သေးငယ်တဲ့ ရွေးချယ်စရာလေးတစ်ခု

အခုချိန်ဟာ အရာတစ်ခုခုကို စတင်လိုက်ဖို့ ဒါမှမဟုတ် တချို့အရာတွေကို ပြန်စတင်လိုက်ဖို့ အကောင်းဆုံးအချိန်ပါ။ သင့်ဘဝရဲ့ ပြဿနာတွေအကြောင်းပြောဆိုနေခြင်းက သင့်ဘဝကို မြင့်မားမသွားစေနိုင်သလို ပြောင်းလဲသွားစေနိုင်မှာလည်း မဟုတ်ပါဘူး။

ရေရှုည်မှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့အတွက် အခုလက်ရှိကတည်းက ကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေဖြစ်တဲ့ တရားထိုင်ခြင်း၊ ကိုယ်လက်ကြံ့ခိုင်ဖို့အတွက် Gym ဆော့ခြင်း၊ လမ်းလျှောက်ခြင်းစတာတွေကို လုပ်ကိုင်ရပါမယ်။ တရားထိုင်ခြင်းဟာ ချက်ချင်းလက်ငင်းအကျိုးထူးတွေကို ခံစားရစေမှာမဟုတ်ပေမယ့် တရားထိုင်သက်အနည်းငယ်ရလာပြီဆိုရင်တော့ နေလို့ထိုင်လို့ ကောင်းလာမယ်၊ ခံနိုင်ရည်အားမြင့်မားလာမယ်၊ အရာအားလုံးသတိရှိလာမယ်စတဲ့ အကျိုးကျေးဇူးတွေ ခံစားရမှာပါ။ Gym မှာသွားကစားရတာ၊ လမ်းလျှောက်တာတွေဟာလည်း ဒီလိုပါပဲ။ အချိန်အတန်ကြာကစားပြီးမှ ကိုယ်ရော၊ စိတ်ပါ ရွှင်လန်းတက်ကြွစေတာကို သိလာမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုပါပဲ ဘဝတိုးတက်ဖို့အတွက် လုပ်ကိုင်ရတာတွေဟာ ကျွန်မတို့ကို သက်တောင့်သက်တာတော့ မဖြစ်စေပါဘူး။ သင်ဟာ ကြီးမြတ်သူတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာပါ။ အခုချိန်ဟာ ရေလိုက်ငါးလိုက်နေထိုင်နေတာတွေကို ရပ်တန့်လိုက်ရမယ့်အချိန်ပါ။ တစ်ချိန်မှာ အသေးအဖွဲရွေးချယ်မှုတစ်ခု ပြုလုပ်ပြီးတော့ပေါ့။ သင်ဟာ ကြီးမြတ်မှုတွေနဲ့ ထိုက်တန်ပါတယ်။