စိတ်ခံစားမှုတွေကို ဖြေဖျောက်စေဖို့ နည်းလမ်းများ

blank
  • သင်ဟာ အရေးမပါသူတစ်ယောက်လို့ ခံစားမိရင် လမ်းထွက်လျှောက်လိုက်ပါ။
  • ငိုချင်နေရင် ဒီဝမ်းနည်းမှုကို ခံစားဖို့ ကိုယ့်ကိုယ်ကိုယ် မိနစ်နှစ်ဆယ်လောက် အချိန်ပေးလိုက်ပါ။
  • ပူဆွေးနေရင် ပွဲလမ်းသဘင်တွေ သွားလိုက်ပါ။
  • တစ်ခုခုအတွက် စိုးရိမ်နေရင် အသက်ပြင်းပြင်းရှူပြီး ခြေဆန့်လက်ဆန့်လုပ်ပါ။
  • အထီးကျန်နေရင် သင်စကားပြောချင်တဲ့တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်ပါ။
  • စိတ်ပျက်နေရင် သင့်အာရုံကို လွှဲပေးနိုင်မယ့် အရာတစ်ခုခုကို လုပ်ပါ။
  • ဒီအရာဟာ သင်နဲ့ မထိုက်တန်ဘူးလို့ ခံစားနေမိရင် သင့်စွမ်းဆောင်နိုင်ရည်တွေကို ပြန်သတိရလိုက်ပါ။

စာချစ်သူတို့ကော စိတ်ခံစားမှုတွေကို ဘယ်လိုချုပ်ထိန်းကြလဲဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။