ပြူးပြူးဝိုင်းဝိုင်း မျက်ဝန်းလေးတွေကို ပိုင်ဆိုင်ထားသူတွေ မကြာခဏကြုံရသည်များ

blank

၁။ တွေ့တဲ့လူတိုင်းက “ဒီကောင်မလေး ငါ့ကိုမြင်တိုင်း ဘာလို့မျက်လုံးပြူးကြည့်တာလဲ”လို့ အထင်ခံရတယ်။

၂။ ဖုန်တောထဲသွားရင် ဖုန်တွေက သူများတွေထက် ကိုယ့်မျက်လုံးထဲကို ဝမ်းသာအားရ ဝင်ကြပါလေရော။

၃။ သူငယ်ချင်းတွေကြားထဲမှာ “မျက်ပြူး၊ စိန်မျက်ပြူး” ဆိုပြီး နာမည်ဆန်းတွေနဲ့ လှောင်ပြောင်ခံရတယ်။

၎။ တစ်ခါတစ်လေများဆို မျက်လုံးပြူးတဲ့ ဟာသလူရွှင်တော်တွေနဲ့ တူတယ်ဆိုပြီး စကြနောက်ကြတယ်လေ။

၅။ ဒါပေမဲ့ ကိုယ့်ကို မြင်တဲ့သူတိုင်းက မျက်လုံးလေးတွေကို အရင်သတိထားမိတယ်တဲ့။

၆။ မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် မျက်နှာက ဆွဲဆောင်မှုရှိနေတာက ကိုယ့်အားသာချက်ပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ လူတိုင်းနဲ့ မလိုက်တဲ့ smoky eye ခြယ်တာတွေ၊ eye shadow ဆန်းဆန်းလေး ဆိုးတာတွေက ကိုယ်နဲ့ သိပ်လိုက်နေပြန်ရော။

၈။ ဘာမှ မခြယ်ဘဲ သဘာဝအတိုင်းလေးတောင် မျက်ဝန်းလေးက လှနေတတ်တော့ ဘယ်လိုပြောရမလဲနော်။

၉။ မျက်ကပ်မှန်တပ်ရင်လည်း မျက်လုံးမှေးတဲ့သူငယ်ချင်းတွေလို ခက်ခက်ခဲခဲတပ်နေစရာမလိုဘူး။ လွယ်လွယ်ကူကူ တပ်လို့ရတယ်လေ။

၁ဝ။ ကဗျာတွေ၊ စာတွေမှာ တင်စားကြတဲ့ သမင်မျက်လုံးဆိုတာ ကိုယ့်လို မျက်ဝန်းလေးတွေပေါ့။

ဒါကြောင့် “မျက်ပြူး”လို့ မခေါ်ပါနဲ့။ တကယ်တော့ ပြူးတာ မဟုတ်ပါဘူး။ လှပတဲ့ မျက်လုံးလေးတွေရဲ့နောက်မှာ မျက်ဝန်းအိမ်လေး မဆိုစလောက်လေးကျယ်နေတာပါ။

သင့်မျက်ဝန်းလေးတွေက ပြူးပြူးဝိုင်းဝိုင်းလေးဆိုရင် ဒီစာစောင်လေးကို ဂုဏ်ယူစွာနဲ့ SHARE လိုက်ပါ။ သင့်သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦး။