ရင်ငြိမ်းသူ….

အစေ့လေးရဲ့ နှလုံးသားမှာ ရှင်သန်တဲ့သူဟာ
အမှောင်ဆုံးမှာ မြှပ်နှံခံခဲ့ရပြီး
တိတ်ဆိတ်စွာအိပ်ပျော်နေခဲ့တယ်။

နေရောင်ခြည်က ထတော့လို့ လောဆော်လိုက်တဲ့အခါ

မိုးစက်လေးတွေက စိုအောင် ကျီစယ်လိုက်တဲ့အခါ

ရှိတဲ့အားတွေအကုန်စုပြီး မြေပြင်ရောက်အောင် ထိုးထွက်လာခဲ့တယ်။

အမှောင်ထဲကိုရောက်ခဲ့ပေမယ့် အလင်းကိုရောက်ခဲ့ပြန်တော့လည်း
ကြီးထွားလာတဲ့အားနဲ့ လူတွေကို အရိပ်ပေးပြန်တယ်။

သူဟာ ကျွန်မတို့အားလုံးအတွက် ရင်ငြိမ်းသူ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။