အသက်ကြီးလာခြင်းနဲ့ ရင့်ကျက်ခြင်းဟာ တိုက်ရိုက်အချိုးကျသလား။

blank

ရင့်ကျက်လာခြင်းဆိုတာ အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ရင့်ကျက်တယ်ဆိုတာ ကိုယ်ပြောတဲ့စကားလုံးတွေ၊ အပြုအမူတွေအားလုံးအတွက် တာဝန်ယူနိုင်ခြင်းပါ။

ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်တယ်ဆိုတာ သိရှိလာတဲ့တစ်နေ့ဟာ ရင့်ကျက်လာတဲ့နေ့ပါပဲ။ ရင့်ကျက်ခြင်းဆိုတာ လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားသိရှိပြီး ကိုယ့်ခံစားချက်တွေကိုလည်း သိုဝှက်မထားတတ်ခြင်းပါ။

ကိုယ်ဟာ ဘယ်သူပါလို့ လူအများရှေ့မှာ ဝံ့ဝံ့ကြွားကြွား ထုတ်ပြောရဲတဲ့တစ်နေ့ဟာ ရင့်ကျက်မှုဆုံးခန်းတိုင်တဲ့နေ့ပါပဲ။

သင်ကော ရင့်ကျက်ပြီလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။