ဒီနေ့ရဲ့နာကျင်မှုကို မတွေးပါနဲ့။ ပိုလှပတဲ့ မနက်ဖြန်က သင့်ကို စောင့်နေတယ်။

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

အတိတ်တုန်းက မုန်းစရာကောင်းအောင်လုပ်ခဲ့တဲ့သူတွေကြောင့် လူတွေကို မုန်းတတ်နေပြီ လား။

သိရက်နဲ့တမင်လုပ်တာဖြစ်ဖြစ်၊ မသိလို့ဖြစ်ဖြစ် ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေး လိုက်ပါ။ ဘာလို့လဲဆိုတော့ ပူလောင်ပင်ပန်းနေတဲ့စိတ်ကနေ လွတ်မြောက်ဖို့ဆိုရင် အငြိုးအတေးတွေ၊ နာကျည်းမှုတွေပြည့်နေတဲ့အတိတ်ကို ဆုပ်ကိုင်မထားဘဲ လွှတ်ချလိုက်ဖို့လိုပါတယ်။ အဲ့ဒါတွေကို သယ်ဆောင်ထားရင် လက်ရှိကာလမှာကော၊ အနာဂတ်မှာပါ ပျော်ရမှာမဟုတ်တော့ပါဘူး။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အမုန်းတရားတွေကို သယ်ဆောင်ထားရင် ကြင်နာတတ်တဲ့လူတွေနဲ့လည်း ဆုံစည်းခွင့်ရတော့ မှာ မဟုတ်ပါဘူး။ လှပတဲ့လောကကြီးကိုမြင်ချင်ရင် မျက်လုံးမှာပိတ်နေတဲ့ အမှိုက်တွေကို အရင်ရှင်းဖို့ လိုအပ်ပါတယ်။ ပေါ့ပေါ့ပါးပါးနေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။ လေးလေး နက်နက်နေပါ။ စိတ်ပင်ပန်း ရလောက်တဲ့အထိ အတွေးမခေါင်ပါနဲ့။

ပြီးတော့ ဘဝဆိုတာ လူတွေထင်ထားတာထက် ပိုပြီးအပြောင်းအလဲများပါတယ်။ ဒီနေ့ရဲ့ အ ကျည်းတန်မှုကလည်း မနက်ဖြန်အတွက် အလှတရားအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ရဲ့ နာကျင်မှုတွေနဲ့ပဲ ဘဝကို အဆုံးမသတ်လိုက်ပါနဲ့။ ပိုလှတဲ့မနက်ဖြန်ကစောင့်နေတယ်ဆိုတာ သတိရပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းလိုက်ပါနော်။

စိတ်ဓာတ်ခွန်အားသစ်တွေရရှိစေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။