ကိုယ့်ကိုယ်ကို သံသယစိတ်တွေဖယ်ရှားပြီး ယုံကြည်မှုတွေတည်ဆောက်နိုင်စေဖို့

blank

ဆုံးဖြတ်စရာကိစ္စတစ်ခုခုနဲ့ကြုံလာရင် “လုပ်နိုင်ပါ့မလား” ဆိုပြီး ကိုယ့်ကိုယ်ကိုသံသယစိတ်နဲ့ တွေဝေတုံ့ဆိုင်းမိတတ်ကြတာ လူအများစုရဲ့သဘာဝပါ။ အဲဒီသံသယဝင်ပါများလာတဲ့အခါ အလုပ် တွေ  မလုပ်ဖြစ်တော့ဘဲ ဘဝတိုးတက်လမ်းတွေအတွက် တံတိုင်းတစ်ခုလို ပိတ်ဆို့လာပါတော့တယ်။ ပိတ်ဆို့နေတဲ့တံတိုင်းကို ဘယ်လိုကျော်လွှားကြမလဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရရှိအောင် ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ အကြံပြုချက်လေးတွေကို ရေးသားတင်ဆက်လိုက်ပါတယ်။

၁။ ရည်မှန်းချက်ချမှတ်ပါ။

ကိုယ်တကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကသာ ကိုယ့်ကို စိတ်အားထက်သန်စေမှာဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရာမှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ တန်ဖိုးထားမှုတွေ ပိုမိုတည်ဆောက်နိုင်စေပါတယ်။

၂။ အားပေးအကြံပြုတတ်သူတွေနဲ့ ပေါင်းပါ။

အလုပ်တစ်ခုလုပ်ဖို့ ကိုယ့်အစွမ်းအစကိုယ် သံသယဝင်နေချိန်မှာ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ အားသာချက်တွေကို ထုတ်ဖော်ပြောဆိုအားပေးမယ့်လူတွေ ကိုယ့်ဘေးမှာရှိဖို့က အရေးကြီးပါတယ်။ ကိုယ့်စိတ်ကူးတွေပုံပေါ်လာဖို့ဆိုရင် အကြံပြုအားပေးတတ်သူတွေနဲ့ ပေါင်းသင်းဖို့လိုအပ်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ တိုးတက်မှုဆီရှေးရှုတဲ့အတွေးတွေပဲ တွေးပါ။

ဘဝတိုးတက်စေဖို့ စတင်နိုင်မယ့်ခြေလှမ်းတွေအကြောင်း စဉ်းစားပါ။ အဲဒီခြေလှမ်းတွေ ရှေ့ ဆက်နိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုတွေကို တည်ဆောက်နိုင်မယ့်နည်းလမ်းတွေကိုရှာဖွေပါ။ တွေးလိုက် သမျှတိုင်းက တိုးတက်မှုဆီရှေးရှုတဲ့ အပြုသဘောဆောင်တဲ့အတွေးတွေပဲဖြစ်အောင် ကြိုးစားပါ။

၎။ အပြစ်တင်တတ်တဲ့စိတ်ကို ဖယ်ရှားပါ။

ရှုံးနိမ့်မှုကြုံတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အဲဒီလို အပြစ်တင်တာက ကိုယ့် လုပ်နိုင် စွမ်းအပေါ် သံသယဖြစ်စိတ်ကို ပိုကြီးထွားလာစေပါတယ်။ အပြစ်တင်မယ့်အစား နာကျင်မှုတွေ သက်သာအောင် နှစ်သိမ့်ပေးခြင်းက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

၅။ စိတ်တက်ကြွစေမယ့်အရာတွေကို ရှာဖွေပါ။

ကိုယ့်ကိုစိတ်တက်ကြွစေမယ့် သီချင်းတွေနားထောင်ပါ။ စာအုပ်တွေဖတ်ပါ။ လှုပ်ရှားမှုတွေ ပြုလုပ်ပါ။ စိတ်တက်ကြွခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ တစ်ယောက်ရဲ့ သွင်ပြင်ဟာ တခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိစေပါတယ်။

အားလုံးလည်း ယုံကြည်မှုအပြည့်နဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းနိုင်သူတွေ ဖြစ်ကြပါစေရှင်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။