🏖️ကမ်းခြေမှာ ဓါတ်ပုံလှလှ ရိုက်ကြမယ်🏖️

🌊 မကြာခင်မှာ ရောက်ရှိလာတော့မယ့် သင်္ကြန်ကာလမှာ ကမ်းခြေကို သွားပြီး အနားယူအပန်းဖြေဖို့ စိတ်ကူးနေကြသူတွေအတွက် ဓာတ်လှလှဖမ်းနိုင်ဖို့ ကမ်းခြေပို့စ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။ 🌊
 
ဓာတ်ပုံရိုက်တိုင်း အမြဲတမ်း လက်နှစ်ချောင်းထောင်၊ သွားဖြီးပြီးပဲ ရိုက်နေဦးမှာလား။ ဒီလိုပို့စ်လေးတွေ ပြောင်းရိုက်ကြည့်လိုက်ရအောင်။
 

ဦးထုပ်လေးဆောင်း ချစ်သူနဲ့အတူ အကျီင်္ဆင်တူလေးတွေဝတ်ပြီး ဒီလိုပို့စ်လေးနဲ့ ဂေါ်လိုက်ပါ။

ဒီပို့စ်လေးကတော့ ဘော်ဒီကို ထုတ်ကြွားချင်သူလေးတွေ အကြိုက်ပေါ့။ 😉

အသည်းထဲထည့်ထားရလောက်အောင် လှနေတဲ့ နေဝင်ချိန်လေးပေါ့။ 😜

ကြိုးပုခက်လေးပေါ်ကနေ ခြေပစ်လက်ပစ်အနားယူပြီး သဘာဝပင်လယ်ကြီးအလှကို ငေးမောနေတဲ့ပို့စ်လေးကလည်း မရိုက်မဖြစ်ပါပဲနော်။

ဦးထုပ်လေးဆောင်းပြီး ဘေးကို ငေးမောနေတဲ့ပုံလေးက သင့်ကို ဆွဲဆောင်မှုပိုစေမှာပါ။

ဒါကတော့ အဆီလည်းကျ ပုံလည်းလှစေမယ့် ပို့စ်လေးတစ်ခုပေါ့။

ကျောက်ဆောင်တွေပေါ်မှာ အေးအေးလူလူ အနားယူရင်း ဒီလိုပို့စ်လေးလည်းရိုက်နို
င်ပါတယ်။

ဒါလေးကတော့ မှော်ဆန်ဆန်ပုံလေးထွက်လာစေမ
ယ့် ပို့စ်ပေါ့။

စိတ်တူကိုယ်တူ ခရီးသွားဖော်သူငယ်ချင်းတွေန
ဲ့ အတူရိုက်ထားတဲ့ Jump Pose လေးက သင့်ဘဝတစ်လျှောက်လုံးအတွက် အမှတ်ရစေမှာပါ။

မကြာခင်မှာ ကွယ်ပျောက်သွားတော့မယ့် နေမင်းကြီးကို ဒီလိုပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ပါ။

ဒါကတော့ သူငယ်ချင်းတွေနဲ့အတူ နေဝင်ချိန်ရဲ့ အလှအပကို ခံစားနေတဲ့ ပို့စ်လေးပေါ့။