ခံစားလွယ်တတ်တဲ့ မေမေ့သမီးလေးသို့

blank
စိတ်ခံစားလွယ်တဲ့ သမီးလေးရေ…

စိတ်ခံစားလွယ်တာဟာ သမီးလေးရဲ့အားနည်းချက်မဟုတ်ပါဘူး။ ဘယ်လောက်သန်မာသူဖြစ် ပါစေ မနိုင်ဝန်ကို ထမ်းနေရတဲ့အခါ လူတိုင်းဟာ စိတ်ခံစားလွယ်လာတတ်ကြတာပါပဲ။ လူဆိုတာ တစ် ယောက်တည်း ရှင်သန်လို့မရတာကြောင့် အခြားသူတွေရဲ့အခက်အခဲတွေကို မြင်ရကြားရတဲ့အခါ ကိုယ်ပါခံစားလာရတတ်တယ်။

စိတ်မပူပါနဲ့။ မေမေ သမီးကို လမ်းညွှန်ပေးပါမယ်။

ဘဝပင်လယ်ထဲမှာ သမီးလေးထက်အရင် မေမေကဖြတ်သန်းခဲ့တယ်။ ပြီးတော့ မေမေက လည်း သမီးလေးလို ခံစားလွယ်တတ်သူတစ်ယောက်မို့ သမီးခံစားနေရတာတွေ အားလုံးကိုလည်း နားလည်ပါတယ်။

ပြင်းထန်တဲ့ခံစားမှုတွေ ဖြစ်လာတဲ့အခါ သမီးလေးရဲ့ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်။ ခံစားမှုနွံထဲ သမီးနစ်နေမှာကိုတော့ မေမေမမြင်ရက်ဘူး။ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာစွာနဲ့ ထွက်ပေါက်တွေ့ အောင် သမီးကို မေမေကူညီမှာပါ။ သမီးရင်ဖွင့်ချင်တာတွေ နားထောင်ပေးဖို့ မေမေ့ဘက်က အမြဲ အဆင်သင့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အချိန်အကြာကြီးဖြတ်သန်းပြီးမှ မေမေ ကိုယ်တိုင်သိလာခဲ့တဲ့ အကြောင်းလေး သမီးကို မျှဝေပေးမယ် နော်။ အဲ့ဒါကတော့ လူတိုင်းကို လိုက်ပြီး ကယ်တင်ပေးချင်နေလို့ မရပါဘူး။ တစ်ခါတလေ လူတွေကို ကူညီတဲ့အခါ သမီးဘဝကိုပါ ထိခိုက်လာနိုင်တယ်ဆိုတာ သတိရပါ။ သူတို့တတ်နိုင်တဲ့ကိစ္စဆိုရင် သူတို့ဘာသာ ဖြေရှင်းပါစေ။ သမီးဘဝနေထိုင်မှုကလည်း သူတို့လိုပဲ အရေးကြီးတယ်ဆိုတာ အမြဲတမ်းသတိရပါ။ လေးလေးနက်နက်ခံစားတတ်သူတွေဟာ သူတို့ရဲ့လိုအပ်ချက်တွေကိုတော့ မေ့နေတတ်ကြတယ်လေ။

တခြားသူတွေအပေါ် သမီးဘယ်လိုဆက်ဆံမလဲဆိုတာ မေမေစိတ်မပူပါဘူး။ သမီးမှာ ကြင်နာတတ်တဲ့ စိတ်ရှိတယ်ဆိုတာ မေမေသိပါတယ်။ သမီးဟာ တခြားသူတွေရဲ့ ခံစားချက်တွေကိုလည်း နားလည် ပေးနိုင်သူတစ်ယောက်ပါ။

  • ကြမ်းပြင်ပေါ်မှာ မေမေကျောခင်းအိပ်လိုက်ရင် မေမေနာနေမှာပဲဆိုပြီး သမီးဟာ မျက်ရည်ကျမယ့်သူ
  • သမီးရဲ့ပတ်ဝန်းကျင်က လူတွေအားလုံးကို ပျော်ရွှင်စေချင်တဲ့သူ
  • သူတစ်ပါးပြဿနာကို ကိုယ့်ပြဿနာလို သဘောထားကူညီချင်တဲ့သူတစ်ယောက်ဆိုတာ မေမေသိပြီးသားပါ။

တချို့လူတွေက သမီးစိတ်ကောင်းရှိတာကို အခွင့်ကောင်းယူပြီး သူတို့အကျိုးအတွက် သမီးကို အ သုံးချသွားကြတယ်။ သမီးကို ချနင်းပြီး ခံစားရအောင် လုပ်သွားမယ့်အဖြစ်မျိုး မေမေ အဖြစ်မခံနိုင်ပါ ဘူး။ သမီးကိုယ်သမီး ကာကွယ်တတ်အောင် သင်ပေးမှာပါ။

ဒါပေမဲ့ သမီးကို ချစ်တဲ့သူတွေက သမီးရဲ့ကြင်နာတတ်တဲ့စိတ်လေးကို အသုံးချသွားမှာစိုးလို့ စေ တနာနဲ့ သတိပေးတာတွေကို နားလည်ပေးပါ ကလေးရေ။

ခံစားမှုရသလေးတွေ မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။