ဘဝကပေးတဲ့ ဘဝရဲ့အတွေးတွေ

blank

ရင့်ကျက်လာတဲ့အခါ ကိုယ့်စိတ်ကိုပူလောင်စေတဲ့အရာတွေကို ကျောခိုင်းပြီး ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ရဲဝံ့စွာဆုပ်ကိုင်ထားတတ်လာတယ်။

ရဲရင့်လာတဲ့အခါ သေလောက်အောင် ကြောက်တဲ့အရာတွေကို တစ်ခုချင်းရှာဖွေပြီး ထိပ်တိုက်ရင်ဆိုင်တတ်လာတယ်။

ဘဝအတွေ့အကြုံရင့်သန်လာတဲ့အခါ လူတွေကိုယ့်ဘဝထဲဝင်လာတာဟာ သင်ခန်းစာတစ်ခုခုပေးခဲ့ပြီး ပြန်ထွက်သွားဖို့ဆိုတာ နားလည်လာတယ်။

စိတ်ဓာတ်ခွန်အားတွေ မြှင့်တက်လာတဲ့အခါ ကိုယ်ကိုယ်တိုင်ထားတဲ့ အဟန့်အတားတွေကလွဲပြီး ကိုယ်မအောင်မြင်အောင် တားဆီးနိုင်တဲ့ အဟန့်အတား မရှိဘူးဆိုတာ သိမြင်လာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မေတ္တာထားတတ်လာတဲ့အခါ တစ်ဖက်လူရဲ့ အပြုအမူတွေ၊ တုံ့ပြန်မှုတွေကို မမျှော်ကိုးမိတော့ဘဲ ကိုယ်လုပ်ပေးနိုင်တဲ့အရာတွေကို လုပ်ပေးတတ်လာတယ်။

သင့်ရဲ့အတွေးအမြင်လေးတွေကိုလည်း ဝေမျှပေးပါဦး။