အကောင်းမြင်အတွေးတွေဟာ သင့်ဘဝကို ဘယ်လိုပြောင်းလဲပေးနိုင်မလဲ

blank
စာချစ်သူတို့ရေ…….

ဘဝဆိုတာ သင့်စိတ်ကြိုက်ဖြတ်သန်းလို့ရပါတယ်။ သင် ဘယ်လိုလူဖြစ်ချင်လဲ၊ ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ၊ ဘယ်လိုစဉ်းစားချင်လဲဆိုတာ ဆုံးဖြတ်ပါ။ သင့်ကမ္ဘာကြီးကို အကောင်းဘက် ပြောင်းလဲလာဖို့ အဆိုးတွေကို ကျော်လွန်ပြီး အကောင်းတွေကို ရွေးချယ်ပါ။ ဒါကြောင့် အကောင်းမြင်အတွေးတွေရဲ့ အားသာချက်တွေအကြောင်း ပြောပြထားတဲ့ ဒီဒဿနတွေနဲ့ သင့်ပျော်ရွှင်မှုကို ရှာဖွေပါ။

၁။ “ သင့်အတွေးတွေကို ပြောင်းလဲပစ်ပါ။ သင့်ကမ္ဘာကြီးကို သင်ကိုယ်တိုင်ပြောင်းလဲနိုင်ပါလိမ့်မယ် ”

နော်မန်ဗင်ဆန်ပီးရယ် (Norman Vincent Peale)

၂။ “ တိုးတက်မှုသေချာအောင် သင်ကိုယ်တိုင်လုပ်နိုင်တယ်ဆိုတာ လောကကြီးရဲ့တစ်ခုတည်းသော ရှုထောင့်ပါ ”

အော်ဒယ်ဟက်စလေ (Aldous Huxley)

၃။ “ လူအများစုဟာ သူတို့မှာဘာမှမရှိဘူးလို့ တွေးတောမိကြတဲ့အခါ သူတို့ရဲ့ခွန်အားတွေကို လက်လျှော့ပစ်တတ်ကြပါတယ် ”

အဲလစ်ဝေါကာ (Alice Walker)

၎။ “ စကားပြောတဲ့အခါ သင်လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကို သင့်စိတ်ကြိုက်ပြောလို့ရပါတယ် ”

ဟင်နရီဖို့ဒ် (Henry Ford)

၅။ “ သင်ဘယ်လိုလူဖြစ်လာမလဲ၊ ဘယ်လိုပျော်ရွှင်မလဲဆိုတာတွေအတွက် သင့်တစ်ယောက်ထဲမှာသာ တာဝန်ရှိပါတယ် ”

ရေချယ်ဟောလစ် (Rachel Hollis)

၆။ “ သင်မကြိုက်တဲ့အရာတွေရှိရင် ပြောင်းလဲပစ်ပါ၊ သင်မပြောင်းလဲနိုင်တာတွေရှိရင် ပြောင်းလဲနိုင်မယ့်နည်းလမ်းရှာပြီး ပြောင်းလဲပစ်ပါ ”

မယ်ရီအန်ဂယ်ဘရိုက် (Mary Engelbreit)

၇။ “ ယောက်ျားတစ်ယောက်ဟာ လောကကြီးမှာ သူ့နှလုံးသားနဲ့ ဘာတွေကိုလုပ်ဆောင်နေလဲဆိုတာကို မြင်ပါတယ် ”

ဂျိုဟန်ဝို့ဖ်ဂန်းဗွန်ဂို့သယ် (Johann Wolfgang von Goethe)

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ “ အတွေးတွေထက် ကျော်လွန်ပြီး လုပ်နိုင်တဲ့အရာမရှိတဲ့အတွက်  ကောင်းမွန်တဲ့အတွေးတွေနဲ့ သင့်စိတ်ကို ရင့်ကျက်အောင်လုပ်ပါ ”

ဘန်ဂျမင်းဒစ်ရယ်လီ (Benjamin Disraeli)

၉။ “ ဘဝဟာ တန်ဖိုးရှိတဲ့နေထိုင်မှုတစ်ခုဖြစ်ပြီး သင့်ယုံကြည်ချက်က သင့်ဘဝကောင်းမွန်အောင် ဖန်တီးပေးဖို့ ကူညီနိုင်တယ်ဆိုတာ ယုံကြည်ပါ ”

ဝီလျံဂျိမ်း (William James)

၁ဝ။ “ ပျော်ရွှင်စရာကောင်းတဲ့ အတွင်းနေရာတစ်နေရာကို ရှာဖွေပါ၊ ပျော်ရွှင်မှုတွေက နာကျင်မှုတွေကို ဖယ်ရှားပေးပါလိမ့်မယ် ”

ဂျိုးစက်ကမ်းဘဲလ် (Joseph Campbell)

၁၁။ “ အကောင်းမြင်အတွေးသမားတစ်ယောက်ဟာ မမြင်နိုင်တာတွေကို မြင်နိုင်တယ်၊ ထိတွေ့ကိုင်တွယ်လို့မရတာတွေကို ခံစားနိုင်တယ်၊ မဖြစ်နိုင်တာတွေကို ရရှိနိုင်ပါတယ် ”

ဝင်စတန်ချာချေး (Winston Churchill)

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။