ကျင့်ဝတ်တွေရှိဖို့ ဘာကြောင့်အရေးကြီးတာလဲ။

blank

ကျင့်ဝတ်ဆိုတာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းအတွင်း နေထိုင်နေကြသူတိုင်း လိုက်နာစောင့်ထိန်းအပ် တဲ့ တရားဖြစ်ပါတယ်။ ကျင့်ဝတ်ရှိမှ လူအချင်းချင်း ဖေးမစာနာမှုတွေပေးနိုင်မှာပါ။ စောင့်ရှောက်ကာကွယ်မှုတွေ ပေးနိုင်မှာပါ။ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေမရှိရင် လူ့အဖွဲ့အစည်းက သာယာပျော်ရွှင်မှုတွေမရှိဘဲ အကြမ်းဖက် မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ ကြီးစိုးသွားနိုင်ပါတယ်။

ဒါ့အပြင် ကျင့်ဝတ်တွေကပေးတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါတယ်။

၁။ ကျင့်ဝတ်တွေလိုက်နာခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုကို ဖြစ်ပေါ်စေပါတယ်။  အခြေအနေတစ် ခုမှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာသိထားခြင်းအားဖြင့် ဘယ်နေရာရောက်ရောက် စိတ်လည်း သက်တောင့် သက်သာ ရှိစေပါတယ်။

၂။ ကျင့်ဝတ်နားလည်သူတွေဟာ သူတစ်ဖက်သားရဲ့အမှားတွေကို ထောက်ပြတာ၊ အပြစ်တင်တာမျိုးတွေ မပြု မူတဲ့အတွက် သူတစ်ဖက်သားကိုလည်း သက်တောင့်သက်သာရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ကျင့်ဝတ်နဲ့အညီပြောဆိုဆက်ဆံနေထိုင်ခြင်းဖြင့် လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးကြားမှာလည်း ရှင်းလင်း စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကျင့်ဝတ်လိုက်နာတတ်သူတစ်ယောက်ဟာ အလုပ်ထဲမှာလည်း လေးစားခံရသူဖြစ်စေပါတယ်။

၅။ ကျင့်ဝတ်ရှိတဲ့သူဟာ တခြားသူတစ်ယောက်နဲ့တွေ့ဆုံချိန်မှာလည်း ပထမဆုံးတွေ့ဆုံခြင်းမှာပဲ ကောင်းတဲ့ အသိအမှတ်ပြုမှုကို ရရှိစေပါတယ်။ ဒါဟာ မိတ်ဆွေကောင်းတွေတိုးစေတဲ့ အချက်ဖြစ်ပါတယ်။

စာချစ်သူတို့ရေ…ကျင့်ဝတ်လေးတွေလိုက်နာခြင်းဖြင့် ပိုမိုသာယာတဲ့လောကဝန်းကျင်ကို တည်ဆောက် ကြရအောင်နော်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။