လိုက်နာဖို့ခက်ခဲပေမဲ့ ဘဝအတွက် တည်ဆောက်သင့်တဲ့အမူအကျင့်များ

blank

၁။ မသိတာတွေကို မေးပါ။

နေရာတိုင်းမှာ မေးခွန်းထုတ်ဖို့ကြိုးစားရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ သိသင့်တာတွေကို သိလာနိုင်သလို အခြားသူတွေရဲ့ခံစားချက်ကိုလည်း သိရှိနိုင်ပါတယ်။

၂။ ရိုးသားပါ။

အရာရာတိုင်းမှာ အမြဲတမ်းရိုးသားသူတစ်ယောက်ဖြစ်အောင် နေထိုင်ကျင့်ကြံရတာ လွယ်ကူ တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ရိုးသားမှုက ဘဝကို တန်ဖိုးအရှိဆုံးဖြစ်လာစေပါတယ်။

၃။ နံနက်စောစောထပါ။

လူအများစု နားနေအိပ်စက်နေကြတဲ့ နံနက်စောစောမှာ အိပ်ရာထဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ တစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ နံနက်စောစောထခြင်းက တစ်နေ့တာလုံးကို ကသီလင်တမဖြစ်စေဘဲ အ လုပ်တွေ အောင်မြင်ပြီးမြောက်စေပါတယ်။

၎။ ပြန်အမ်းငွေတွေကို သေချာသိမ်းပါ။

ဈေးဝယ်ထွက်တဲ့အခါ ပြန်အမ်းတဲ့ငွေအကြွေတွေကို သေချာဂရုစိုက်သိမ်းဖို့ဆိုတာ အလေ့အ ကျင့်မရှိသူအတွက် ခက်ပါတယ်။ ဒါပေမဲ့ သိမ်းထားတဲ့ငွေအကြွေတွေများလာတဲ့အခါ ကြီးမားတဲ့ပမာ ဏဖြစ်လာပြီး လိုအပ်တဲ့နေရာတွေမှာ ပြန်သုံးစွဲနိုင်ပါတယ်။

၅။ အစားအသောက်နဲ့ လေ့ကျင့်ခန်းညီမျှမှုရှိပါ။

တစ်နေ့တာစားထားသမျှ ကယ်လိုရီပမာဏတွေကို ပြန်လည်လျှော့ချဖို့အတွက် လေ့ကျင့်ခန်း လုပ်ရတာက လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းအားဖြင့် အမြဲကျန်းမာလှပတဲ့ဘဝ ကို ပိုင်ဆိုင်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အာဟာရဖြစ်စေတဲ့အစားအစာကိုပဲ စားပါ။

အာဟာရဖြစ်စေတဲ့အစားအစာတွေကိုပဲ အမြဲစားဖို့ဆိုတာ လိုက်နာဖို့ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ပြီးတော့ အာဟာရဖြစ်စေတဲ့ သဘာဝသစ်သီးတွေကလည်း ဈေးကြီးလှပါတယ်။ ဒါပေမဲ့ ဒီအချက်ကို လိုက်နာခြင်းအားဖြင့် ရေရှည်မှာ ကျန်းမာရေးကောင်းမွန်စေသလို၊ ကျန်းမာရေးချူချာလို့ ငွေကုန်ကြေးကျများရမယ့်အဖြစ်ကနေ ရှောင်လွှဲပြီးသားဖြစ်စေပါတယ်။

၇။ လူအများရှေ့မှာ စကားထွက်ပြောတဲ့အလေ့အကျင့်လုပ်ပါ။

အလေ့အကျင့်မရှိသူအတွက်တော့ လူအများရှေ့မှာ စကားထွက်ပြောဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအလေ့အကျင့်က ဘဝအောင်မြင်မှုအတွက်လိုအပ်တဲ့စကား ပြောစွမ်းရည်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။

၈။ ရည်ရွယ်ချက်ကို ပြီးမြောက်တဲ့အထိ ဆောင်ရွက်ပါ။

ချမှတ်ထားတဲ့ရည်ရွယ်ချက်ကို ပြီးမြောက်အောင်မြင်တဲ့အထိ ဆောင်ရွက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအလေ့အထက ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားနိုင်စေတဲ့ ဇွဲ၊ လုံ့လနဲ့ ဝီရိယတွေကို တည်ဆောက်ပေးနိုင်ပါတယ်။

၉။ တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ အကောင်းဆုံးဖြစ်အောင်လုပ်ပါ။

လုပ်စရာတွေအများကြီးထဲက တစ်ခုချင်းစီကို လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါ ဘူး။ ဒါပေမဲ့ ဒီအလေ့အထက အလုပ်တွေကို အပြည့်အဝအာရုံစိုက်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ရလဒ် တွေကို ရရှိစေနိုင်ပါတယ်။