တစ်နေ့ကို အချိန် ၂မိနစ်ပေးရုံနဲ့ ပိုမိုပျော်ရွှင်တဲ့ဘဝကို ရယူလိုက်ပါ။

blank

တစ်နေ့တာလုံးရဲ့ များပြားတဲ့ အလုပ်တာဝန်တွေကနေ ၂ မိနစ်လောက် ခဏနားပြီး အပြင်ကို ထွက်လိုက်ပါ။ သဘာဝတရားကြီးရဲ့ လှပတဲ့ဖန်ဆင်းမှုတွေကို ကြည့်ရှုခံစားပါ။ ပန်းရနံ့လေးတွေကို ခံစားပါ။

  • သစ်ပင်ထက်က ချစ်စရာ ငှက်သိုက်လေးတွေ
  • တောလမ်းဘေးတစ်ဖက်တစ်ချက်က ရောင်စုံပန်းလေးတွေ
  • ပြတင်းပေါက်ကနေတဆင့် ဖြာကျလာတဲ့ နေရောင်နွေးနွေးလေးတွေ

ဒါတွေကို မြင်လိုက်ရတဲ့ တစ်ခဏမှာ ပျော်ရွှင်မှုတွေ တိုးလာပြီး ကိုယ်၊ စိတ်၊ နှလုံး ၃ပါးစလုံး နူးညံ့လာတတ်တယ်။

သဘာဝတရားကြီးကို ရှုစားဖို့ တောနက်ကြီးထဲကိုသွားပြီး လမ်းလျှောက်ဖို့မလိုပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တစ်ပင်ကို ကြည့်ပါ။ ပြီးတော့ ဒီသစ်ပင်က လူတွေကို ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်သလဲဆိုတာလေးကို စဉ်းစားကြည့်တာကလည်း သဘာဝတရားကြီးကို ခံစားခြင်းပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သဘာဝတရားကြီးကို အမြဲတမ်း ခံစားတတ်တဲ့သူက သာမန်လူတွေထက်စာရင် သဘာဝနဲ့ ပိုပြီး နီးကပ်ဆက်နွယ်နေတတ်ပါတယ်။ ပြီးတော့ သဘာဝတရားကြီးကို ချစ်တဲ့သူဟာ သူများကိုကူညီချင်တဲ့ ပရဟိတစိတ်တွေ ပိုရှိနေတတ်ပြီး လောကကြီးကို ချစ်တဲ့စိတ်၊ လောကကြီးအကျိုးကို သယ်ပိုးချင်တဲ့စိတ်တွေလည်း ရှိနေတတ်ပါတယ်။

ဒါကြောင့် ပိုမိုပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ တစ်နေ့ကို ၂ မိနစ်လောက်ပဲ အချိန်ပေးပါ။ ၂ မိနစ်အတွင်းမှာ လောကကြီးရဲ့ လှပမှုတွေ၊ လူသားတွေကို အကျိုးပြုနေတဲ့ သဘာဝတရားကြီးရဲ့ အလှအပတွေကို ခံစားလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။