သင့်ဘဝကို ဘယ်လိုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေလဲ

blank

စာချစ်သူတို့ရေ……

ဘဝရဲ့အမှန်တရားကဘာလဲဆိုတာ ဘယ်သူမှာမှ အဖြေမရှိကြပါဘူး။ ကျွန်မတို့အားလုံးဟာ ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှောက်လှမ်းနေကြတဲ့ သာမန်လူသားတွေပါ။

ကျွန်မတို့အားလုံးမှာ အဖြေမရှိကြဘဲ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်။ အထီးကျန်တယ်၊ လူတိုင်းက သင့်ထက်ကျော်လွန်ပြီး ပိုကောင်းအောင် လုပ်နိုင်ကြတယ်လို့ ဘယ်တော့မှ မခံစားမိပါစေနဲ့။ ကျွန်မတို့တွေဟာ ဘဝမှာ ထူးခြားတဲ့လမ်းကိုယ်စီကို လျှောက်လှမ်းနေကြပါတယ်။

တခြားတစ်ယောက်ရဲ့လမ်းကြောင်းနဲ့ တူစရာမလိုပါဘူး။ သင် ဘယ်လမ်းကြောင်းပေါ်မှာပဲရောက်နေရောက်နေ သင်လုပ်နိုင်တာတွေအတွက် ဂုဏ်ယူပါ။ သင့်ဆီရောက်လာမယ့်အရာတွေ အများကြီးရှိတယ်ဆိုတာ သိထားပြီး မျှော်လင့်ထားပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။