ယဉ်ယဉ်နှောင်းနဲ့ (၅) မိနစ်တာအမေးဖြေ

blank

ညီမလေး ယဉ်ယဉ်နှောင်းရေ အမတို့မဂ္ဂဇင်းက နယ်ပယ်အသီးသီး မှာရှိတဲ့အားကျ အတုယူဖွယ် မိန်းကလေးတွေရဲ့ အင်တာဗျူးလေးတွေ အပတ်စဉ် တင်ပေးလေ့ရှိတယ်လေ။ အခု တစ်ပတ်မှာတော့ ကျောင်းပညာရေးနဲ့ မအားလပ်တဲ့ကြားက ကိုယ်ဝါသနာပါတဲ့ အရာကိုလည်း ဟန်ချက်ညီအောင် လုပ်ဆောင်နေတဲ့ ညီမလေး အကြောင်းလေးတွေ အနည်းငယ် တင်ဆက်သွားချင်ပါတယ်။ မေးခွန်းလေးနည်းနည်းလောက် မေးမြန်းပါရစေနော်။

၁။ မိသားစုဝင် ဘယ်နှယောက်ရှိလဲ ။ ညီမလေး မိသားစုနဲ့ မိတ်ဆက်ပါအုံး။

နာမည်​က​တော့ ယဉ်​ယဉ်​​နှောင်းပါ။ ၂၂.၁၂.၁၉၉၃ မှာ​မွေးတာမို့ အသက်​က ၂၁နှစ်​ပြည့် ပြီးပါပြီ။ ​မွေးချင်းက အမြွာအစ်​မတစ်​​ယောက်​ရယ်​၊ ၃နှစ်​ငယ်​တဲ့ ​မောင်​​လေးတစ်​​ယောက်​ရယ်​ရှိပါတယ်​။ အ​ဖေ၊အ​မေတို့နဲ့အတူ တစ်မိသားစုလုံး မန္တ​လေးမှာပဲ​နေပါတယ်။

၂။ ညီမလေး လက်ရှိပညာရေး အခြေအနေလေးနဲ့ ညီမလေးရဲ့ လတ်တလော ပါဝင်ပတ်သက်နေတဲ့ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါအုံး။

အခုက မန္တ​လေး​ဆေးတက္ကသိုလ်​မှာ ​နောက်​ဆုံးနှစ်​ အပိုင်း(ခ) တက်​​နေပါတယ်​။
ဆေး/မန်းက ​ကျောင်းသူ​ကျောင်းသား​တွေ စု​ပေါင်းတည်​​ထောင်​တဲ့ Active Youths Free Library မှာ Board of Director အဖြစ်​ တာဝန်​ယူထားပါတယ်​။ ယုံကြည်​ရာ အသိပညာပြန့်​ပွား​ရေးအသင်းမှာလည်း ပါဝင်​လှုပ်​ရှား​နေပြီး အပတ်​စဉ်​ ယုံကြည်​ရာစာဖတ်​အသင်းနဲ့ လူငယ့်​ပြတင်းစာဖတ်​အသင်း​တွေမှာ စာအုပ်​စာ​ပေ​တွေ ​ဆွေး​နွေးဖြစ်​ပါတယ်​။ လက်​ရှိ ​ဆေးတက္ကသိုလ်​မန္တ​လေး ​ကျောင်းသားသမဂ္ဂဖြစ်​​မြောက်​​ရေးအတွက်​လည်း ပါဝင်​​ဆောင်​ရွက်​​နေပါတယ်​။

၃။ ညီမလေးရဲ့ စာတွေ အမြဲဖတ်ဖြစ်တယ်။ အသက်ငယ်ငယ်လေးနဲ့ အတွေးအခေါ်တွေ၊ အရေးအသားတွေက တကယ်ကို လေးစားလောက်ပါတယ်။ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ၊ လေ့လာခဲ့ရလဲ ဆိုတာလေးလည်း မျှဝေပေးပါအုံး။

စာ​ရေးတာက​တော့ စာဖတ်​ရာက​နေ ဖြစ်​လာတဲ့ ၀ါသနာပါ။ အ​တွေးအ​ခေါ်​တွေက​တော့ ဖြတ်​သန်းရတဲ့ ဘဝအ​တွေ့အကြုံ​တွေ၊ ဖတ်​မှတ်​ဖူးတဲ့စာအုပ်​​တွေ၊ ​ပြောဆိုဆက်​ဆံခဲ့ရတဲ့ လူမှုဝန်းကျင်​​တွေ​ကြောင့်​ ပိုစုံသွားတယ်​ထင်​ပါတယ်​။
အ​ရေးအသား​က​တော့ စာဖတ်​သူကို အဆိပ်​အ​တောက်​မဖြစ်​​အောင်​၊ ​ဒေါသမသင့်​​အောင်​ အတတ်​နိုင်​ဆုံး ထိန်းသိမ်းပြီး​ရေးပါတယ်​။ ကိုယ့်​စာဖတ်​တဲ့သူ​တွေ​ပေးရတဲ့အချိန်​ကို ​လေးစား​သောအားဖြင့်​ ကိုယ်​​ရေးတဲ့စာ​တွေက​နေ သုတ၊ ရသ၊အ​တွေးအမြင်​တစ်​ခုခု​ပေးနိုင်​တဲ့ က​လောင်​ဖြစ်​ဖို့ ကြိုးစား​နေပါတယ်။

၄။ ဆေးကျောင်းဆိုတော့ စာတွေကလည်း များမှာပဲနော်။ ဒီလို ကျောင်းစာတွေနဲ့ မအားလပ်တဲ့ကြားက ကိုယ်ဝါသနာပါတာကိုလည်း ရအောင် လုပ်နေသေးတယ်။ ဘယ်လိုမျှတအောင် ဆောင်ရွက်နေလဲ ပြောပြပေးပါအုံး။

ဆေး​ကျောင်းမှာစာက များပါတယ်​။ ညီမကစာ​တော်​တဲ့ထဲမှာ မပါသလို ​ဆေးပညာကို အခုထိလည်း ဝါသနာမပါ​သေးပါဘူး။ ဒါ​ပေမယ့်​ ​ဆေးပညာအသိအမြင်​​တွေက​နေရတဲ့ ပြဿနာတစ်​ခုကို ​ဖြေရှင်းပုံစဉ်းစားနည်း​တွေ၊ ဆရာဝန်​ပညာတတ်​​တွေရဲ့ ​တွေး​ခေါ်ပုံပြုမူ​ပြောဆိုပုံ​တွေကို အတုယူပြီး ကိုယ့်​လက်​​တွေ့ဘ၀ထဲ ကျင့်​ကြံနိုင်​​အောင်​ကြိုးစားပါတယ်​။

၅။ ခရီးသွားရတာ သဘောကျတယ်ထင်တယ်။ ဘယ်လိုနေရာမျိုးတွေ သွားချင်လဲ။ နောက် ခရီးသွားခြင်းအပေါ် ညီမ အမြင်လေး ပြောပြပေးပါအုံး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ခရီးသွားရတာကို ဝါသနာပါပါတယ်​။ ခရီးမသွားခင်​ဆို ကိုယ်​သွားရမယ့်​​နေရာရဲ့ သမိုင်း​တွေ၊ ​ရေ​မြေရာသီဥတု​တွေကို သိ​အောင်​အရင်​​လေ့လာတယ်​။ ​​ရောက်​ရင်​လည်း အမှတ်တရဖြစ်​မယ့်​ ဓာတ်​ပုံ​တွေရိုက်​တယ်​။ လူမှုကွန်​ရက်​​တွေ​ပေါ် ပုံတင်​ရင်​လည်း ​နေရာတစ်​ခုချင်းစီရဲ့ သမိုင်း​တွေ၊​ရေ​မြေသဘာဝ​တွေ၊ ​အလှအပ​တွေ၊ ​တွေ့ကြုံခံစားရသမျှရသ​တွေ ​ပေါ်လွင်​​အောင်​ ​ရေးဖွဲ့ပြီးမှ တင်​​လေ့ရှိပါတယ်​။ ကိုယ့်​စာကို ဖတ်​မိတဲ့သူတိုင်းက အဲ့ဒီ​နေရာ​လေးကို သွားချင်​လိုက်​တာလို့ ​ပြောလာကြတိုင်း ပီတိဖြစ်​ရသလို လာလည်​ရင်​လည်း လိုက်​ပို့ဖြစ်​တယ်​။
ကိုယ်​တိုင်​က​တော့ မန္တ​လေးတစ်​ဝိုက်​ဖြစ်​တဲ့ အမရပူ၊ရ၊ မင်းကွန်း၊ စစ်​ကိုင်း၊ မြစ်​ငယ်​၊ အင်းဝ၊ တံတားဦး၊ မတ္တရာစတဲ့မြို့ ​တွေကို ခဏခဏသွားဖြစ်​တယ်​။ ခရီး​ဝေးဆိုရင်​​တော့ ပုဂံကိုအရမ်းသ​ဘောကျတယ်​။ ကမ်း​ခြေ​တွေ၊ ​ရေခဲ​တောင်​​တွေကိုလည်း သွားချင်​​သေးတယ်​။ မြန်​မာတစ်​နိုင်​ငံလုံးက လည်​ပတ်​စရာ​တွေ စိတ်​ဝင်​စားစရာ​တွေအပြည့်​ပဲ​လေ။

၆။ စာပေအနုပညာ လေ့လာလိုက်စားတာ၊ ခရီးသွားတာတွေအပြင် အခြားစိတ်ဝင်စားတဲ့ အရာတွေရှိရင် ပြောပြပေးပါအုံး။

စာ​ဖတ်​တာ၊ ခရီးသွားတာ​တွေအပြင်​ စာ​ရေးတာ၊ ကဗျာ​ရေးတာ၊ ပန်းချီဆွဲတာ၊ ဓာတ်​ပုံရိုက်​တာ ဝါသနာပါတယ်​။ စာ​ရေးတာက​တော့ ​ဆောင်းပါး​တွေကို The Voice မှာ​ရေးဖြစ်​ပါတယ်​။ ကဗျာက​တော့ မြန်​မာ့ရိုးရာ ကာရန်​ကဗျာ​တွေ​ပေါ့​နော်​။ ပန်းချီက​တော့ ခဲပန်းချီနဲ့ ​ရေ​ဆေး အဓိကထားဆွဲဖြစ်​ပြီး အခုမှ ဝါသနာရှင်​အဆင့်​မို့ အရမ်းမကျွမ်းကျင်​​သေးပါဘူး။ ဓာတ်​ပုံက​တော့ ရှုခင်းပုံ​တွေရိုက်​ရတာ ဝါသနာပါသလို ကိုယ်​တိုင်​လည်း ဓာတ်​ပုံ​မော်​ဒယ်​အဖြစ်​ အရိုက်​ခံရတာ ဝါသနာပါပါတယ်​။
ဟင်းချက်​တာ၊ ပန်းထိုးတာ၊ လက်​မှုအနုအလှပစ္စည်း​လေး​တွေလုပ်​တာကိုလည်း မိန်းက​လေးပီပီ စိတ်​ဝင်​စား​သေးတယ်​။

၇။ နုနုရွရွ လေးတွေနဲ့ စာဖတ်သူတွေ ရင်ထဲရောက်အောင်ရေးဖွဲ့နိုင်တဲ့ ညီမလေး ယဉ်ယဉ်နှောင်းရေ အချစ်နဲ့ ပတ်သက်တာလေးနည်းနည်း မေးပါရစေအုံး။ ညီမလေးအနေနဲ့ အချစ်ဆိုတာကို ဘယ်လို နားလည်လက်ခံထားလဲ။ လက်တွေ့ဘဝနဲ့ အချစ် ဆက်စပ်မှုရှိတယ်လို့ ထင်လား။ ညီမလေး အမြင်လေးတွေ မျှဝေပေးပါအုံး။

အချစ်​ဆိုတာ​တော့ ဘဝရဲ့တစ်​စိတ်​တစ်​ပိုင်းပဲလို့ ခံယူထားပါတယ်​။

၈။ ခိုင်မာတဲ့ ချစ်ခြင်းတစ်ခု ဖြစ်လာဖို့ ဘယ်လိုအရာတွေက အဓိကအရေးပါနေတယ် လို့ထင်လဲ ညီမလေး။

အချစ်​တစ်​ခု ခိုင်​မြဲဖို့ဆိုရင်​ ယုံကြည်​မှု၊နားလည်​မှု၊ ပွင့်​လင်းမြင်​သာမှု၊ သစ္စာရှိမှု​တွေလိုတယ်​လို့ထင်​ပါတယ်။

၉။ ညီမလေး အတွေးအခေါ်တွေ လွတ်လပ်ပွင့်လင်းတာကို သတိထားမိတယ်။ တစ်ခုမေးချင်တာက ချစ်ခြင်းအပေါ် ယောက်ျားနဲ့ မိန်းမ ခံယူတဲ့ ခံယူချက်နဲ့ လေးနက်မှုတွေ ကွဲပြားလိမ့်မယ်လို့ ထင်ပါသလား။

အချစ်​တစ်​ခုအ​ပေါ် ထားတဲ့ခံယူချက်​က​တော့ လူ​တွေ​ပေါ်လိုက်​ပြီး ကွဲပြားသွားမယ်​ထင်​ပါတယ်။ ​ယောက်ျားနဲ့မိန်းမဆိုတဲ့ ကွဲပြားမှု​ကြောင့်​ အချစ်​​တွေကွဲပြားတာ​တော့ မဟုတ်​​လောက်​ပါဘူး။

၁ဝ။ ညီမလေးရေးတဲ့ စာတွေထဲမှာ မန္တလေးမြို့အကြောင်း၊ မြန်မာလက်မှု ပညာရပ်တွေအကြောင်း၊ နောက် ရိုးရာပွဲတော်လေးတွေ အကြောင်းရေးလေ့ရှိတာ တွေ့ရတယ်နော်။ ဒီလိုအကြောင်းအရာလေးတွေအပေါ် ညီမ ခံယူချက်လေးတွေ မျှဝေပေးပါအုံး။

မန္တ​လေးမြို့အ​ကြောင်း​တွေ၊ ရိုးရာပွဲ​တော်​​တွေ၊ အလှအပ​တွေကို ​ရေးဖွဲ့တယ်​ဆိုတာ ကိုယ်​သွားလာလို့ မြင်​​တွေ့​နေရတာ​တွေကို မှတ်​တမ်းတင်​တဲ့သ​ဘောပါ။ ပြီး​တော့    မန္တ​လေးသူတစ်​​ယောက်​အ​နေနဲ့ မန္တ​လေးမြို့ရဲ့ စိတ်​၀င်​စားစရာ​ကောင်းတဲ့အ​ကြောင်း​တွေကို ဂုဏ်​ယူလွန်းလို့ ​ရေးဖြစ်​တာပါ။

၁၁။ စာပေနဲ့ ပတ်သက်ပြီး ဘာတွေရှေ့ဆက်လုပ်ဖို့ ရှိလဲ ညီမလေး ပရိသတ်တွေ သိအောင်ပြောပြပါအုံး။

စာ​ပေနဲ့ ပတ်​သက်​လို့ အွန်​လိုင်း​ပေါ်မှာ​တော့ ကဗျာ​တွေနဲ့စခဲ့ပြီး ဂျာနယ်​​တွေမှာ​တော့ ​ဆောင်းပါး​တွေ​ရေးပါတယ်​။ အခု​တော့ ကိုယ်​ပိုင်​ ကဗျာစာအုပ်​ထုတ်​ဖို့ စီစဉ်​​နေပါတယ်​။ မကြာခင်​ထုတ်​​ဝေ​တော့မှာပါ။ ဝတ္ထုတို​တွေ၊ အက်​​ဆေး​တွေ၊ ​ဆောင်းပါး​တွေလည်း ​ရေး​နေပြီး လုံးချင်းဝတ္ထုတစ်​အုပ်​က​တော့ ​ရေးလက်​စပါ။

၁၂။ ညီမလေးရဲ့ ဘဝရည်မှန်းချက်လေး ပြောပြပေးပါအုံး။ ပညာရေးနဲ့ ပတ်သက်ပြီးရော ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲ။

ဆေးပညာကို ဝါသနာမပါ​တော့ ဆရာဝန်​ဘွဲ့ရပြီးရင်​ ​ဆေးပညာကို​တော့ ဆက်​​လေ့လာဖို့ အစီအစဉ်​မရှိပါဘူး။

၁၃။ ဘဝတစ်လျှောက်လုံး ညီမလေး ရပ်တည်သွားချင်တဲ့ နေထိုင်မှုပုံစံက ဘယ်လိုမျိုးလေးဖြစ်မလဲ။

စာ​တွေ​တော့ ဆက်​​ရေးဖြစ်​မှာပါ။ ​ဆေးပညာမဟုတ်​တဲ့ အခြားဘာသာရပ်​​တွေကိုပဲ ဆက်​​လေ့လာဖို့ရှိပါတယ်​။ ဘဝတစ်​​လျှောက်​လုံး ပညာနဲ့ရပ်​တည်​နိုင်​တဲ့ အမျိုးသမီးတစ်​​ယောက်​အဖြစ်​ ​အေး​အေးချမ်းချမ်းနဲ့ ​နေချင်​ပါတယ်​။

၁၄။ ညီမလေး ဘဝမှာ တန်ဖိုးအထားဆုံး အရာလေးတွေ ကို မျှဝေပေးပါအုံး။

ဘ၀မှာ အ​လေးအထားဆုံးက​တော့ နာမည်​တစ်​လုံးပါပဲ။

၁၅။ ဂန္ထဝင်ကတစ်ဆင့် စာဖတ်ပရိသတ်ကြီးကို စကားလက်ဆောင်လေး ပြောပေးပါအုံး။

ဂန္တဝင်​ပရိသတ်​ကြီးအ​နေနဲ့ ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာ​ပျော်​ရွှင်​ပြီး ​အေးချမ်း​​သာယာတဲ့ဘဝကို ပိုင်​ဆိုင်နိုင်​ကြပါ​စေ။

သဘောကျ နှစ်သက်ခဲ့ရင် Share။