“ကိုယ့်ရွေးချယ်မှု ကိုယ်ကျေနပ်နိုင်ရမယ်” ဆိုတဲ့ AAT ရဲ့ပဲ့ကိုင်ရှင် ဆရာမဒေါ်အေးအေးသန့်နဲ့ တွေ့ဆုံခြင်း။

blank

ဂန္ထဝင်ပရိသတ်ကြီးရေ

“ပုခက်လွှဲတဲ့ လက်တွေဟာ ကမ္ဘာကြီးတစ်ခုလုံးကိုတောင်ချုပ်ကိုင် လွှမ်းမိုးနိုင်တယ်”တဲ့။ အဲဒီစကားလေးဟာ အပြောသက်သက် မဟုတ်ဘူးဆိုတာကို ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ မြန်မာအမျိုးသမီးတွေက သက်သေပြနေပါတယ်။ ဒါ့ကြောင့် ရည်မှန်းချက်တွေ ပြင်းပြပြီး မိမိသာဆန္ဒရှိမယ်ဆိုရင် အောင်မြင်မှုကို ရရှိနိုင်တယ်ဆိုတာကို ဂန္ထဝင်ညီမငယ်များ အတုယူနိုင်အောင် “အောင်မြင်ကျော်ကြား မြန်မာအမျိုးသမီးများ” ဆိုတဲ့ကဏ္ဍလေးကို အပတ်စဉ်တင်ဆက်လျက်ရှိပါတယ်။

ယခုတစ်ပတ်မှာတော့ ကြုံလာသမျှအခက်အခဲတွေကို ရဲရင့်စွာရင်ဆိုင်ပြီး မိမိယုံကြည်ရာတွေကို လက်တွေ့အကောင်အထည်ဖော်ရင်း အောင်မြင်မှုတွေ တပွေ့တပိုက်ရရှိထားတဲ့ AAT Business Park ကို ဦးစီးနေတဲ့ ဆရာမ ဒေါ်အေးအေးသန့်နဲ့ (၅)မိနစ်တာ အမေးအဖြေလေးကို ဂန္ထဝင်ညီမငယ်လေးများ အားကျအတုယူနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မင်္ဂလာပါဆရာမ။ ပထမဦးဆုံး ဆရာမအကြောင်းကို စာဖတ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦး။

တီချယ်က အေးအေးသန့်ပါ။ AAT Business Park ရဲ့ တည်ထောင်သူနဲ့ မန်နေဂျင်း ဒါရိုက်တာပါ။

၂။ ဆရာမရဲ့ပညာရေးနဲ့ ရရှိခဲ့တဲ့ဘွဲ့တွေအကြောင်းလည်း ပြောပြပေးပါဦး။

တီချယ်ရဲ့First Degree က ရန်ကုန် စက်မှုတက္ကသိုလ်ကနေ B.E အင်ဂျင်နီယာပါ။ တီချယ့် second Degree ကတော့ MBA Finance International University of Japan က ဂျပန်ကနေ ပြီးထားတာပါ။ Teacher ရဲ့ concentration က finance ပါ။ Teacher က ILO , Entrepreneurship and SME support ရဲ့ master trainer လည်းဖြစ်ပါတယ်။ Master Trainer ဆိုတာ trainer တွေကို မွေးထုတ်ပေးရတာပါ။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဆရာမရဲ့မိသားစုဝင်တွေအကြောင်းကိုလည်း အနည်းငယ်လောက် ပြောပြပေးပါ။

အမေရှိတယ်။ နောက် အမျိုးသားနဲ့ သားလေးရှိပါတယ်။

၎။ ဆရာမ အခုလောလောဆယ် ဦးစီးလုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေကိုလည်း ပြောပြပေးပါဦး။

ခုလောလောဆယ် AAT Business Park မှာ အခု University of Leige, Belgium နဲ့ တွဲပြီးဖွင့်ထားတဲ့ Executive Master in Advance Management (EMAM) ပေါ့နော်။ Executive Course တစ်ခုကို တီချယ် run ပါတယ်။ နောက်ပြီးတော့ တီချယ်ဟာ Mandalay region မှာရှိနေတဲ့ entrepreneur တွေကို လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Improve your Business ဆိုတဲ့ programme လေးကို တီချယ် run ပါတယ်။ နောက်တစ်ခုကတော့ ILO မှာMaster Trainer ဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ entrepreneur အသစ်တွေ ထွက်လာဖို့အတွက် တီချယ်မှာ တာဝန်ရှိတဲ့အတွက် အဲဒီအတွက် campaign လေးလုပ်ပြီးတော့ တီချယ် entrepreneur အခု အသစ် (၂၄) ယောက်ကို၊ သူတို့ကို training ပေးနေပါတယ်။

၅။ AAT ကိုစတင်လုပ်ကိုင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပေးပါဦး။

တီချယ် ဒီ field ကိုရောက်နေတာ (၂၂) နှစ်ရှိပါပြီ။ (၁၉၉၉) ခုနှစ်မှာ တောင်အာဖရိကနိုင်ငံမှာ ပညာရေး conference တစ်ခုကို သွားတက်တဲ့အခါမှာ ဒီမတိုင်ခင်ကတည်းက မြန်မာပြည်က ဘာလိုနေလို့လဲ။ စီးပွားရေးလုပ်ငန်းတွေမှာ ဘာတွေလိုအပ်သလဲ ဆိုတဲ့ question mark က တီချယ်မှာ အမြဲရှိနေတာပေါ့လေ။ တခြားသော အိမ်နီးနားချင်းတိုင်းပြည်အပြင်မက တောင်အာဖရိကကို ရောက်တဲ့အခါမှာ ကွာခြားချက်တွေကို ပိုပြီးတွေ့ရတယ်။ အဲဒီကွာခြားချက်တွေက ဘာလဲဆိုတာကို အဖြေရှာတဲ့အနေနဲ့ management ကို အဲတုန်းကတည်းက စပြီးတော့ လေ့လာလိုက်စားခဲ့တယ်။ တစ်ခါ တောင်အာဖရိကမှာ ဘာတွေ့ခဲ့လဲဆိုတော့ employment school လေး တွေ့ခဲ့တယ်။ ဒါဘာလဲဆိုရင်   တောင်အာဖရိကမှာ စိန်ထွက်တယ် ရေနံထွက်တယ် ရွှေထွက်တယ် ကမ္ဘာ့တတိယ အကြီးဆုံး Victoria သင်္ဘောဆိပ်ကမ်းရှိတယ်။ ဆိုလိုတာက စီးပွားရေးလုပ်ငန်းကြီးတွေရှိတယ်။ အဲဒီတော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကို သူတို့က အတန်းပညာက ဘယ်လိုရှိပါစေ ဘယ်အလုပ်မှာလုပ်ချင်သလဲ အဲ့ဒါကို employ လုပ်ဖို့အတွက်ကို train ပေးမယ့် employment school လေးကို အစိုးရက ဖွင့်ထားပေးတာ တွေ့ခဲ့ရတယ်။ တီချယ်တို့ တိုင်းပြည်မှာ လိုနေတာ အဲဒါဖြစ်နေတယ်။ လုပ်ငန်းရှင်တွေအတွက် စာတတ်တဲ့သူတွေတော့ ရောက်လာတယ်။ ဒါပေမယ့် အလုပ်ခွင်နဲ့ fit ဖြစ်တဲ့သူတွေ မတွေ့ဘူး။ အဲဒါနဲ့ တီချယ်က AAT Business School ဆိုပြီးတော့ (၂ဝဝ၁) ခုနှစ်က စတင်ခဲ့တယ်။ ခုတော့ နောက်ပိုင်းတဖြည်းဖြည်းမှာ entrepreneurship ဘက်ကို ရောက်လာခဲ့ပြီးတော့ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အဓိကကတော့ entrepreneur ကို ပံ့ပိုးခဲ့တာပေါ့လေ။ အဓိက နည်းပညာပံ့ပိုးပါတယ်။

၆။ AAT အပြင် အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ဖြစ်တာမျိုး ရှိပါသလား ဆရာမ။

အခြားစီးပွားရေးလုပ်ငန်း Distribution လုပ်တာမျိုးလေးတွေ ရှိပါတယ်။

၇။ ဆရာမအနေနဲ့ အခုလက်ရှိနေရာကိုရောက်ဖို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေနဲ့ အတွေ့အကြုံလေးတွေကို မျှဝေပါအုံး။

အတွေ့အကြုံတွေက အများကြီးပေါ့။ အခက်အခဲတွေကလည်း အများကြီးပေါ့။ (၂၂) နှစ်တာကာလမှာ အခက်အခဲတစ်ခုကို ဖြေရှင်းပြီးတဲ့အအခါ ငါဖြေရှင်းပြီးသွားပြီဆိုပြီး စိတ်ချလက်ချအိပ်လိုက်နိုင်ပေမယ့် နောက်တစ်နေ့ မနက်ကျတော့ မတူညီတဲ့ နောက်ထပ်အခက်အခဲတစ်ခုက အမြဲရောက်လာတဲ့အခါမှာ အခက်အခဲတွေက အများကြီးပေါ့လေ။ များသောအားဖြင့်တော့ HR အခက်အခဲပေါ့။ ဘဝမှာ ကြီးကျယ်တဲ့ finance အခက်အခဲနှစ်ခါကြုံခဲ့ဖူးတယ်။ ဒါကို ကျော်လွှားနိုင်ခဲ့တယ်။ HR အခက်အခဲတွေဖြစ်တယ်။ ဒါကိုလည်း ဒီလိုပဲကျော်လွှားခဲ့ရတာပေါ့။ ဆိုတော့ အခက်အခဲတွေက အမြဲတမ်းရှိပါတယ်။ ဒါပေမယ့် အစကတည်းက ဒီအလုပ်တွေကို ကိုယ်တိုင်အောက်ခြေကစပြီးတော့ လုပ်ခဲ့သူတစ်ယောက်အနေနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားတဲ့အခါမှာ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင်သိထားတဲ့သူ တစ်ယောက်အနေနဲ့ အရမ်းကြီးမခက်ခဲဘူး။ နောက်ပြီး မိတ်ဆွေအပေါင်းအသင်းကောင်းတွေ ပေါတဲ့အတွက် အခက်အခဲတွေကျော်လွှားတဲ့အခါမှာ ခဏလေးနဲ့ ပြေလည်သွားတာများပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ချစ်ခင်မှုကလည်း လုပ်ငန်းလုပ်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။

၈။ အခုလောလောဆယ် AAT မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ သင်တန်းအမျိုးအစားတွေက ဘာတွေရှိလဲ ဆရာမ။

တီချယ်ဆီမှာ ခုနကပြောသလို entrepreneurship နဲ့ ပတ်သတ်လို့ရှိရင် modules တွေအများကြီးရှိပါတယ်။ Marketing, Human Resource, People Management, People and Productivity, Costing, Record Keeping, Finance, Stock Control, Financial Planning ဒါကတော့ သာမန် course လေးတွေပေါ့လေ။ ခုနကပြောသလို executive course တွေနဲ့ ပတ်သတ်လို့ရှိရင် University of Liege တွဲပြီးတော့ တီချယ်တို့ Executive Master in Advance Management ဆိုတာ လူကြီးတွေအတွက်ပေါ့။ လူကြီးလုပ်ငန်းရှင်တွေ ထိထိရောက်ရောက်လေး သူတို့ရဲ့လုပ်ငန်းတွေကို restructure လုပ်ချင်တဲ့သူတွေ အတွက်ပေါ့။ အဲဒီ လုပ်ငန်းရှင် တွေဆိုတဲ့ထဲမှာ အစိုးရပိုင်းကလူကြီးတွေလည်း လာတက်တာ တွေ့ရပါတယ်။ နောက် ဆယ်တန်းဖြေထားတဲ့ လူငယ်တွေအတွက် HND ပေါ့ Higher National Diploma ဖွင့်ထားပါတယ်။

၉။ အနာဂတ်မှာ AAT ကို ဒီထက်ပိုအောင်မြင်အောင် ဘယ်လိုမျိုးချဲ့ထွင်သွားမယ်လို့ စီစဉ်ထားပါသလဲ ဆရာမ။

တီချယ်တို့က အစကတည်းက လမ်းကြောင်းကို သေချာရွေးပြီးမှ သွားထားတာလေ။ မြန်မာပြည်မှာ ပထမဦးဆုံး Business School ပါ။ Business ကို စပြီးတော့တကယ်သင်ချင်တဲ့ လုပ်ငန်းရှင်တွေကို စာသင်ခန်းထဲရောက်အောင် Private Section ကနေစခဲ့တဲ့ လုပ်ငန်းပါ။ အခုလည်း တကယ်ပဲ focus လုပ်ထားတာပါ။ entrepreneur ဆိုတော market က ကျဉ်းတယ်။ အဲဒီကျဉ်းကျဉ်းလေးကိုပဲ တကယ့်specilize လုပ်ပြီး တကယ် core competence နဲ့သွားနေတာပါ။ ရေရှည်မှာလည်း တီချယ်တို့က ဒီလမ်းကိုပဲ ဆက်သွားဖို့ရှိတယ်။ တစ်ခုပဲရှိတယ် မြန်မာပြည်မှာ အဓိကလိုနေတာ vocational ပေါ့။ အဲဒီ vocational ကိုပဲ တော့ diversity လုပ်ဖို့ရှိပါတယ်။

၁ဝ။ အလုပ်တွေကြောင့် ပင်ပန်းနွမ်းနယ်တဲ့အခါ အပန်းဖြေဖို့ ဘာတွေကိုလုပ်ရတာနှစ်သက်ပါသလဲ။

တရားထိုင်ရတာကတော့ တီချယ်ရဲ့ နံပါတ် (၁) အလုပ်ပါပဲ။ ကျန်တာတော့ ခရီးသွားတယ်။ တရားထိုင်လိုက်တာနဲ့ ခရီးသွားတာ အဲဒီကိစ္စတွေက တီချယ်အတွက် အလုပ်ပြီးရင် နောက်ထပ်နှစ်ခုပေါ့နော်။

၁၁။ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံနိုင်အောင် ဘယ်လိုမျိုးစိတ်ဓာတ်ကို မွေးမြူထားလဲ ဆရာမ။

တီချယ်က အမြဲတမ်း အကောင်းမြင်တတ်ပါတယ်။ အခက်အခဲတွေကို ထိုင်ပြီးcount လုပ်ပြီး ဒါဘယ်သူ့ကြောင့်ဘယ်ဝါ့ကြောင့်ဆိုပြီး တွေးဖို့အချိန်မရဘူး။ တွေးချင်တောင် တွေးဖို့ အချိန်မရဘူး။ ဒါဖြစ်သွားပြီ ဘာဆက်လုပ်ရမလဲဆိုတာပဲအမြဲတွေးတယ်။ Positive attitude ပေါ့လေ။ ငယ်ငယ်တုန်းကတော့ ဘာကြောင့် ဖြစ်ရတာလဲ ဆိုပြီး မဖြစ်ဖြစ်အောင်လိုက်လုပ်တဲ့စိတ်ပေါ့။ ကြီးလာတဲ့အခါရောက်တော့ Things are going on ပဲ။ Some circumstances are out of my control လေ။ ဒါကြောင့်မို့ ကိုယ့် control အောက် မရှိတဲ့ ကိစ္စတွေဆို သိပ်မပူတတ်တော့အောင် စိတ်ကိုလေ့ကျင့်တယ်။ meditation လုပ်တဲ့နည်းတွေနဲ့ပဲ စိတ်ကို လေ့ကျင့်တယ်။

၁၂။ ဆရာမ အနေနဲ့ အမြဲမပျက် self-improvement တွေဖြစ်နေအောင် ကိုယ့်ကိုယ်ကို ဘယ်လို train လုပ်လေ့ရှိပါသလဲ။

တီချယ်က အစကတည်းက self-study လုပ်ပြီးတော့ ဒီလမ်းကြောင်းထဲ ရောက်နေတာလေ။ MBA နှစ်နှစ်ကို full time တက်တာကလွဲရင် ကျန်တာက ကိုယ့်ကိုယ်ကို အမြဲတမ်း self-study လုပ်ပြီးတော့ ဒီကျောင်းကို run နေတာလေ။     စာအမြဲတမ်းဖတ်ပါတယ်။ နောက်ပြီးတော့ တီချယ့်က ILO မှာ master trainer ဖြစ်နေတဲ့အတွက် ILO က တီချယ်ကို နည်းပညာအသစ်တွေ regularly ပေးနေတာ ရှိတယ်ပေါ့။ အဲဒါက တီချာ့အတွက် training တစ်မျိုးပေါ့နော်။ တီချယ်က အမြဲတမ်း learning အမြဲတမ်းလုပ်နေတယ်။ ဘာမှ learn လုပ်ဖို့မရှိတော့ရင်တောင် ဝိပဿနာ learn လုပ်တယ်။ တီချာအတွက် သိစရာတွေ ကျန်နေသေးတာပေါ့နော်။

၁၃။ စာအုပ်တွေဖတ်ရင်ရော ဘယ်လိုမျိုးလေးတွေ ဖတ်ဖြစ်လဲ ဆရာမ။

အရင်တုန်းကတော့ စုံထောက်ဝတ္ထုတွေပေါ့ မောင်ထွန်းသူတို့ မောင်မိုးသူတို့ Detective လိုမျိုးပေါ့နော် ။ စုံထောက်ရယ်လို့တော့ မဟုတ်ဘူးပေါ့ အဲသဘော ခပ်ဆန်ဆန် business related like adventure, mystery အဲဒါမျိုးလေးတွေ။ ခုနောက်ပိုင်းတော့ ဝိပဿနာနဲ့ ပတ်သတ်တာလေးတွေ ဖတ်ချင်နေတယ်ပေါ့ အဲဒါလေးတွေ ကိုယ်အတွက်သိဖို့ လိုနေသလားပေါ့။ ဒါကြောင့် အဲဒါလေးတွေ ဖတ်ဖြစ်တယ်။ မောင်ထွန်းသူတို့ မောင်မိုးသူတို့ကို ခဏနားထားလိုက်တယ်ပေါ့။

၁၄။ ဆရာမအနေနဲ့ မိသားစုနဲ့ အလုပ်ကို ဟန်ချက်ညီညီဖြစ်အောင် အချိန်တွေကို ဘယ်လိုစီမံပါသလဲ။

ဟိုးအရင်တုန်းကတော့ Business မှ Business ပဲဆိုပြီး မိသားစုကို အမြဲတမ်း second priority နေရာမှာ ထားတာပေါ့။ အဲဒီအတွက် အကျိုးဆက်က suffering ရှိတာပေါ့။ ကလေးဆိုရင်လည်း ကိုယ့်ကို သူအဖေလောက် မချစ်တာတွေဘာတွေ ရှိတာပေါ့။ နောက်တော့ တခြား ကိုယ်ကိုယ်တိုင်လည်း အဲလိုစိတ်မဟုတ်ပါဘူး။ တကယ်တမ်းလည်း သူ့ကို အဲလိုမထားနိုင်ဘူး။ ပြီးတော့သူက တစ်ဦးတည်းသောသားလည်း ဖြစ်တယ်။ ဒီတော့ တီချယ်integrate လုပ်ဖို့ ကြိုးစားတယ်။integrate ဆိုတာ ဥပမာ business trip ပေါ့။ ဒါပေမယ့် အဲ့ဒီမှာ သူလည်းပါနိုင်အောင် သူ့အားလပ်ရက်မှာစီစဉ်တဲ့business trip ပေါ့။ အမေကအလုပ်လုပ် ကလေးကလျှောက်လည်ဆိုတော့ balance ဆိုတာထက် integrate ဖြစ်အောင်ကြိုးစားထားတော့ integrated ဖြစ်နေတာပေါ့။ Business မဆန်ဘူးပဲပြောပြော professional မဆန်ဘူးပဲပြောပြော ကိုယ်ကမိခင်ဆိုတော့ ကလေးကို ဒီလိုတော့လည်း မထားနိုင်ဘူးပေါ့။ Integrate လုပ်လိုက်တာ အားလုံးကို ease ဖြစ်စေတယ်လေ။ ကိုယ့်အမေ ဘယ်လောက်အလုပ်လုပ်နေသလဲဆိုတာကို သူတို့မြင်လာတယ်။

၁၅။ လူတွေဟာ ဘယ်လောက်ပဲအောင်မြင်အောင်မြင် အေးချမ်းစွာ နားခိုချင်တဲ့ အသိုက်အမြုံလေးတွေရှိတတ်ကြတယ်တဲ့။ ဆရာမရဲ့ကွန်းခိုရာလေးကို ဝေဆည်နေစေဖို့ ဘာတွေလုပ်ဖြစ်လဲဆရာမ။

ဘာတွေလုပ်ဖြစ်လဲဆိုတော့ openness ပေါ့နော်။ မိသားစုဝင်တွေကြားထဲမှာ open ဖြစ်တယ်။ အရင်တုန်းကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပေါ့။ ငြင်းခုံကြတာပေါ့။ ခုကျတော့ သူ့ကိုတစ်လှည့်ပေးလုပ်တာမျိုး ၊ ကိုယ်မကြိုက်ပေမယ့်လည်း သူကြိုက်တဲ့ ကားကို ကိုယ်ကနဲနဲဝိုင်းကြည့်ပေးတာမျိုး လိုက်လျောပေးတာမျိုးတွေ လုပ်တယ်ပေါ့။ အဲဒီအတွက် ကိုယ်တရားထိုင်ရင်လည်း သူတို့က ကိုယ့်အတွက် support လုပ်တာမျိုး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပါပ။ဲ အထွေအထူးတွေတော့ အများကြီးမလုပ်ဖြစ်ပါဘူး။ နည်းနည်းနားလည် ခွင့်လွတ်ပေးတယ်ပေါ့နော်။

၁၆။ အမျိုးသမီးတွေမှာ မွေးရာပါ management skills တွေရှိနေတယ်တဲ့ ဆရာမရေ။ အမျိုးသမီးတွေအနေနဲ့ အဲဒါကို ဘဝအောင်မြင်ရေးအတွက် အသုံးချတတ်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးပါဦး။

တီချာကတော့ အမြဲတမ်းပြောတယ်။ ကော်ဖီတစ်ခွက်တောင်မှ management လိုတယ်လေ။ ကော်ဖီ ပန်းကန်ပြားနဲ့ ပန်းကန်လုံးနဲ့က ဆင်တူဖြစ်ရမယ်။ ကော်ဖီကလည်း တစ်လုံးလို လေးဖြစ်ရမယ်။ဗန်းကလေးလည်းပါရမယ်၊ တစ်ရှူးလေးလည်းပါရမယ်။ ဒါ management ပဲ။

အဲတော့ management ဆိုတာ အထွေအထူးမဟုတ်ဘူး။အချိန်မီဖြစ်ရမယ်ဆိုတာလည်း management ပဲလေ။ ဆိုတော့ မိန်းကလေးတွေမှာ ဒါတွေက ပါလာပြီးသား။ နဲနဲစိတ်ဝင်စားပြီးတော့ လူတွေကို ဘယ်လိုလေးလုပ်ပေးရင် ကောင်းမလဲ ဆိုတာမျိုး ဘယ်လိုကောင်းအောင် လုပ်မလဲ ဆိုတဲ့စိတ်ကလေးနဲ့ပေါ့။

နောက်တစ်ခုက work for the cause, not for the company ဒီမှာမို့လို့လုပ်တယ် ဆိုတာမျိုးထက် ဘယ်လိုအကြောင်းရင်းနဲ့ အလုပ်လုပ်နေသလဲ ဆိုတာရှိတယ်ပေါ့နော်။ ဥပမာ တီချယ်ဆိုရင် ဘာအတွက်အလုပ်လုပ်နေသလဲဆိုရင် အရမ်းအောင်မြင်ချင်ခဲ့တာကိုး။ achievement အရမ်းရချင်ခဲ့တာ။

မိန်းကလေးတွေမှာ ဒီလိုအကြောင်းရင်းတွေနဲ့ဆိုရင် management ဟာ သူ့အလိုလိုတွဲပါလာမှာပဲလေ။ သူတို့မှာ အခြေခံရှိနေပြီးသား။ ဘာအတွက်လုပ်နေတာလဲ ဘယ်လောက်ကောင်းအောင် လုပ်မလဲ ဆိုတဲ့စိတ်ကလေးပဲ။ အဓိကကတော့ attitude ပါပဲ။ ဘယ်လိုစိတ်ထားနဲ့ အလုပ်လုပ်မလဲ။ ပြီးစလွယ် ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကလည်း ကော်ဖီပါပဲ။

အခုနကပြောသလို သောက်ချင်စဖွယ်လေး ဖြစ်နေတာကလည်း ကော်ဖီပဲ။ အဲဒီနှစ်ခုရဲ့ ကွာခြားချက်က အဲဒီအချိန်မှာထားတဲ့ စိတ်ထားပဲပေါ့။ အဲတော့ အဲဒီနှစ်ခု ကွာခြားချက်က ကြည့်လိုက်ရင် management လို့ ထင်ရတာပေါ့။ တကယ်တော့ ဒီလူနှစ်ယောက်ရဲ့ စိတ်ထားပါပဲ။ ခုနကပြောသလို cause ပေါ့။ အကြောင်းရင်းအတွက် အလုပ်လုပ်တာ မဟုတ်ဘဲနဲ့ company အတွက် အလုပ်လုပ်နေတဲ့သူတွေ ရှိတယ်လေ။

ဘယ်မှာမို့လို့လုပ်တယ်ဆိုတဲ့သူတွေကျတော့ တစ်နေရာမှာပဲ ရပ်နေတာပေါ့။ cause အတွက် အလုပ်လုပ်သူတွေကျတော့ အမြဲတမ်း improve ဖြစ်နေတာပေါ့။ အဲဒီနောက်မှာ management ဟာ အလိုလိုတွဲပါလာတာပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်အမေလဲ manager လို့သာနာမည်တပ်မခံရတာ မီးဖိုချောင်မှာ manager ပဲလေ ။ ဟင်းပွဲတွေ အချိန်မီထွက်ဖို့နဲ့ သက်သက်လွတ်က သက်သတ်လွတ်၊ ကလေးအတွက်က ကလေး၊ အချိန်မီထွက်ဖို့်က သူ့မှာ အချိန်မီ စီစဉ်ရတာပဲ။ အကုန်လုံး talents ကရှိပြီးသားပဲ။ ဘာအတွက်လုပ်သလဲ ဆိုတဲ့ attitude လေးပါပဲ။ ဒါမှ သူတို့ရဲ့ talents တွေ ဖော်ထုတ်နိုင်မှာလေ။ Talents တွေ ဖော်ထုတ်တာကို လူတွေက တကူးတကအလုပ်လို့ ထင်နေတယ်။ အဲဒီစိတ်ထားလေးနဲ့ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်ထားလေးနဲ့ point of view လေးကပဲ သူတို့ရဲ့ရလဒ်ကို ပြောင်းလဲပေးမှာပဲလေ။

၁၇။ ဘဝကိုတိုးတက်အောင်မြင်အောင်ကြိုးစားနေတဲ့ အမျိုးသမီးငယ်လေးတွေအတွက် စိတ်ဓာတ်ခွန်အားမြင့်တင်ပေးနိုင်မယ့် အားပေးစကားလေးပြောပေးပါဦး။
တီချာငယ်ငယ်လေးတုန်းက အမြဲတမ်းတွေးတယ်။ company ပိုင်ရှင် ဘယ်တော့မှဖြစ်နိုင်မယ် မထင်ခဲ့ဘူး။ အဲလိုမျိုးလေ။ ကိုယ်ကိုယ်တိုင်လည်း အင်ဂျင်နီယာဆိုတော့ ကိုယ့်ရဲ့dream စိတ်ထဲမှာ အချိန်တန်ရင် ရုံးသွား၊ ခြင်းကလေးဆွဲပြီးအိမ်ပြန်၊ လမ်းမှာအသီးအရွက်လေးဝင်ဝယ် ညနေကျရင်ထမင်းချက်စား ဒီလောက်ပဲ ကိုယ့်ကိုယ်ကို ဒီလိုပဲဖြစ်မယ် ထင်တာပဲလေ။ ဆိုလိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ Nothing is impossible.
၁၈။ ဆရာမအနေနဲ့ ဘာများဖြည့်စွက်ပြီး ပြောချင်တာလေး ရှိသေးသလဲ။

တီချယ်ကလေ SME support နဲ့ Entrepreneurship program ရဲ့ Master Trainer ဖြစ်ပြီးတော့ မြန်မာပြည်ရဲ့ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ တစ်စိတ်တစ်ပိုင်းက တာဝန်ရှိနေတော့ ဒီလုပ်ငန်းရှင်ဖြစ်လိုတဲ့ အမျိုးသမီးလေးတွေ အကူအညီလိုတယ် ဒါကိုဖြစ်ချင်တယ်ဆိုရင် တီချယ် ကူညီပေးချင်ပါတယ်။ တကယ်လည်းပဲ တီချယ်တို့ တိုင်းပြည်မှာ SMe အရမ်းနည်းသေးတယ်။ အမျိုးသမီးတွေနဲ့ အသင့်တော်ဆုံးက SMEပဲ။ ဘာလို့လဲဆိုတော့ ရုံးကို အချိန်ပေးပြီး တော့ အမြဲတမ်း သွားနေရတာဟာ သူတို့အနေနဲ့ family life ဖြစ်လာရင် အရမ်းကြီးမလွယ်တော့ဘူး။ SMEကကျတော့ သူတို့ဘဝကို သူတို့ control လုပ်နိုင်တယ်၊ သူတို့အလုပ်ချိန်ကိုသူတို့ control လုပ်နိုင်တယ်။ နောက် ခုနကပြောတဲ့ balance တို့ integration တို့က သူတို့လုပ်ငန်းရှင်ဖြစ်မှ လုပ်နိုင်မယ်။ ဒါကြောင့်မို့ သူတို့လုပ်ချင်တယ် ဖြစ်ချင်တယ်ဆိုလို့ရှိရင် တီချယ်က ကူညီချင်ပါတယ်။

၁၉။ ဆရာမကို ဒီလိုမျိုးအရမ်းအောင်မြင်ချင်အောင် ဒီလိုအရမ်းကြိုးစားချင်စိတ်ရှိအောင် ဘာတွေက လှုံ့ဆော်ပေးခဲ့တာလဲ။

ဘာတွေက လှုံ့ဆော်ခဲ့တာလဲဆိုရင် တီချယ့်ရဲ့ ဖြစ်ချင်စိတ်ပါပဲ passion ပေါ့နော်။ ဖြစ်ချင်စိတ်က တဖြည်းဖြည်းနဲ့ မရပ်ဘူး မြင့်နေတယ် ဓာတ်လေကားလိုပဲ အမြဲမြင့်နေတာ ပြန်မကျသွားဘူး။ တစ်ခုပြီးရင်နောက်တစ်ခု ဖြစ်ချင်နေတာ။ တီချယ်ရဲ့ ဖြစ်ချင်စိတ်တွေကပဲ ဖြစ်နေတယ်ထင်တယ်။ နောက်တစ်ခုက တီချယ့် ဂျပန်က ပြန်လာခဲ့ပြီးနောက်မှာ ဖြစ်ချင်စိတ်ထက် ပိုသွားတာက တကယ်ကောင်းချင်တဲ့စိတ်၊ ကောင်းအောင် လုပ်ချင်စိတ်၊ နောက်ပြီး လူတွေကို ပိုပြီးတော့ contribute လုပ်ချင်စိတ်၊ ဒီဟာတွေကပဲ တွန်းအားဖြစ်သွားတာပေါ့နော်။ ဒါပေမယ့် တီချယ်က ခုနကပြောသလို ပါပဲ တကယ်ကောင်းတဲ့ Exclusive ဖြစ်ချင်တာပေါ့။ Unique, exclusive ဖြစ်ချင်တယ်။ ဒီစိတ်ကပဲ ကိုယ့်ကို အကောင်းဆုံးလုပ်အောင် တွန်းအားပေးတယ်လို့ ထင်ပါတယ်။

၂ဝ။ လူငယ်တွေအနေနဲ့ တစ်ခုခုလုပ်ချင်တဲ့အခါ မှာ passion ဘယ်လောက်အရေးကြီးတယ် ဆိုတာလေး ပြောပြပေးပါဦး ဆရာမ။

အရမ်းအရေးကြီးတယ်။ passion က 100% ပါပဲ။ လူတွေကထင်တယ် နည်းပညာ ဘာညာပေါ့နော်။ တီချယ်ကိုယ်တိုင်ကလည်း ဉာဏ်အရမ်းကောင်းတော့ တစ်ခုခုဆိုလို့ရှိရင် တစ်ခါတစ်ရံမှာ passion မရှိရင် ငါလုပ်ရင်ရပါတယ်ဆိုပြီး ပစ်ထားတယ် ဘယ်တော့မှ မဖြစ်သွားဘူး။ တစ်ခါတစ်လေမှာ ကိုယ့်မှာ resources တွေ limited ဖြစ်နေရင်တောင်မှ passionate ဖြစ်ရင် ဖြစ်ကိုဖြစ်တယ်။ ဆိုတော့ကျ ဖြစ်ချင်စိတ်က အရမ်းအရေးကြီးတယ်။ နောက်တစ်ခုက ခုမှာသာ တီချယ် ဝိပဿနာလုပ်လို့ ဒီဟာတွေဟာ ကိုယ့်ရဲ့ control အောက်မှာမရှိဘူးဆိုတာကို လက်ခံနိုင်လာတာ။ အရင်တုန်းကကျတော့ ဘာလို့မဖြစ်နိုင်ရမှာလဲ ဆိုပြီးတော့ အိမ်မက်ထဲမှာ အမြဲတမ်းလာတယ်။ ဖြစ်ချင်စိတ်နောက်ကို လိုက်ရင်းနဲ့ပဲ ဖြစ်လာတာပေါ့နော်။

passionate ဖြစ်ဖို့က အရမ်းအရေးကြီးတာပေါ့။ အခုတော့ ကိုယ့် passion က ဝိပဿနာဖြစ်နေတော့ ဟို နိဗ္ဗာန်ရချင်တဲ့ passion လေးဖြစ်တယ်ပေါ့။ အရင်တုန်းကကျတော့ ဒါဘာလို့မဖြစ်ရမှာလဲ ဆိုတာမျိုးပေါ့။ နောက်ပြီး မိန်းကလေးတစ်ယောက် ဖြစ်နေတာကြောင့် ပိုပြီးတော့ ဖြစ်ချင်တယ်။ တီချယ်တို့ခေတ်တုန်းက ခုလိုမျိုး သွားလာလှုပ်ရှားနေရင် အရမ်းကို ထူးခြားတယ်။ ဘာလို့လဲဆိုတော့ အင်မတန်ကို ဗိုင်းကောင်းကျောက်ဖိလေး ရှိနေတဲ့အခါမှာ တီချယ် ဒီလိုမျိုး သွားလာပြီးတော့ လှုပ်ရှားနေတယ်။ မနက်လေယာဉ်နဲ့သွားလိုက် ညနေလေယာဉ်နဲ့ပြန်လာလိုက်။ ပြီးရင် ရုံးကို ပြန်မရောက်သေးဘူး customer side ကို ဝင်ကြည့်တာမျိုးတွေ၊ ဘာတွေနဲ့ ဆိုတော့ အရမ်းထူးခြားပြီးတော့ တီချယ်က တကယ့်ကို လူထူးလူဆန်းပေါ့နော် အဲဒီတုန်းက။

အဲဒီတုန်းကဆို တချို့သောဒီလို သိပ်ကို traditional ဖြစ်လွန်းတဲ့ circle နဲ့ discrimination တွေခံစားရတာပေါ့နော်။ တစ်ခါ အမျိုးသားတွေနဲ့ကျပြန်တော့လည်း အလုပ်လုပ်တဲ့အခါမှာ သူတို့က သူတို့လောက်မလုပ်နိုင်ပါဘူး ဆိုတာမျိုး အမြဲတမ်း မပြောပေမယ့်လည်း ဖယ်ထားတာမျိုးတွေပေါ့။ တစ်ခါတစ်လေ  အသာလေးပဲ ကိုယ့်ကို ဖြတ်ကျော်သွားတာမျိုး။ အဲလိုမျိုးလေ ကိုယ်နှစ်ပေါင်းများစွာ ကြိုးစားထားရတဲ့ဟာကို သူတို့ရဲ့ ထမင်းဝိုင်းတစ်ဝိုင်းနဲ့လည်း တစ်ခါတစ်လေ အဆုံးအဖြတ်ပေးပြီးတော့ ကိုယ့်အပေါ်ထားတဲ့ ဂတိတွေဘာတွေဖျက်သွားတာမျိုးလေးတွေ ကြုံရတော့ မခံချင်ဘူးလေ။

အဲတုန်းက အဲလို ခုနကပြောသလို business lady မှ မရှိသေးတာ။ အဲတုန်းက တီချယ်က (၂၄-၂၅) ပဲရှိသေးတာ။ အသွားအပြန်လေယာဉ်နဲ့။ သူတို့က အိမ်ထဲကတောင် မထွက်ရတဲ့သူတွေ။ ညမိုးချုပ်ရင် မထွက်ရတဲ့သူတွေ။ တီချယ်က လေယာဉ်နဲ့သွားလိုက် လေယာဉ်နဲ့ပြန်လိုက် အလုပ်လုပ်လိုက် နောက် ကိုယ်တိုင်ဦးစီးတာဆိုတော့ လုပ်ငန်းကိုကိုယ်တိုင်လုပ်နေတာဆိုတော့ အဲဒီမှာ သူတို့ရဲ့အမြင်မှာ အရမ်းကို out of the circle ဖြစ်နေတာပေါ့။ ဆိုတဲ့ခါကျတော့ ဒါကိုလည်း မခံချင်ဘူး။ မခံချင်ပေမယ့်လည်း ကိုယ်ရဲ့ life က သူတို့လို အဲလိုထိုင်ပြီး စိတ်ဆိုးနေဖို့လည်း အချိန်မရှိဘူး။ ဆိုတော့ ကိုယ့်life ကိုက တစ်ခုပြီးရင် နောက်တစ်ခု တရောတပါး သွားနေရတာလေ။ အဲလို တရောတပါး သွားနေရတာကပဲ အမြဲတမ်း ကိုယ့်အတွက် အရာလေးတွေ ထင်သွားတာပေါ့နော်။ milestones ဖြစ်သွားတာပေါ့နော်။ ပထမကတော့ ဒါလုပ်နေရတာ ပင်ပန်းတယ်ပေါ့။ ဒါပေမယ့်လည်း milestones တွေပါပဲ။
၂၁။ အခု Entrepreneur လုပ်နေတဲ့မိန်းကလေးတွေက များသောအားဖြင့် ထက်မြက်ကြတယ်၊ ထူးချွန်ကြတယ် အဲဒီအချိန်မှာ အိမ်ထောင်ဘက်တွေ ရွေးချယ်ဖို့ခက်နေတာကိုတွေ့ရတယ်။ အဲဒီအတွက်ရော Teacher အနေနဲ့ ဘာ suggestion ပေးချင်လဲ။

Follow your heart ပဲလေ တီချယ်ကကျတော့ ခုနကလို ရွေးချယ်ဖို့ ခက်နေတာတို့ ဆုံးဖြတ်ဖို့ ခက်နေတာတို့ ဆိုတာ ကိုယ့်ရဲ့တကယ့် true heart ဆိုရင် ဘာပဲလာလာ လက်ခံနိုင်တယ်လေ။ အလုပ်မလုပ်လဲ လက်ခံနိုင်တယ်။ ဝင်ငွေမရှိလည်း လက်ခံနိုင်တယ်လေ။ တီချယ်ကျတော့ သူ့ကိုသွားပြီးတော့ depend လုပ်ဖို့ ကြိုးစားတဲ့သူမဟုတ်တော့ တီချယ်ကဆို ဘာပဲလာလာ အဆင်ပြေတယ်။ ကိုယ့်ဟာကိုပဲ။ အဲဒါက တီချယ်အတွက် ပြဿနာ မရှိဘူး။ ဒါပေမယ့် Follow your true heart ပဲ ကိုယ့်နှလုံးသားက ဘာပြောလဲ အဲတိုင်းပဲ follow လုပ်ဖို့ပဲလေ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကခံစားနိုင်တာပေါ့နော်။ ကိုယ်ရွေးချယ်ထားတာကိုး။ မဟုတ်ရင်တော့ ခုနကပြောသလိုဟာနဲ့ဆိုရင်တော့ ဘယ်အရာကမှ perfect မဖြစ်တာပဲလေ perfect မဖြစ်တာဆိုတော့ ကိုယ့်နှလုံးသားကိုပဲကိုယ် စစ်မှန်သလား မေးဖို့ပဲပေါ့နော်။ သိပ် သူများကို သွား depend လုပ်ရင်တော့ ဘယ်အရာမှ ပြည့်စုံတယ်လို့ ခံစားရမှာမဟုတ်ဘူး။ တီချယ်ကကျတော့ independent ဆိုတော့ ဘာမှမလာလည်း ကိစ္စမရှိဘူး။

မိန်းကလေးတွေ ဘာလို့ရွေးနေတာလည်းဆိုရင် ခုနကပြောသလို သူတို့ရွေးနေတာက အမျိုးသားကိုမဟုတ်ဘူး။ security ကိုရွေးနေတာ။ security ကို ရွေးနေတယ် ဆိုကတည်းက ကိုယ်က independent မဖြစ်လို့ sustainable မဖြစ်လို့ survive မဖြစ်လို့ပဲပေါ့နော်။ ဆိုတော့ကျ အဲဒါမှန်သမျှ ပြည့်စုံတော့မှ secure ဖြစ်မှာမဟုတ်ဘူးလေ။ ဘယ်သူမှလဲ perfect မဖြစ်ဘူးလေ။ အဲလိုမျိုးလေးတွေရှိတာပေါ့။ တကယ်တမ်းကိုယ့်ဟာကိုယ်လည်း sustainable တော့ ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိရမယ်။ ကိုယ်တိုင်လည်း ရပ်တည်နိုင်ရမယ်။ ဒါအပြင် content ဖြစ်ရမယ်။ ကျေနပ်နိုင်ရမယ်။ ကိုယ့်ရွေးချယ်မှုအတွက် ကိုယ်ကျေနပ်နိုင်ရမယ်။ သိပ်ကို demand ဖြစ်လို့မရဘူးလေ။ အကုန်လုံးကိုပဲ ဘယ်ဖြစ်နိုင်မှာလဲ။ တီချယ် အဲဒီကိစ္စမှာတော့ အစကတည်းက အရမ်း ပြတ်ပြတ်သားသားရှိတယ်လေ။ တီချယ့်ကို ဘာတွေမှ မတင်တောင်းလည်း ကိစ္စမရှိဘူး အဲဒီဟာတွေက တီချယ် criteria ဒါတွေမပါဘူးပေါ့နော်။ ခုနပြောသလိုပေါ့ ရွေးရခက်တဲ့ ပြဿနာတွေ လေးတွေ ရှိနေရတယ်ဆိုတာ criteria ရှုပ်နေလို့ပေါ့နော်။ ဘာဖြစ်ရမယ် ဘာရှိရမယ်ဆိုတဲ့ criteria ပေါ့နော်။ တကယ်တမ်း ကိုယ့်ဘဝကို ကိုယ်ပဲ ရင်ဆိုင်ရတာ။ ကိုယ့်အခြေနေနဲ့ ကိုယ်ပဲပေါ့နော်။ ကိုယ်မခံစားတတ်ရင် ကိုယ်မပျော်ရင် အလကားပဲ ဘာမှလုပ်လို့မရဘူးလေ။ ကိုယ်စိတ်မချမ်းသာရင်ပေါ့နော်။

ကိုယ့်ကို ဘာမှပေးမနေဘူး ချမ်းသာမှုတွေလည် မပေးနေဘူး။ ဒါပေမယ့်လည်း ကိုယ် content ဖြစ်မယ်ပေါ့ တစ်ဖက်ကတော့ ခုနကပြောတဲ့ sustainable ဖြစ်တဲ့ ကိုယ့်ဝင်ငွေကိုယ်ရှိရင်တော့ အကောင်းဆုံးပေါ့။ တီချယ်က ဒီ လုပ်ငန်းလုပ်တာတောင် I have never been the shadow of other person လေ။ အဲလိုမျိုး ဟို ဘယ်သူ့ shadow နဲ့မှမဟုတ်ပဲ ကိုယ့်ဟာကိုယ်ပဲ ဖြစ်ချင်တာလေ။ ဒါဘယ်သူ့ကြောင့် ဆိုတာမျိုးတွေ သိပ်မဖြစ်ချင်ဘူး။ ဒါကြောင့် ဟိုလူနဲ့ပေါင်းတယ် ဒီလူနဲ့ပေါင်းတယ် ပေါင်းလုပ်တယ်ဆိုတာမျိုး တီချယ် သိပ်မလုပ်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်နိုင်တာတွေကိုပဲ လုပ်တယ်။ မလုပ်နိုင်ရင် ဒီတိုင်းပဲထားလိုက်တယ်။ သိပ်ပြီး over shadow လည်း အဖြစ်မခံချင်ဘူး။

ပရိသတ်ကြီးရေ…

မိန်းမသားတစ်ယောက်အနေနဲ့ ယုံကြည်ရာကိုမြဲမြံစွာ မဆုတ်မနစ်သော ဇွဲလှုံ့လတွေနဲ့ ဘဝကို လျှောက်လှမ်းနေတဲ့ ဆရာမဒေါ်အေးအေးသန့်ရဲ့ အကြောင်းကိုဖတ်ရတာက အားကျအတုယူစရာပါပဲ။ ဂန္ထဝင်ညီမငယ်များလည်း မိမိရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို တိုးပွားအောင်လုပ်ရင်း ရည်မှန်းချက်တွေကို ပြည့်ဝအောင် တစိုက်မတ်မတ်ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းရေးသားတင်ဆက်လိုက်ရပါတယ်ရှင်။