သူတစ်ပါးတွေဆီက မမျှော်မှန်းသင့်တဲ့ အရာ (၃) ခု

ဘဝရဲ့ စိတ်ညစ်စရာအကောင်းဆုံးဖြစ်ရပ်တွေက မျှော်မှန်းချက်တွေကနေ မြစ်ဖျားခံလာတတ်ပါတယ်။ သူတစ်ပါးအပေါ်မှာထားတဲ့ မျှော်မှန်းချက်တွေကို လျှော့ချနိုင်လေလေ၊ ဘဝမှာ နေပျော်လေလေဖြစ်ပါတယ်။ ကျွန်မတို့ဘဝအတွက် တကယ်အရေးပါတဲ့အရာတွေကို အာရုံစိုက်ပြီး သူများဆီကရလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေကို လျှော့ချရပါတယ်။ ဒါမှ ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ရမှာပါ။

ဒီနေရာမှာ ပြောချင်တာတစ်ခုက မျှော်လင့်ချက်နဲ့ မျှော်မှန်းချက်နဲ့ မတူဘူးဆိုတာပါပဲ။ သူတစ်ပါးအပေါ်မှာထားတဲ့ မျှော်မှန်းချက်တွေကိုစွန့်လွှတ်ခြင်းက အကောင်းဆုံးလုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဒီအရာတွေနဲ့ပတ်သက်တဲ့ မျှော်မှန်းချက်တွေပေါ့။

၁။ သူတစ်ပါးရဲ့ အသိအမှတ်ပြုမှု

ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်နေရင် ဘယ်သူ့ဆီအသိအမှတ်ပြုမှုကိုမှ မျှော်မှန်းနေစရာမလိုပါဘူး။ အကောင်းဆုံးလုပ်နိုင်လို့ ရလဒ်ကောင်းတွေထွက်လာရင် လူတွေက သင့်ကို အလိုလို အသိအမှတ်ပြုလာမှာပါ။ ဘယ်သူ့ရဲ့ သဘောတူညီချက်ကိုမှ မမျှော်မှန်းပါနဲ့။ ကိုယ့်ဘဝကို ကိုယ်တိုင်ကျေနပ်နေသရွေ့ တခြားသူတွေရဲ့အမြင်တွေကို ထည့်တွက်စရာမလိုပါဘူး။

၂။ သူတစ်ပါးရဲ့ နှစ်သက်မှု

သူတစ်ပါးရဲ့ နှစ်သက်မှုနောက်ကိုလိုက်ရင်း တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းမပစ်ပါနဲ့။ ကိုယ့်ကိုယ်ကို လေးစားပါ၊ ကိုယ့်စိတ်ရဲ့ သဘောကို ကိုယ်တိုင်သိအောင် ကြိုးစားပါ။ လူတိုင်းက ကိုယ့်ကို အထင်သေးပြီး ငြင်းပယ်နေဦးတောင် ကိုယ့်တန်ဖိုးကို မမေ့ပါနဲ့။ ဘဝဆိုတာ တိုတိုလေးပါ။ ဘဝရဲ့ အချိန်တွေကို သူများစိတ်ကြိုက်ဖြတ်သန်းနေမယ်ဆိုရင် ကိုယ့်ဘဝကို ဘယ်သူပိုင်သွားမလဲဆိုတာ ပြန်တွေးကြည့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သူတစ်ပါးရဲ့ ပြောင်းလဲမှု

လူတွေကို အရှိအတိုင်း လက်ခံနိုင်အောင်ကြိုးစားပါ။ ကိုယ့်အတွက်ကြောင့် သူပြောင်းလဲလိမ့်မယ်လို့ ဘယ်တော့မှ မျှော်လင့်မထားပါနဲ့။ သူတို့ကိုယ်တိုင် ပြောင်းလဲချင်စိတ်ရှိလို့ ပြောင်းလဲမယ်ဆိုရင်တော့ လက်ခံကြိုဆိုလိုက်ပါ။ ဒါပေမဲ့ လူတော်တော်များများက ပြောင်းလဲဖို့ခက်တယ်ဆိုတဲ့ အသိလေးတော့ ခေါင်းထဲမှာထည့်ထားပါ။ ပြီးတော့ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့အတွက်ပဲ မျှော်လင့်ထားပါ။

စာဖတ်ပရိသတ်ကြီးရေ… သူများတွေအပေါ်မှာ မထားသင့်တဲ့ မျှော်မှန်းချက်တွေ ထားရင်း စိတ်ညစ်ရတာ၊ စိတ်ပျက်ရတာမျိုး မဖြစ်စေဖို့ မျှော်မှန်းချက်တွေကို စွန့်လွှတ်လိုက်ပါလို့ အကြံပြုလိုက်ပါရစေရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။