ဘဝရဲ့ အဆုံးသတ်အထိ အဖော်ပြုပေးမယ့်သူ

ဘဝရဲ့ အဆုံးအထိအတူတူရှိပေးမယ်လို့ ကတိပေးခဲ့တဲ့သူတွေကလည်း

လမ်းခုလတ်မှာထားခဲ့ကြလိမ့်မယ်။

ဘယ်တော့မှ လမ်းမခွဲဘူးလို့ အာမခံထားတဲ့သူတွေကလည်း

လမ်းတစ်ဝက်မှာ ကျောခိုင်းထားခဲ့ကြလိမ့်မယ်။

နှလုံးသားကို ဂရုစိုက်ပေးဖို့ မျှော်လင့်ချက်ထားခဲ့သူတွေကလည်း

နှလုံးသားကို ကလေးကစားသလို  ပျောက်ရှနာကျင်စေခဲ့လိမ့်မယ်။

အမြဲတမ်းချစ်နေပါ့မယ် လို့ သစ္စာထားခဲ့သူတွေကလည်း

အချစ်တွေအစား နာကျည်းမှုတွေ ထားခဲ့ကြလိမ့်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝအတွက် အလိုအပ်ဆုံးလက်တစ်စုံကလည်း

ဒဏ်ရာဒဏ်ချက်တွေပေးခဲ့ကြလိမ့်မယ်။

အရာရာအားလုံးရဲ့ အဆုံးသတ်မှာ

ကျောက်စာလို ခိုင်မာတယ်ဆိုတဲ့ သစ္စာတွေ၊ ကတိစကားတွေက သမိုင်းလိုပဲ အနောက်မှာကျန်ခဲ့လိမ့်မယ်။

သိလာခဲ့တာက ဘာတွေပဲဖြစ်လာလာ၊ ဘာတွေပဲ ကြုံရကြုံရ

ကိုယ့်ဘေးမှာ ကျန်ခဲ့တာက ကိုယ်ပဲဆိုတာ…။

ကိုယ့်နဲ့အဆုံးထိလျှောက်မယ့် ခြေလှမ်းတွေဟာ ကိုယ့်ရဲ့ခြေထောက်တွေပဲဆိုတာ…။

ကိုယ့်ရဲ့ အကောင်းတွေအဆိုးတွေကို တိုက်ရိုက်ခံစားမယ့်သူက ကိုယ့်ရဲ့ နှလုံးသားပဲဆိုတာကိုပေါ့။

ဒါ့ကြောင့် မနက်ဖြန်တိုင်းမှာ ဘေးနားမှာ ရှိနေပေးမယ့် ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး ဂရုစိုက်ပြီး ချစ်ခြင်းတွေပေးဖို့မမေ့ပါနဲ့။

ဒီနေ့ကနေ နောက်ဆုံးနေ့အထိ သင့်အတွက် စစ်မှန်တဲ့ လက်တွဲဖော်က သင်ကိုယ်တိုင်ပါပဲ။ သင့်ကိုယ်တိုင်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်နိုင်မှသာ ဘေးနားကလူတွေကိုလည်း အကောင်းဆုံးအဖော်ပြုပေးနိုင်မှာပါနော်။