အချိန်ဖြုန်းတာကလွဲပြီး ဘာကောင်းကျိုးမှဖြစ်မလာစေတဲ့ လုပ်ရပ်များ

blank

၁။ အပျော်တမ်းရည်းစားထားခြင်း။

        တစ်ခါတလေမှာ ရှိတတ်တယ်… “ပျင်းလို့ရည်းစားထားတာ၊ အပျော်တွဲကြည့်တာ” ဆိုတာမျိုးတွေပေါ့။ ကိုယ့်စိတ်ထဲမှာ တကယ်နှစ်နှစ်ကာကာချစ်ရဲ့လား၊ အနာဂတ်အတွက် တွေးထားရဲ့လားဆိုတာကို သေသေချာချာမသိဘဲ ရည်းစားထားတာက အချိန်ဖြုန်းတာ သက်သက်ပါပဲ။ အချိန်တွေ၊ စွမ်းအင်တွေ၊ ပျော်ရွှင်မှုတွေကို အပျော်တမ်းအချစ်တစ်ခုအတွက် စတေးပစ်မှာလား… စဉ်းစားပါ။

၂။ အတင်းပြောပြီး စကားရှုပ်ခြင်း။

အတင်းပြောတယ်ဆိုတာ ပြောတဲ့သူရော၊ အပြောခံရတဲ့သူရော၊ နားထောင်သူကိုရော အကျိုးယုတ်စေပါတယ်။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်မစွက်ဖက်သင့်ဘူးဆိုတာ သိသိကြီးနဲ့တောင် အတင်းပြောတဲ့သူတွေရှိပါတယ်။ ဒါဟာ အချိန်ဖြုန်းတာ သက်သက်ပါပဲ။ သူများအကြောင်း အကျိုးမရှိပြောနေမယ့်အစား ကိုယ့်ဘဝကို ကောင်းအောင်ကြိုးစားသင့်ပါတယ်။

ကိုယ့်ကို အသုံးချနေမှန်းသိရက်နဲ့ အလွန်အမင်းပေးဆပ်နေခြင်း။

ရက်ရောပြီး သဘောကောင်းတာက တကယ်ကောင်းတဲ့အမူအကျင့်ပါ။ ဒါပေမဲ့ အားနာတတ်လွန်းတော့ လူတိုင်းကတက်နင်းသွားတာခံရတဲ့သူတော့ မဖြစ်စေနဲ့ပေါ့။ ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် သည်းခံနိုင်သလောက်သည်းခံ၊ အားနာနိုင်သလောက်အားနာပါ။ ဒါမှမဟုတ်ရင်တော့ ဘဝရဲ့အချိန်တွေဆိုတာ သူများအတွက်ပေးဆပ်ရင်း ကုန်သွားလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ စောဒကတက်လွန်းခြင်း။

တလွဲဖြစ်သွားတဲ့လုပ်ရပ်တွေအတွက် စောဒကတက်တာက စိတ်ကို အနည်းငယ် စိတ်သက်သာရာ ရကောင်းပေမဲ့ တကယ်ဖြေရှင်းနိုင်မယ့်နည်းလမ်း မဟုတ်ပါဘူး။ စောဒကတက်ရင်း အချိန်တွေဖြုန်းနေမယ့်အစား ပြဿနာတွေ၊ လွဲမှားမှုတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာလိုက်ပါ။ ဒါမှ ကိုယ့်အတွက် အကျိုးရှိမှာပါ။

၅။ အမျက်ဒေါသတွေကို ဖက်တွယ်ထားခြင်း။

ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် အမျက်အငြှိုးထားတာက ကိုယ့်စိတ်ကိုယ် မီးနဲ့ရှို့နေသလိုပါပဲ။ အမုန်းတရားကိုလက်ကိုင်ထားပြီး သူဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲဆိုတာကို စူးစမ်းနေတာကလည်း အချိန်ဖြုန်းခြင်းသက်သက်ပါ။ ဒီတော့ ဘဝကို ရှေ့ဆက်ချင်တယ်ဆိုရင် ခွင့်လွှတ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။

၆။ သူများအကြိုက် လိုက်လျောပေးလွန်းခြင်း။

ပတ်ဝန်းကျင်ကလူတွေကို စိတ်တိုင်းကျ အလိုလိုက်အကြိုက်ဆောင်ရတာ၊ သူတို့စိတ်တိုင်းကျ စိတ်ချမ်းသာစေဖို့ သူတို့ဖြစ်စေချင်သလို လိုက်လုပ်ရတာတွေက တကယ်ကို အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တွေပါ။ လုပ်နိုင်ရင် ကိုယ့်အတွက် အကျိုးမရှိ၊ သူတို့အတွက်ပဲ အကျိုးရှိမယ်။ မလုပ်နိုင်ပြန်ရင်လည်း စိတ်ညစ်ရဦးမယ်။ ဒီတော့ အကောင်းဆုံးလုပ်နိုင်တာက ဘယ်သူတွေ ဘယ်လိုပြောပြော ကိုယ်လုပ်စရာရှိတာကို ကိုယ့်ဦးတည်ချက်၊ ကိုယ့်ကြိုးစားမှုနဲ့ အကောင်းဆုံးလုပ်ဆောင်သွားဖို့ပါပဲ။

အချိန်ဖြုန်းတယ်ဆိုတာ အခွင့်အလမ်းကောင်းတွေကို ဖြုန်းတီးပစ်လိုက်တာနဲ့ အတူတူပါပဲ။ အခက်အခဲ၊ အတားအဆီးတွေများတဲ့ လောကကြီးမှာ ဘဝအတွက် အရေးပါတဲ့အရာတွေအတွက်ပဲ အချိန်ပေးနိုင်အောင် ကြိုးစားပါ။ ဒါမှ သူများတွေထက်ပိုပြီး အောင်မြင်ချမ်းသာတဲ့သူဖြစ်လာနိုင်မှာပါ။

သင့်ရဲ့ ထင်မြင်ချက်လေးတွေကို comment မှာ ရေးခဲ့ပါဦးနော်။