို ပျိုးထောင်နိုင်ဖို့ နည်းပညာတွေနဲ့ မျက်ခြေပြတ်လာလိမ့်မယ်။

ခင်ပွန်းဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း သူငယ်ချင်းတွေနဲ့ အဆက်ပြတ်လာရင် စိတ်ဖိစီးမှုတွေနဲ့ မောပန်းလာလိမ့်မယ်။

နှစ်ယောက်အတူတူတည်ထောင်ထားတဲ့ ဘဝမှာ ချစ်ခြင်းမေတ္တာတွေကို နှစ်ဦးပိုင်သလို တာဝန်ဝတ္တရားတွေဟာလည်း ဘုံပိုင်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်ရှင်မကြီးရေ….။

အိမ်ရှင်မတစ်ယောက်ရဲ့ စံနှုန်းများဆိုတဲ့ လေးပင်တဲ့ အတွေးတွေ၊ မူဝါဒတွေကို ချထားလိုက်ပါတော့။ ပျော်ရွှင်တဲ့အိမ်ရှင်မတစ်ယောက်ဟာ အောင်မြင်တဲ့အိမ်ရှင်မကောင်းတစ်ယောက်၊ စိတ်ချမ်းသာနေတဲ့ အိမ်ရှင်မတစ်ယောက်ဟာ မိသားစုကို စိတ်ဓာတ်ခွန်အားဖြည့်တင်းပေးနိုင်တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ပျော်ရွှင်တဲ့မိသားစုတစ်စုဖြစ်လာဖို့ တောက်ပြောင်နေတဲ့အိမ်ထက် လင်းလက်နေတဲ့ သင့်ရဲ့ အပြုံးကပိုပြီး အရေးကြီးတယ်ဆိုတာ မှတ်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နှစ်ကိုယ်တူတည်ထောင်ထားတဲ့ဘဝမှာ အိမ်ရဲ့ဝတ္တရားတွေကို မင်းတစ်ယောက်တည်းပိုင်တာမဟုတ်ပါဘူးနော်။ တာဝန်ကျေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်စေဖို့…။

ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

အပြုသဘောဆောင်တဲ့ အတွေးတွေပြောပါ။

အိမ်ထောင်ဖက်နဲ့ ညှိနှိုင်းပြီး စီမံကိန်းတွေချပါ။

အိမ်ထောင်ဖက်အပေါ်သစ္စာထားပါ။ ချစ်ခြင်းမေတ္တာတွေပေးပါ။

မနိုင်ဝန်ထမ်းပြီး စိတ်တွေညစ်ညူးနေတတ်တဲ့ အကျင့်ကိုပြင်ပါ။

သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။ အလုပ်နဲ့မိသားစုဘဝကို ကောင်းကောင်းထိန်းချုပ်ပါ။

စာချစ်သူတို့ကော ဖြည့်ပေးချင်တဲ့ အချက်လေးတွေရှိလား။ Comment box မှာ မျှဝေပေးပါဦး။