လက်မြှောက်အရှုံးပေးချင်လာတဲ့အခါ သင့်အိပ်မက်ကို သတိရလိုက်ပါ။

blank

မိတ်ဆွေ…

လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပြီး အဲ့ဒီအိပ်မက်တွေတကယ်ဖြစ်လာချင်စိတ်လည်း ရှိကြပါ တယ်။ အိပ်မက်ဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်ကွဲတစ်ပြားဖြစ်နေတဲ့ မိသားစုတွေ ပြန် လည်ဆုံစည်းချင်တာ၊ ဝိတ်ချချင်တာ၊ အစွဲအလန်းတစ်ခုကို ရပ်တန့်ပစ်ချင်တာ၊ ဒါမှမဟုတ် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ချင်တာ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ လ တွေ၊ နှစ်တွေသာ ကုန်လွန်သွားပေမဲ့ ရည်မှန်းချက်တွေက အကောင်အထည်ပေါ်မလာပါဘူး။ ဘာ တစ်ခုမှပြောင်းလဲမလာတာကြာတော့ စိတ်ပျက်လာပါတယ်။ အဲ့ဒီရည်မှန်းချက်တွေဟာ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူးလို့ ထင်လာပါတယ်။

တကယ်တော့ လူတိုင်းဟာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေ၊ နာကျင်စရာတွေကို ရင်ဆိုင် ကျော်လွှားကြရသူတွေချည်းပါပဲ။ နာကျင်မှုဆိုတာလည်း ဘဝရဲ့ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနာကျင်စရာတွေက ကျွန်မတို့အတွက် ရန်သူမဟုတ်ပါဘူး။ နာကျင်စရာတွေကမှ ကျွန်မတို့ရဲ့ ဘဝ တွေကို ပြောင်းလဲပေးတာပါ။ သင်က နာကျင်မှုတွေကို မကြိုက်နှစ်သက်ဘူးဆိုရင်တောင်မှ အဲ့ဒီ နာကျင်စရာတွေက သင့်ကို တစ်ခုခုတော့ တိုးတက်သွားစေတာ အမှန်ပါပဲ။

ဒါကြောင့် သင့်အိပ်မက်တွေကို ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။

အခက်အခဲတွေကြုံလာတဲ့အခါ သင့်ရှေ့မှာရှိနေတဲ့ အခွင့်အရေးတွေအကြောင်း တွေးလိုက်ပါ။ စိုးရိမ်ပါ။ ဒါပေမဲ့ မညည်းညူပါနဲ့။ သင့်မှာ သင့်အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အစွမ်းရှိနေ ပါတယ်။ နာကျင်စရာတွေကြောင့် ဆင်ခြေလည်း မပေးပါနဲ့။ နာကျင်မှုမရှိရင် သင့်ပန်းတိုင်ကို ရောက်ရှိ နိုင်မှာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ နာကျင်မှုတွေကို သင်ကိုယ်တိုင်ဖန်တီးတာပါ။ တချို့နာကျင်မှုတွေ ကိုတော့ တခြားသူတွေက ဖန်တီးတာဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘယ်အခြေအနေမှာဖြစ်ဖြစ် နာကျင်မှုတိုင်းရဲ့နောက်ကွယ်မှာ ဖြေရှင်းစရာနည်းလမ်းတွေ ရှိနေတာကို သတိရပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နာကျင်မှုဆီကရတဲ့ အတွေ့အကြုံတွေက သင့်ကို ပိုကြံ့ခိုင်သန်မာလာစေမှာပါ။ သင့်ကိုယ်သင် ယုံကြည်မှုတွေ ပိုရှိလာစေမှာပါ။ ဒါကြောင့် နာကျင်မှုကြောင့် သင့်ကိုယ်သင် ဘယ်တော့မှ မရပ်တန့်သွားစေပါနဲ့။ နာကျင်မှုကို သင့်အောင်မြင်မှုအတွက် အသုံးပြုပါ။ အဲ့ဒီကရတဲ့ သင်ခန်းစာတွေနဲ့ သင့်အိပ်မက်တွေဆီရောက်အောင် ပြင်လိုက်ဆင်ပါ။ ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ ဖြစ်မလာသေးတာဟာ ဖြစ်မလာတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။

လက်ရှိအချိန်မှာ သင်လုပ်စရာရှိတာကိုသာ အပြည့်အဝအာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်ပါ။ အခက်အခဲတွေကတော့ သင့်အိပ်မက်တွေ ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့တိုက်ခိုက်မှာပါပဲ။ သင့်ကိုယ်သင် ယုံကြည်မှုတွေပျက်ပြားအောင် အားထုတ်မှာပါပဲ။ အရှုံးပေးလိုက်ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ အရှုံးပေးချင်စိတ်တွေဝင်လာတဲ့အခါ သင့်အိပ်မက်တွေကို သတိရပါ။ သင်အမြဲတမ်းမက်ခဲ့တဲ့ အိပ်မက်တွေကို ပြန်တွေးကြည့်လိုက်ပါ။ အဲ့ဒီအိပ်မက်တွေအပေါ်ထားရှိတဲ့ သင့်ရဲ့ယုံကြည်မှုတွေကို ပြန်စဉ်းစားပါ။

ရပ်မနေချင်ရင်တော့ ရှေ့ဆက်သွားရမှာပါပဲ။  ဒါကြောင့် သင့်အိပ်မက်တွေတကယ်ဖြစ်လာဖို့  သင်လျှောက်နေတဲ့လမ်းကို ယုံယုံကြည်ကြည်နဲ့ရှေ့ဆက်လျှောက်လိုက်ပါ။