သရုပ်ပျက်ဝတ်စားဆင်ယင်မှ သင်္ကြန်ရေကစားရတာ ပျော်စရာကောင်းမှာလား။

blank

           “တူးပို့” သီချင်းသံတွေနဲ့အတူ အားလုံးရင်ခုန်မျှော်လင့်နေကြတဲ့ သင်္ကြန်ရေသဘင်ပွဲတော်ကိုတော့ ရောက်ရှိလို့လာပြန်ပါပြီ။ သင်္ကြန်မတိုင်ခင် ဧပြီလရောက်ပြီဆိုကတည်းက တစ်နိုင်ငံလုံး ကျေးလက်တောရွာပါ မကျန် ပျော်စရာသင်္ကြန်အတွက် မျှော်လင့်နေကြပါပြီ။ အရင်ခေတ်တွေတုန်းကတော့ သင်္ကြန်ဆိုရင် ပျိုဖြူလေး တွေက တူညီဝတ်စုံ၊ ငွေဖလား၊ ပိတောက်ပန်းလေးတွေနဲ့ ရွှေခြေကျင်းတွေကို သင်္ကြန်ဖက်ရှင်အနေနဲ့ တရှိုက် မက်မက် ဝတ်ဆင်ကြပါတယ်။

မြန်မာသံစဉ်သင်္ကြန်သီချင်းလေးတွေနဲ့ သင်္ကြန်အကဖျော်ဖြေပြီး ရေပက်ကစား ကြသူတွေကလည်း အေးအေးဆေးဆေးနဲ့  အတာရေသဘင်ပွဲကို ဆင်နွှဲလေ့ရှိခဲ့ကြတယ်။ အင်္ဂလိပ်ကပြားတွေ၊ ဘိုဆန်ဆန်နေတတ်တဲ့ မြန်မာလူမျိုးတွေကအစ သင်္ကြန်မှာတော့ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်ပြီး မြန်မာ့ရိုး ရာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နောက်တော့ တဖြည်းဖြည်းခေတ်မီတိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုဓလေ့တွေကလည်း ပြောင်းလဲ လာပါတယ်။ အပြောင်းအလဲတစ်ခုရဲ့နောက်မှာ အကောင်းအဆိုးတွေဒွန်တွဲလိုက်ပါလာပါတယ်။ အသိသာဆုံး ကတော့ ဝတ်စားဆင်ယင်မှုပါပဲ။ ဖက်ရှင်ဆိုတာ ခေတ်နဲ့အညီလိုက်ပါပြောင်းလဲရတာဓမ္မတာမို့ အပြစ်မဆိုသာ ပေမယ့် သရုပ်ပျက်ဝတ်စားဆင်ယင်တာကတော့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နဲ့ မလိုက်ဖက်တာ အမှန်ပါပဲ။ အေး ချမ်းပါစေ၊ သာယာပျော်ရွှင်ပါစေဆိုတဲ့ အတိတ်နိမိတ်နဲ့ ရေပက်ကစားကြတဲ့ အတာသင်္ကြန်ပွဲတော်ဟာ အများ အမြင်မသင့်တော်တဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်တာ၊ အရက်သေစာသောက်စားပြီး အများပြည်သူ စိတ်အ နှောင့်အယှက်ဖြစ်အောင် ရမ်းကားတာ၊ ဆေးခြောက်မှီဝဲတာစတာတွေကြောင့် အကျည်းတန်လာရပါတယ်။ အ လည်အပတ်လာတဲ့ နိုင်ငံခြားသားဧည့်သည်တွေပါ ပါဝင်ကစားကြတာမို့ မြန်မာ့ယဉ်ကျေးမှုပုံရိပ်ကိုပါ ထိခိုက်မှာ စိုးရပါတယ်။

ခေတ်မီတာက ကောင်းတဲ့အရာဖြစ်ပါတယ်။ ခေတ်ဆန်တာလည်း ကောင်းပါတယ်။ ခေတ်လွန်တာ ကတော့ ခေတ်ကိုဆန့်ကျင်ပြီး ယဉ်ကျေးမှုကိုပါ ကျော်လွန်သွားတာမို့ မြန်မာ့ယဉ်ကျေးမှုကို ချစ်တယ်ဆိုရင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲမှာ ဝတ်စားဆင်ယင်မှုကိုလည်း ဂရုစိုက်သင့်တာ အမှန်ပါပဲ။

ခေတ်မီခြင်းနဲ့ပဲ မင်္ဂလာရှိတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ကြိုဆိုနိုင်ကြပါစေ သူငယ်ချင်းတို့ရေ…။

အပြုသဘောဆောင်တဲ့အတွေးအခေါ်လေးတွေ ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။