ပြီးပြည့်စုံသူမဖြစ်တာဟာ အားငယ်စရာလို့တွေးတဲ့ သမီးလေးဖတ်ဖို့…

blank

မေမေချစ်တဲ့သမီးလေးရေ…

မေမေက သမီးကို ပြီးပြည့်စုံသူတစ်ယောက် မဖြစ်စေချင်ဘူးလို့ဆိုရင် သမီးအံ့သြနေမှာပဲ။ ပြီးပြည့်စုံမှု ဆိုတာဘာလဲ။

  • သမီးဘဝမှာ ဘာမှလုပ်စရာမလိုတော့တဲ့ နေရာတစ်ခုမှာ ထိုင်နေခွင့်ရတဲ့အချိန်
  • ကျောင်းမှာအမှတ်ပြည့်ရပြီး အားလုံးရဲ့ထိပ်ဆုံးဖြစ်တဲ့ ပထမနေရာကို သမီးပိုင်ဆိုင်ရတဲ့အချိန်
  • လူတိုင်းမျှော်လင့်ကြတဲ့အရာအားလုံးနဲ့ သမီးတွေ့ဆုံခွင့်ရတဲ့အချိန်

အဲ့ဒီအချိန်တွေဟာ လူတွေသတ်မှတ်ကြမယ့်သမီးရဲ့ပြီးပြည့်စုံချိန်တွေပဲပေါ့။

ဒါပေမဲ့ မေမေပြောတာ နားထောင်ပါ။ သမီးဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ မေမေကိုယ်တိုင်ကလည်း သမီးကို ပြီးပြည့်စုံ သူတစ်ယောက်ဖြစ်လာဖို့ ဘယ်တော့မှ မျှော်လင့်မှာမဟုတ်ပါဘူး။ ဒီလိုပြောလို့ သမီးစိတ်ထဲရှုပ်ထွေးမိလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါက မေမေ့ဆန္ဒအမှန်ပါပဲ။ လောကကြီးမှာ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ အဲ့ဒီပြီးပြည့်စုံမှုဆိုတဲ့ အရာနောက်ကိုလိုက်ရင်း မောပန်းနေတဲ့သူတွေကို မေမေ အများကြီးတွေ့ဆုံဖူးခဲ့ပြီ။ ပြီးပြည့်စုံမှုကသာ ဘဝရဲ့ အဓိပ္ပာယ်လို့ ခံယူလိုက်တာနဲ့ အဲ့ဒီပြီးပြည့်စုံလိုတဲ့လောဘတွေကလည်း သူ့တစ်ဘဝလုံးကို တကောက်ကောက် ပြန်လိုက်တော့တာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရည်မှန်းသလို ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျမယ်။ တခြားသူတွေနဲ့ယှဉ်ပြီး ကိုယ့်ကိုယ် ကိုယ်အားငယ်မယ်။ ဝမ်းနည်းမယ်။ ကိုယ့်ထက်နိမ့်သူတွေကိုမကြည့်ဘဲ ကိုယ့်ထက်မြင့်သူတွေကိုပဲလိုက်ကြည့် ပြီး ကိုယ့်လုပ်နိုင်စွမ်းတွေကို အထင်သေးလာတော့မယ်။ ကိုယ်ပိုင်ဆန္ဒတွေထက် လူတွေရဲ့ချီးကျူးခံရဖို့ပဲ ကြိုး စားရင်း ဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုတွေ ဆုံးရှုံးလာတော့တယ်။ သမီးလေးကို မေမေ အဲ့ဒီလိုမဖြစ်စေချင်ဘူး။

ယုံပါ။ လူတိုင်းမှာ သူများနဲ့မတူတဲ့ ကိုယ်ပိုင်စွမ်းရည်တွေ ပိုင်ဆိုင်ထားကြပါတယ်။ သမီးမှာလည်း သမီး လုပ်နိုင်တဲ့ အသေးအဖွဲလေးတွေကော၊ ကြီးကြီးမားမားတွေကော အများကြီးရှိနေပါတယ်။ ပြီးပြည့်စုံသူဆိုတာ ထက် ပိုနေပျော်စရာကောင်းတဲ့ဘဝကို သမီးလေးပိုင်ဆိုင်ထားပြီးသားပါ။ သမီးဟာ သမီးဖြစ်နေတာနဲ့တင် အဖိုး တန်ရတနာတစ်ပါးဖြစ်နေပြီးသားပါ။ ဒါကြောင့် သမီးကိုယ် သမီးချစ်ပါ။ သမီးရဲ့အားနည်းချက်တွေကို လက်ခံပါ။

ပြီးတော့ သမီးရဲ့အဖိုးတန်ဘဝအချိန်တွေကို သမီးရဲ့အိပ်မက်တွေနောက်လိုက်ရင်း စစ်မှန်ပျော်ရွှင်စွာနဲ့ ပဲ ကုန်ဆုံးခွင့်ပြုလိုက်ပါနော်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။