“ယောက်ျားလည်တာ မိန်းမအိပ်နေသလောက်ပဲ ရှိပါတယ်။” ဆိုတဲ့အတိုင်း ကတ်စေးနည်းတဲ့ ခင်ပွန်းကို ပညာပေးခဲ့တဲ့ အမျိုးသမီး

blank

တစ်ခါက သိပ်ကိုချမ်းသာတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ သူချမ်းသာကြွယ်ဝလာတာဟာ အလဟဿတော့ မဟုတ်ဘူး။ သူကငွေအရှာကောင်းသလို သိပ်ကိုကတ်စေးနည်းတဲ့သူတစ်ယောက်ပါ။  သူကတစ်ပြားကနေ နှစ်ပြားဘယ်လိုခွာရမလဲ စဉ်းစားနေတတ်သလို သူ့ငွေတွေကို ဇနီးသည်ထက်တောင် ငွေတွေကို ပိုချစ်တယ်လို့ ပြောစမှတ်ပြုရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ သူက သူ့ရဲ့ဇနီးကိုခေါ်ပြီး…

“မိန်းမရေ… ကိုယ်ကကိုယ့်ပိုက်ဆံတွေကို သိပ်ချစ်တာမင်းသိပါတယ်။ ကိုယ်တစ်သက်လုံး ကြိုးစားပန်းစားရှာထားပြီး မစားရက်မသောက်ရက်စုထားတဲ့ ငွေတွေကို ကိုယ်သေသွားရင် ဒီတိုင်းမထားခဲ့ချင်ဘူး။ ကိုယ်သေသွားရင် ကိုယ့်ပိုက်ဆံတွေကို အခြားလူတွေ ဗုံးပေါလအော သုံးပစ်ကြလိမ့်မယ်ဆိုတဲ့ အတွေးကကိုယ့်ကို နေ့တိုင်းနှိပ်စက်နေတယ်။ ဒါ့ကြောင့်လေ ကိုယ်သေသွားရင် ကိုယ့်ရဲ့သင်္ဂြိုဟ်စရိတ်သုံးပြီး ကျန်တဲ့ ပိုက်ဆံတွေးအားလုံးကို ကိုယ်နဲ့တစ်ပါတည်းထည့်ပေးလိုက်ပါနော်။ ကိုယ်အသေဖြောင့်ချင်လို့ပါ” လို့ ကတိတောင်းလိုက်သတဲ့။

တစ်သက်လုံးကတ်စေးကုတ်တဲ့ ဒဏ်တွေကို ခံလာတဲ့ ဇနီးသည်ကလည်း

“စိတ်ချပါ ယောက်ျားရယ်… အကယ်၍ ကျွန်မထက်အရင်ရှင်များသေသွားခဲ့ရင် ရှင့်ပိုက်ဆံတွေကို အုတ်ဂူထဲသေသေချာချာလေးထည့်ပေးလိုက်ပါမယ်”လို့ ကတိအထပ်ထပ်ပေးရင်း ပြောလိုက်သတဲ့။ မကြာမီမှာပဲ အမျိုးသားဟာ သေဆုံးသွားတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အမျိုးသားရဲ့ အလောင်းကို မြေချတဲ့နေ့မှာ ဇနီးသည်က ဗူးတစ်ဗူးကို ယူလာပြီး

“ ယောက်ျားရေ… ရှင်မှာခဲ့သလိုပဲ ရှင့်ပိုက်ဆံတွေအားလုံးကို ရှင်နဲ့တစ်ပါတည်း ထည့်ပေးလိုက်တယ်နော်” လို့ပြောပြီး သူ့ယောက်ျားရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ရဲ့ ဘေးမှာ ဗူးကိုချပေးလိုက်သတဲ့။ အသုဘအခမ်းအနားပြီးသွားတဲ့အခါမှာ အမျိုးသမီးရဲ့သူငယ်ချင်းက သူ့အနားကိုလာပြီး “နင်ကလေ သိပ်ရူးတာပဲ။ သေသွားတဲ့သူကို ငွေတွေအကုန်လုံးပေးလိုက်တော့ နင်က ဘာလုပ်မှာလဲ။ သူကသေသွားပြီပြီ။ ငွေလည်းသုံးလို့မရတော့ဘူး။ နင်ကတော့ နင့်ဘဝကိုရှေ့ဆက်ဖို့ ငွေလိုတယ်လေဟာ။ နင့်အဲ့ဒီလို မထည့်ပေးသင့်ပါဘူး” လို့ အပြစ်တင်စကား ဆိုလိုက်သတဲ့။

အမျိုးသမီးကတော့ သူမရဲ့ သူငယ်ချင်းကို တစ်ချက်ပြုံးကြည့်ပြီး “ လူဆိုတာ ကတိတည်ရတယ်ဟ။ ငါက သူ့ငွေတွေအကုန်လုံးထည့်ပေးလိုက်မယ်လို့ ကတိပေးခဲ့တာလေ။ အဲ့ဒီအတိကို ငါတည်ခဲ့တယ်။ ဒါပေမဲ့ ငါက ငွေသားထည့်ပေးလိုက်မယ်လို့ ကတိပေးခဲ့တာမဟုတ်ဘူးလေဟာ” လို့ပြောပြီး စကားကို ခဏရပ်ထားသတဲ့။ နားထောင်နေတဲ့ သူမသူငယ်ချင်းကတော့ သူမကို စိတ်ဝင်တစားနားထောင်နေတာပေါ့။ တော်ရုံနဲ့ စကားပြန်မစတဲ့ သူမသူငယ်ချင်းကို အားမလိုအားမရဖြစ်ပြီး

“ ဒါဆိုနင်က ဘာလုပ်လိုက်တာလဲ” လို့ စိတ်မရှည်စွာ မေးလိုက်တော့တာပေါ့။

“ ငါသူပိုင်သမျှ တစ်ကျပ်တစ်ပြားအစ သူ့ကို ချက်ရေးပြီး ထည့်ပေးလိုက်တယ်လေ” တဲ့။

ဘယ်လောက်ပိုင်လိုက်တဲ့ အကြံလဲ။

ပြုံးရယ်လိုက်ရတယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။