အလုပ်တွေအမြဲကြိုးစားနေရလို့ ပင်ပန်းနေပြီလား။ သင့်ဘေးနားက ချစ်ရသူတွေကိုပဲ အရိပ် တကြည့်ကြည့်နဲ့ ဂရုစိုက်နေရလို့ သင့်ကိုယ်သင်မေ့ပြီး ခွန်အားတွေ လျော့နေပြီလား။ သူများကို ချစ်ပါ။ ဒါပေမဲ့ သင့်ကိုယ်သင်လည်း ချစ်ပါ။ သင်ကလည်း တခြားသူတွေလိုပဲ အချစ်တွေ၊ ဂရုစိုက်မှုတွေပေးဖို့ ထိုက်တန်တဲ့သူဆိုတာ အမြဲတမ်းသတိရနေပါ။ အလုပ်တွေများတဲ့သင့်အနေနဲ့…
၅ မိနစ်ပဲအချိန်ရမယ်ဆိုရင်…
– အသက်ဝဝရှူပါ။
– လဲလျောင်းပါ။
– လက်သည်းနီဆိုးပါ။
– မဂ္ဂဇင်းဖတ်ပါ။
– အပြင်ထွက်ထိုင်ပါ။
– ဘာမှမလုပ်ဘဲနေပါ။
၁၅ မိနစ်အချိန်ရတယ်ဆိုရင်…
– လမ်းလျှောက်ပါ။
– ရေချိုးပါ။
– စာအုပ်တစ်အုပ်ဖတ်ပါ။
– ခွေးနဲ့လမ်းလျှောက်ပါ။
– တရားထိုင်ပါ။
မိနစ် ၃ဝ အချိန်ရတယ်ဆိုရင်…
– သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပါ။
– စာအုပ်တစ်အုပ်ဖတ်ပါ။
– ယောဂလုပ်ပါ။
– ရေချိုးပါ။
– တရားထိုင်ပါ။
– လမ်းလျှောက်ပါ။
အချိန် ၁ နာရီထက်ပိုရတယ်ဆိုရင်…
– Gym သွားပါ။
– ပြေးပါ။
– ရေကူးပါ။
– ကော်ဖီဆိုင်သွားပါ။
– နေ့လယ်စာစားပါ။
– သူငယ်ချင်းတချို့နဲ့တွေ့ဆုံပါ။
– လမ်းလျှောက်ပါ။
– တစ်ရေးတစ်မောအိပ်ပါ။
– အနှိပ်ခံပါ။
ဒီနေ့ကစပြီး သင့်ကိုယ်သင်ဂရုစိုက်မှုတွေပေးနိုင်ဖို့ သင့်တစ်နေ့တာအချိန်တွေထဲက အချိန် လေးတွေ ဖယ်ထားလိုက်ပါနော်။ သင်ကော သင့်ကိုယ်သင်အတွက် တစ်ရက်ကို ဘယ်နှနာရီလောက် အချိန်ပေးဖြစ်လဲ။