အောင်မြင်တဲ့ဘဝအတွက် မဖြစ်မနေကျော်ဖြတ်ရမယ့် လှေကားထစ် ၁ဝ ခု

blank
၁။ ကြောက်ရွံ့ခြင်း။

လုပ်ငန်းတွေစတင်ဖို့၊ ချဲ့ထွင်ဖို့၊ စွန့်စားဖို့ကိုတော့ သင်ကြိုက်တယ်။ ဒါပေမဲ့ တကယ့်လက် တွေ့မှာ အရှုံးကို ရင်မဆိုင်ရဲတဲ့အကြောက်တရားကို သင်မတွန်းလှန်နိုင်ဘူး။ အကြောက်တရားက သင့်ကိုယ်ထဲမှာ စွဲမြဲနေတယ်။ ဒါကြောင့် စိတ်ကူးထဲမှာပဲ နစ်မြောနေတာကို ရပ်လိုက်ပါ။ အသက်ဝဝ ရှူပါ။ စိတ်ချမ်းသာအောင်နေပါ။ အကြောက်တရားကို ရွေ့အောင်တွန်းပြီး ရှေ့ဆက်တိုးနိုင်မယ့်နည်း လမ်းကို ရှာဖွေလိုက်ပါ။

၂။ ထိုးဖောက်ထွက်ဖို့ ကျဆုံးခြင်း။

တခြားသူဆီက အကြံဉာဏ်ကောင်းတွေကို လက်ခံရတာကို သင်ကြိုက်ပါတယ်။ ဒါပေမဲ့ တ ကယ်လက်တွေ့မှာ မလုပ်ဖြစ်ပါဘူး။ နားထောင်ချင်ယောင်ဆောင်ပြီး တကယ်မလုပ်ဘဲနဲ့ သင့်ကိုယ် သင်အမြဲအရူးလုပ်မိတယ်။ အကြံဉာဏ်တွေဆိုတာ စိတ်ထဲရှိရုံနဲ့ တကယ်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ ကြောင့် နားလည်းထောင်၊ တကယ်လည်း ကြိုးစားကြည့်လိုက်ပါ။

၃။ ဦးတည်ချက်မရှိခြင်း။

သင်လုပ်နေတဲ့အလုပ်က ဘာအတွက်လုပ်နေတယ်။ ဘယ်လောက်အရေးကြီးတယ်။ ဘယ်ကို ဦးတည်နေတယ်ဆိုတာ သင်မသိဘူး။ လမ်းပျောက်နေသလို ခံစားမှုက သင့်ကို မပျော်ရွှင်စေတဲ့ အ ကြောင်းရင်းပါ။ ဒါကြောင့် သေချာတဲ့ဦးတည်ချက်ကို ချမှတ်ပါ။ ရောက်အောင်သွားမယ့် အစီအစဉ် တွေကိုဆွဲပါ။

၎။ အတိုင်းအတာမရှိခြင်း။

သင့်လုပ်ဆောင်ချက်တွေမှာ အတိုင်းအတာမရှိဘူး။ အဲ့ဒါကို မတိုင်းတာနိုင်ရင် သင်တိုးတက် တာကိုလည်း ဘယ်လိုမှသိနိုင်မှာ မဟုတ်ပါဘူး။ တိုးတက်မှုမရှိရင် သင်လည်း ကြီးပွားအောင်မြင်မှာ မ ဟုတ်ပါဘူး။ ဒါကြောင့် သင့်အောင်မြင်မှုအတွက် အတိုင်းအတာကို သတ်မှတ်လိုက်ပါ။

၅။ ခံယူချက်ချင်းဆန့်ကျင်ဖက်လူတွေနဲ့ သင့်ကိုယ်သင်ဝန်းရံထားခြင်း။

သင့်ဝန်းကျင်မှာ သင်နဲ့ခံယူချက်ချင်းဆန့်ကျင်ဖက်ဖြစ်နေတဲ့လူတွေနဲ့ ဝန်းရံထားရင် သင့်စိတ် ချမ်းသာမှုကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ သင့်ရည်မှန်းချက်ကို တွန်းအားပေးကူညီမယ့်သူ တွေကိုသာ ရှာဖွေလိုက်ပါ။ သူတို့တွေက သင့်ကို ပျော်ရွှင်စေလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ သင့်ကိုယ်သင်ယုံကြည်မှုအားနည်းခြင်း။

သင့်စိတ်ထဲမှာ သင်မလုပ်နိုင်ဘူးဆိုတာကိုပဲ အမြဲတမ်းတွေးနေတယ်။ သင့်ရဲ့အရည်အသွေး တွေ၊ သင့်ကိုယ်သင် ယုံကြည်မှုမရှိဘူးဆိုရင် တခြားသူတွေကို သင်ဘယ်လိုမျှော်လင့်နိုင်မှာလဲ။ သင် က အောင်မြင်မှုနဲ့ ထိုက်တန်သူပါ။ အဲ့ဒါကို ယုံကြည်ပါ။ သင့်ကိုယ်သင်ယုံကြည်မှုကို တည်ဆောက်ပါ။ အပျက်သဘောဆောင်တဲ့အတွေးတွေကို အပြီးအပိုင်နှုတ်ဆက်လမ်းခွဲလိုက်ပါ။

၇။ ပြီးပြည့်စုံမှုကိုပဲ စောင့်ဆိုင်းနေခြင်း။  

သင်က အရာရာကို ပြီးပြည့်စုံခြင်းကနေ စတင်ချင်တယ်။ မပြည့်စုံရင် စောင့်ဆိုင်းနေတယ်။ စောင့်ဆိုင်းခြင်းက အချိန်ဆွဲခြင်းပဲဖြစ်ပါတယ်။ အချိန်ဆွဲတာကြာလာတဲ့အခါ အိပ်မက်က ပျက်ပြယ် သွားပါတယ်။ တကယ်တမ်းက ပြီးပြည့်စုံတဲ့လူ၊ ပြီးပြည့်စုံတဲ့အချိန်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဒါကြောင့် အချိန်တွေကို မဖြုန်းတီးဘဲ လက်ရှိနေရာကနေသာ ခြေလှမ်းစတင်လိုက်ပါ။

၈။ ယုတ္တိကင်းမဲ့တဲ့အကြောင်းပြချက်တွေရှိနေခြင်း။

သင်က သင့်အကြောင်းပြချက်တွေကို ဆင်ခြေတွေလို့ မထင်ပါဘူး။ တကယ်တမ်းကျတော့ အ ကြောင်းပြချက်တွေဆိုတာ စကားလုံးလှလှသုံးထားတဲ့ဆင်ခြေတွေပါပဲ။ ဒါကြောင့် ယုတ္တမရှိတဲ့ အ ကြောင်းပြချက်တွေနဲ့ သင့်ကိုယ်သင်ဆင်ခြေပေးနေမိတာတွေကို ရပ်လိုက်ပါ။ သင့်ရဲ့ဇွဲသတ္တိတွေနဲ့ ကြိုးစားလိုက်ပါ။

၉။ တစ်စုံတစ်ယောက်ထံက ထောက်ခံအားပေးမှုကို စောင့်မျှော်နေခြင်း။

သင်ဖြစ်ချင်တဲ့ဘဝ၊ သင်ရချင်တဲ့အောင်မြင်မှုအတွက် တစ်စုံတစ်ယောက်ဆီက ခွင့်ပြုချက် တောင်းခံဖို့ စောင့်ဆိုင်းနေတယ်ဆိုတာ သင့်ကို တုံ့ဆွဲထားတဲ့အရာပါ။ ဒါကြောင့် သင့်ကိုယ်သင် စစ်မြေပြင်ရောက်နေသူလိုသဘောထားပြီး သင့်ရှင်သန်မှုအတွက်ကြိုးစားသလိုသာ ကြိုးစားလိုက်ပါ။

၁ဝ။ တီထွင်ဖန်တီးဖို့ မရဲဝံ့ခြင်း။

ရဲရင့်မှုနဲ့ တီထွင်ဖန်တီးမှုဆိုတာ ကြွက်သားတွေနဲ့တူပါတယ်။ သင့်ကြွက်သားတွေက ကြုံလှီနေ ကြတယ်။ နေ့စဉ်တီထွင်ဖန်တီးမှုတွေ၊ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ သင့်ကြွက်သားတွေကို လေ့ကျင့် တည်ဆောက်ရာရောက်ပါတယ်။ အမှားတွေပြုလုပ်မိရင်လည်း စိတ်မပူပါနဲ့။ အဲ့ဒါတွေက သင့်ဘဝကို ပိုမိုသန်မာလာစေမယ့် အကြောင်းရင်းပါ။

စိတ်ဓာတ်ခွန်အားလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။