ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူအများရဲ့ ချစ်ခင်လေးစားမှုကို ဘယ်လိုရယူမလဲ

blank

၁။ အကြင်နာတရားလက်ကိုင်ထားပါ။

လက်တွဲဖော်၊ သားသမီး၊ လုပ်ဖော်ကိုင်ဖက်၊ တွေ့သမျှလူအားလုံးကို ချိုသာစွာဆက်ဆံပါ။ ဒီလိုလုပ်ဖို့က ပြောရလွယ်ပေမဲ့ လုပ်ရခက်ပါတယ်။ အထူးသဖြင့် စိတ်ညစ်နေတဲ့ နေ့ရက်တွေမှာပေါ့။ ဒါပေမဲ့ ကြင်နာချိုသာစွာ ဆက်ဆံကြည့်ပါ။ သူများတွေလည်း သင့်ကို လေးစားပါလိမ့်မယ်။

၂။ လေးစားမှုရှိစွာ ပြုမူဆောင်ရွက်ပါ။

စကားဖြတ်ပြောတာ၊ ပြောတဲ့စကားကို နားမထောင်ဘဲ ဖုန်းထိုင်သုံးနေတာ၊ ဒီလို မလေးမစားလုပ်ရပ်တွေကို သင်မကြိုက်ဘူးမဟုတ်လား။ သင်မကြိုက်ရင် သူများလည်း ကြိုက်မှာမဟုတ်ပါဘူး။ သင်က အပြုအမူတိုင်းမှာ လေးလေးစားစားဆက်ဆံရင် အများကလည်း သင့်ကို လေးစားပါလိမ့်မယ်။

၃။ ကောင်းကောင်းနားထောင်ပါ။

တစ်ဖက်လူပြောတာကို စိတ်ရင်းနဲ့ နားထောင်ပေးမယ်ဆိုရင် တစ်ဖက်လူ ဘာပြောချင်တယ်ဆိုတာကို သိနိုင်ပါတယ်။ နားထောင်နိုင်ခြင်းစွမ်းရည်ကို မြှင့်တင်မယ်ဆိုရင် သင်က တခြားသူတွေအတွက် အလေးထားစရာ၊ အားကိုးစရာ လူတစ်ယောက် ဖြစ်လာမှာပါ။

၎။ အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

ဘယ်သူပဲ အကူအညီလိုလို တတ်နိုင်သလောက်ကူညီပေးနိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ။ ပြီးတော့ နေရာတိုင်းမှာ အသုံးဝင်တဲ့သူဖြစ်အောင်လုပ်ပါ။ ဘယ်သူမှ သတိမပေးရဘဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်နိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဆင်ခြေပေးတာတွေကို ရှောင်ပါ။

သင်နောက်ကျတယ်ဆိုတာ သင့်ဘက်က အချိန်ကို ကောင်းကောင်းမစီမံနိုင်လို့ပါ။ သင့်အမှားတွေကို ကိုယ်တိုင်သိပြီး ပြင်နိုင်အောင် ကြိုးစားပါ။ ဆင်ခြေပေးတဲ့သူကို ဘယ်သူမှ မလေးစားပါဘူး။

၆။ ဒေါသစိတ်တွေကို လျှော့ပါ။

ဒေါသစိတ်တွေ၊ အငြှိုးတွေကို ဆုပ်ကိုင်ထားတာဟာ သင့်အတွက်ရော၊ တစ်ဖက်လူအတွက်ပါ မကောင်းပါဘူး။ ပြီးတော့ စိတ်ထဲမှာ ဒေါသတွေထွက်နေရင် မျက်နှာမှာ ဒေါသအငွေ့တွေဟပ်ပြီး သူများလေးစားချင်စရာကောင်းမှာ မဟုတ်ပါဘူး။

၇။ ပြောင်းလဲလိုစိတ်မွေးပါ။ လိုက်လျောညီထွေဖြစ်အောင် နေပါ။

ခေါင်းမာပြီး ပြောရခက်တဲ့ ဘုကန့်လန့်သမားတွေကို ဘယ်သူကများလေးစားလို့လဲ။ တစ်ခုခုဖြစ်လာရင် ခေါင်းမမာဘဲ တစ်ဖက်သားဘက် မျှတွေးပေးပြီး အလျှော့ပေးသင့်ရင် အလျှော့ပေးပါ။ သင့်ဘက်က မေတ္တာစေတနာမှန်ရင် ရောင်ပြန်ဟပ်ပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။