ကိုယ်ဝန်ဆောင်မိခင်တွေအတွက် နွေရာသီကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့နည်းလမ်းများ

blank

ကိုယ်ဝန်ဆောင်ထားချိန်တွေမှာ စိတ်ရောကိုယ်ပါ အေးအေးချမ်းချမ်းလေး နေသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကိုယ်ခန္ဓာအပူချိန်တိုးလာတတ်ပါတယ်။ နွေရက်တွေမှာဆို ရာသီဥတုပူပြီး နေရထိုင်ရ မသက်မသာဖြစ်တတ်တာကြောင့် ခန္ဓာကိုယ်ကို အေးနေအောင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ဒီတော့ ပူပြင်းတဲ့နွေရက်တွေမှာ ကိုယ်ဝန်သည်တွေ နေရထိုင်ရသက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ရေများများသောက်ပါ။

နွေရာသီကြောင့် ရေဓာတ်ဆုံးရှုံးတာတွေ၊ ကိုယ်ဝန်ကြောင့် ဆီးခဏခဏသွားတာတွေကြောင့် ရေများများသောက်သင့်ပါတယ်။ ရေဓာတ်ချို့တဲ့ရင် သန္ဓေသားအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၂။ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ဆင်ခြင်ပါ။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာ ဘယ်လိုကောင်းကျိုးမှမရှိပါဘူး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာပေါ့။ နေရောင်ခြည်ကြောင့် အော့အန်မူးဝေတာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ ရေဓာတ်ဆုံးရှုံးခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ခြေလက်တွေကိုလည်း ဖောရောင်စေပါတယ်။ နေပူထဲမထွက်မိအောင် တတ်နိုင်သမျှဆင်ခြင်ပါ။

၃။ အာဟာရမျှတပြည့်ဝအောင် စားသုံးပါ။

ရေဓာတ်နဲ့ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေ များများစားပါ။ သကြားပါဝင်မှုနည်းတဲ့ သစ်သီးဖျော်ရည်လေးတွေ သောက်ပေးပါ။ အစားအစာကို နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ပွချောင်ပြီး အေးတဲ့ အဝတ်အစားတွေဝတ်ပါ။

အရောင်ဖျော့တဲ့ ချည်သားအင်္ကျီပွပွလေးတွေက နွေရာသီမှာ ကိုယ်ဝန်ဆောင်သည်တွေအတွက် အသင့်တော်ဆုံးပေါ့။ အေရာင္ရင့္တဲ့ အက်ႌေတြ၊ ထူတဲ့ အက်ႌေတြ၊ နိုင်လွန်သားနဲ့ ဆွဲသားအင်္ကျီတွေကို နွေရာသီမှာ မဝတ်ပါနဲ့။

၅။ အိပ်ရေးဝဝအိပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေအတွက် အကောင်းဆုံးဖြေဆေးက အိပ်စက်ခြင်းပါပဲ။ အိပ်ခန်းလေးကိုလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားဖို့လည်း လိုပါတယ်။

၆။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်တွေ ပေါ့ပါးပြီး လေကောင်းလေသန့်ရှူဖို့ မနက်စောစောတွေမှာ လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။ လမ်းလျှောက်တာမျိုး၊ ရေကူးတာမျိုးပေါ့။

ဒီနည်းလမ်းလေးတွေနဲ့ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေ နွေရာသီကို နေရထိုင်ရမခက်ဘဲ အကောင်းဆုံး ကျော်ဖြတ်စေနိုင်မှာပါ။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းလမ်းလေးတွေဖြစ်တာကြောင့် သင့်မိတ်ဆွေ မိခင်လောင်းတွေအတွက်လည်း SHARE ပေးလိုက်ပါဦးနော်။