အပတ်တကုတ် မကြိုးစားကြည့်သေးဘဲနဲ့ မအောင်မြင်နိုင်ဘူးလို့ ကောက်ချက်ချ နိုင်လား။

blank

စာချစ်သူတို့ရေ…

တစ်ခါတုန်းက ဆင်စခန်းတစ်ခုမှာ ဆင်လေးတစ်ကောင်ရှိပါတယ်။ သူ့ခြေထောက်လေးတွေကို သံကြိုးတွေနဲ့ ထူးခတ်ထားပြီး တိုင်တစ်တိုင်မှာ ချည်နှောင်ထားတယ်။ တိုင်လေးကသေးပေမဲ့ ဆင်လေးက ငယ်ရွယ်လွန်းပြီး အားအင်လည်းနည်းပါးသေးတာကြောင့် တိုင်လေးဆီကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ပဲ နှစ်တွေအများကြီး ကြာလာတာနဲ့အမျှ ဆင်လေးဟာ အင်အားကြီးမားတဲ့ ဆင်ကြီးတစ်ကောင် ဖြစ်လာတော့တာပေါ့။ သူငယ်စဉ်က ဒီတိုင်ရဲ့ ချည်နှောင်မှုကနေ ရုန်းမထွက်နိုင်ခဲ့တဲ့အတွက် အခုလည်း ရမှာမဟုတ်ပါဘူးလို့ ယူဆပြီး ရုန်းထွက်ဖို့တောင် မကြိုးစားမိတော့ အင်အားကြီးနေပေမယ့် တိုင်လေးမှာပဲ ချည်နှောင်ခံပြီး ဆက်နေနေခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလို အဖြစ်အပျက်တွေကို ကျွန်မတို့နေ့စဉ်ဘဝတွေထဲမှာ ကြုံတွေ့ဖူးမှာပါ။ နေ့စဉ်လုပ်ကိုင်နေတဲ့အလုပ်တွေမှာပဲ အသားကျနေပြီးတော့ “ဒီထက်ပိုကောင်းအောင် လုပ်နိုင်သေးလား” ဆိုတာတောင်စဉ်းစားဖို့ မေ့နေတတ်ကြတယ်။ ဒီလို ယူဆမှုတွေက ဘဝတက်လမ်းတွေကို နှေးသွားစေတာတွေကိုလည်း ဂန္ထဝင်ချစ်မိတ်ဆွေတို့ မြင်ဖူးကြမှာပါ။

ဒီစာစောင်လေးက ကိုယ့်အတွက် အသားကျနေတဲ့ ကိုယ့်ဘဝနေထိုင်မှုကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြိုးစားကြည့်ဖို့ တွန်းအားတစ်ခု ဖြစ်စေမယ်လို့ ဂန္ထဝင်အနေနဲ့ ယုံကြည်ပါတယ်။ ဒီလို ခွန်အားတွေ လိုအပ်နေတဲ့ အခင်ဆုံး သူငယ်ချင်းလေးတွေကိုလည်း comment box မှာ mention ခေါ်ခဲ့ပါအုံးနော်။