ကိုယ့်ကိုယ်ကိုယ်စစ်မှန်စွာ ချစ်တတ်လာစေဖို့ လေ့ကျင့်ခန်းလေးများ

blank

တချို့တွေက ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့စိတ်ဆိုတာ မွေးရာပါအမူအကျင့်လို့ ထင်ကြပါ တယ်။ တကယ်တော့ မဟုတ်ပါဘူး။ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ကြပြီးသားပါ။ ဒါပေမဲ့ ဘယ်လိုချစ်မှ စစ်မှန်တဲ့အချစ်ဆိုတာကို မသိကြပါဘူး။ ဒီလေ့ကျင့်ခန်းလေးတွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချစ်ရမလဲဆိုတာ သိချင်သူများအတွက် အထောက်အကူကောင်းဖြစ်စေမှာပါ။

ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလေးများ

၁။ အပြင်ထွက်လမ်းလျှောက်ပါ။
၂။ လုံလောက်တဲ့ရေပမာဏကို နေ့စဉ်သောက်ပေးပါ။
၃။ တောင်တက်ပါ။
၎။ အဓိကပြဿနာဧရိယာတွေဖြစ်တဲ့ ခြေ၊ လက်လေ့ကျင့်ခန်းတွေ ၁၅ မိနစ်လုပ်ပေးပါ။
၅။ စိမ်းစိုလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားပါ။
၆။ သစ်သီးဖျော်ရည်သောက်ပါ။
၇။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားပါ။
၈။ ရေနွေးနဲ့ရေချိုးပါ။
၉။ သင်အကြိုက်ဆုံးကော်ဖီဆိုင်ကို သွားပါ။
၁ဝ။ ဓာတ်လှေကားအစား ရိုးရိုးလှေကားက တက်ပါ။

စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများ

၁။ တရားထိုင်ပါ။
၂။ ကျေးဇူးတင်ရမယ့်အရာအားလုံးကို စာရင်းချရေးပါ။
၃။ ပန်းတိုင်တွေကို စာရင်းပြုစုပြီး တစ်နေ့ချင်း၊ တစ်ပတ်ချင်း၊ တစ်လချင်းစီ စီမံကိန်းတွေ ချမှတ်ပါ။
၎။ အကြိုက်ဆုံးသီချင်းကို နားထောင်ပါ။ ကပါ။
၅။ စာအုပ်ကောင်းတစ်အုပ်ဖတ်ပါ။
၆။ အားလပ်ချိန်တွေကို မိသားစုနဲ့အတူကုန်ဆုံးပါ။
၇။ အသစ်အဆန်းတစ်ခုခုကို အမြဲလေ့လာသင်ယူပါ။
၈။ အနားယူနေချိန်မှာ အင်တာနက်၊ ဖုန်း ပိတ်ထားပါ။
၉။ Youtube ကနေ စိတ်ဓာတ်တက်ကြွစေမယ့် ဗီဒီယိုအတိုလေးတွေ ကြည့်ပါ။
၁ဝ။ လူမှုကွန်ရက်ပေါ်မှာ သင့်ကို စိတ်မပျော်ရွှင်စေတဲ့ အကောင့်တွေကို block၊ ဒါမှမဟုတ် unfollow လုပ်ထားပါ။

လက်တွေ့ကျင့်သုံးခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပြီး ပိုမိုပျော်ရွှင်စရာကောင်းတဲ့ နေ့ရက် တွေကို ပိုင်ဆိုင်နိုင်ပါစေနော်။