သင်ပေးမယ့် ဂရုစိုက်မှုတွေကို တိတ်တိတ်လေး စောင့်မျှော်နေတဲ့သူရှိတာ သိပါသလား။

blank

သူကတော့ သင့်ကို ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ပါဘူး။

သင် တခြားလူတွေကို ဂရုစိုက်မှုတွေပေးနေတဲ့အခါ သူ တိတ်တိတ်လေး ငေးနေလိမ့်မယ်။

တခြားသူကို သင်ချစ်တဲ့အကြောင်းပြောနေတဲ့အခါ သူ တိတ်တိတ်လေး နားထောင်နေလိမ့်မယ်။

တခြားသူအတွက် သင်တစ်ခုခုလုပ်ပေးနေတဲ့အခါ သူ တိတ်တိတ်လေး စောင့်ကြည့်နေလိမ့်မယ်။

ဒါပေမဲ့… အဲ့ဒီတခြားသူတွေ သင့်အနားမှာ တစ်ယောက်မှ မရှိတော့တဲ့အခါ သင့်ဘေးမှာ သူရှိ နေပေးပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘယ်လိုအကြောင်းတရားတွေရှိရှိ သင့်ကို သူ ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ပါဘူး။

အောင်မြင်မှပဲ သင့်အနားကပ်မယ့်သူ မဟုတ်ပါဘူး။

ဘယ်လောက်ပဲ ကျရှုံးမှုတွေကြုံကြုံ သင့်ဘေးမှာ သူ အမြဲရပ်တည်ပေးလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ သူ့အတွက် အချစ်ရဆုံးသူက သင်ဖြစ်နေလို့ပါ။

သူ့ကို သင်မေ့နေမှာစိုးလို့ သတိပေးတာပါ။

သူဆိုတာ သင်ကိုယ်တိုင်ပါပဲ။

သင့်ကိုယ်သင် အချစ်တွေ၊ ဂရုစိုက်မှုတွေ ပေးဖြစ်ရဲ့လား။