ကိုယ့်ပျော်ရွှင်မှုဆိုတာ ကိုယ့်ဘဝထဲမှာရှိနေတဲ့ လူတွေရဲ့လွှမ်းမိုးမှုတွေနဲ့ သက်ဆိုင်မှုရှိလား။

blank
Diverse people with negative emoticons using mobile phones

လူအများစုက “ပျော်ရွှင်မှု” ဆိုတာ ရွေးချယ်မှုတစ်ခုလို့ ဆိုကြပါတယ်။ ဒါပေမဲ့ အဲ့ဒီရွေးချယ်မှု ကို ပြုလုပ်ဖို့ဆိုရင် ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်ပေးနေ မယ့်အကောင်းမြင်သမားတွေရှိနေဖို့လည်း အရေးကြီးလှပါတယ်။

မှန်ပါတယ်။ လောကကြီးမှာ လူတစ်ယောက်ရဲ့ရွေးချယ်မှုဆိုတာ သူရှုင်သန်ကြီးပြင်းလာရာ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုနဲ့အဓိကသက်ဆိုင်နေပါတယ်။

လေ့လာတွေ့ရှိမှုတွေရဲ့အဆိုအရ အပြုသဘောဆောင်တဲ့လူမှုဆက်ဆံရေးကို ပိုင်ဆိုင်ခွင့်ရထားခြင်းဟာ တစ်သက်တာပျော်ရွှင်မှုအတွက် အကြီးမားဆုံးအထောက် အပံ့ကောင်းဖြစ်ပါတယ်။ မိမိကမ္ဘာထဲကို အပြုသဘောဆောင်တဲ့ ပုဂ္ဂိုလ်တွေ များသထက်များလာအောင် ဖိတ်ခေါ်ကြိုဆိုခြင်းက မိမိရဲ့ပျော်ရွှင်မှုကို ဖန်တီးဖို့ ရွေးချယ်တာနဲ့ အတူ တူပါပဲ။ အဲ့ဒီပုဂ္ဂိုလ်ဟာ မိမိရဲ့ဆရာသမားလည်းဖြစ်ချင်ဖြစ်မယ်။ အားကျအတုယူရတဲ့သူလည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် မိမိလေးစားနိုင်တဲ့ သာမန်လူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

အပြုသဘောဆောင်အတွေးအခေါ်ရှိသူတွေကြားမှာ ရှင်သန်နေထိုင်ခွင့်ရတဲ့လူတစ်ယောက် ဟာ ကျေးဇူးတရားတွေကို သိတတ်နားလည်ပါတယ်။ နေ့ရက်တိုင်းကို ပျော်ရွှင်မှုနဲ့ ရှင်သန်သလို အ လုပ်ကိုလည်း အကောင်းဆုံးလုပ်လေ့ရှိပါတယ်။ မိမိကိုယ်တိုင်လည်း တက်ကြွစွာနေထိုင်ပြီး တခြားသူ ကိုလည်း ကောင်းမွန်စွာ ဆက်ဆံလေ့ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့သူတွေများနေလား၊ အပျက်သဘော ဆောင်တဲ့သူတွေ များနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ ဘဝထဲက အဆိုးတရားတွေကိုပဲ အာရုံ စိုက်တတ်တဲ့လူတွေဟာ မိမိအပေါ်လည်း တူညီတဲ့အဆိုးမြင်စိတ်တွေနဲ့ပဲ ဆက်ဆံမှာပါ။ အဲ့ဒီလူတွေနဲ့ ဆက်စပ်ပြီး မိမိဘဝထဲကိုလည်း စိုးရိမ်ပူပန်ကြောင့်ကြမှုတွေက အမြဲလွှမ်းမိုးလာပါတယ်။ ဒါဆိုရင် ဘဝကလည်း ပျော်ရွှင်စရာမကောင်းတော့ပါဘူး။ အပျက်သဘောဆောင်တဲ့ အတွေးအခေါ်တွေကြား လွှမ်းမိုးခံနေရတဲ့သူတွေဟာ အရယ်အပြုံးနည်းပြီး တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေလည်း ချောမွေ့တာနည်းပါတယ်။ စိန်ခေါ်မှုကြုံတဲ့အခါ အကောင်းဘက်က တွေးပြီးကျော်လွှားဖို့ထက် အဆိုး ဘက်ကကြည့်ပြီး စိတ်ဖိစီးမှုကို ခံစားကြပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီလိုဝန်းကျင်တစ်ခုထဲက ရုန်းထွက် ပစ်သင့်ပါတယ်။ မိတ်ဆွေသူငယ်ချင်းဆိုရင်လည်း ခပ်ခွာခွာသာ ပေါင်းသင်းသင့်ပါတယ်။

ဂန္ထဝင်စာချစ်သူတို့ရေ…

လူတွေကတော့ “ ပျော်ရွှင်မှု” ဆိုတာ ရွေးချယ်မှုတစ်ခုလို့ ဆိုကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုပျော်ရွှင်မှုရရှိအောင် မိမိကိုယ်တိုင်ကလည်း အပြုသဘောဆောင်တဲ့ အတွေးအခေါ်ရှိတဲ့ ပတ် ဝန်းကျင်ကြားမှာ နေထိုင်ဖို့ လိုအပ်ပါသေးတယ်။ အထူးသဖြင့် ဘဝရဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်ကျော်လွှားနေရချိန်မှာ ဘဝအပေါ်အကောင်းမြင်စိတ်ရှိဖို့က အရေးကြီးလှပါတယ်။ ဒါ ကြောင့် မိမိတို့ဘဝ ပိုမိုပျော်ရွှင်အောင်မြင်စေဖို့ဆိုရင် အပြုသဘောဆောင်တဲ့ ပုဂ္ဂိုလ်တွေနဲ့သာ ဘဝ ကိုဝန်းရံဖို့ မမေ့ပါနဲ့နော်။

အပြုသဘောဆောင်တဲ့စာစောင်လေးကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။