“မပျော်ဘူး” လို့ မညည်းပါနဲ့။ ဒါလေး ဖတ်ကြည့်ပါ။

blank

အမြဲလှုပ်ရှားရုန်းကန်နေကြရတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ စိတ်ဖိစီးမှုတွေဆိုတာလည်း လွယ်လွယ်နဲ့ ကောက်ရတတ်တဲ့အရာတွေဆိုရင် မမှားပါဘူး။

–         အလုပ်ကနေလည်း စိတ်ဖိစီးမှုတွေရနိုင်တယ်။

–         အွန်လိုင်းသုံးရင်းနဲ့လည်း စိတ်ဖိစီးမှုတွေရနိုင်တယ်။

–         အဆင်မပြေတဲ့ relationship ကနေလည်း စိတ်ဖိစီးမှုတွေ ရနိုင်တယ်။

–         မိသားစုဘဝထဲကနေလည်း စိတ်ဖိစီးမှုတွေ ရနိုင်ကြတယ်။

စသဖြင့် စိတ်ဖိစီးမှုတွေကို နေရာမျိုးစုံကနေ ရနေကြပါတယ်။  လောကဝန်းကျင်ဆိုတာလည်း ကင်း ကွာအောင်နေလို့ရတဲ့အရာမဟုတ်တာကြောင့် စိတ်ဖိစီးစရာတွေကိုလည်း ရှောင်လွှဲလို့တော့ မရပါဘူး။ စိတ်ဖိစီး မှုတွေကို လက်ခံရပါများလာတဲ့အခါ နေရတာမပျော်တဲ့ခံစားမှုတွေဖြစ်လာကြရပါတယ်။ မပျော်တာကြာလာရင် အသက်ရှင်နေရတဲ့၊ လှုပ်ရှားနေရတဲ့ဘဝကလည်း အလိုလိုနေရင်း အဓိပ္ပာယ်မဲ့လာတာပါပဲ။ တကယ်တော့ စိတ် ဖိစီးမှုတွေဆိုတာ ပြင်ပကဝင်လာတဲ့အရာတွေမဟုတ်ပါဘူး။ ကိုယ့်စိတ်က စိတ်ဖိစီးမှုတွေကို လက်ခံဖို့အဆင် သင့်ဖြစ်နေလို့ စိတ်ဖိစီးစရာတွေအလွယ်တကူဝင်ရောက်လာနိုင်တာပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့စိတ်ခိုင်မာနေ ရင် ကိုယ့်စိတ်ကို ထိခိုက်စေမယ့်အရာတွေက လွယ်လွယ်မဝင်နိုင်ပါဘူး။

–         ကိုယ်အဆင်မပြေတော့ဘူးထင်ရင် အဲ့ဒီအရာကို ပြေလည်အောင်ဖြေရှင်းမယ်။

–         ကိုယ်နေရတာ မပျော်တော့ဘူးထင်ရင် ပျော်မယ်ထင်တဲ့အရာလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ပြန်ကြိုးစားမယ်။

–         ကိုယ့်စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေမြင်ရင် ရှောင်ကွင်းသွားမယ်။

–         ကိုယ်ပင်ပန်းနေပြီထင်ရင် အနားယူဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးမယ်။

–         တခြားသူတွေနဲ့လိုက်နှိုင်းယှဉ်ပြီး စိတ်ပင်ပန်းနေစရာမလိုအောင် ကိုယ်တန်ဖိုးထားတဲ့အရာတွေနဲ့ ကိုယ့်စိတ်ကိုယ် တည်ဆောက်ထားမယ်။

အဲ့ဒီလိုလေးတွေနဲ့ ဂရုစိုက်ပေးပြီး ကိုယ့်ကိုယ်ကိုယ်ချစ်စိတ်ကို ခိုင်မာအောင်တည်ဆောက်ထားနိုင်ရင် ပြင်ပက စိတ်ဖိစီးမှုတွေ အလွယ်တကူဝင်ရောက်လာဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ဘယ်အခြေအနေ၊ ဘယ်အ ချိန်အခါရောက်ရောက် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ အရေးအကြီးဆုံးပါပဲ။

သင်ကော… သင့်ကိုယ်သင် တကယ်ချစ်တတ်ပြီလား။