ချစ်ညီမလေးတွေ သိစေဖို့

blank

ညီမလေးရေ… ဘဝဆိုတဲ့ခရီးရှည်ကြီးကို လျှောက်လှမ်းနေကြရတဲ့ လူသားတွေဘဝမှာ တစ်ခါတလေ ကိုယ်ပေးဆပ်ရတာနဲ့ ပြန်ရတာမကာမိတဲ့ အခိုက်အတန့်တွေလည်း မလွှဲမရှောင်သာကြုံတွေ့ရပါတယ်။ အထူးသဖြင့် ကြိုးစားသလောက် ခရီးမတွင်တာမျိုး ကြုံတွေ့ရတဲ့အခါ အောင်မြင်မှုတွေက ကိုယ်နဲ့မထိုက်တန်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် အားငယ်စိတ်ဝင်လာတတ်ပါတယ်။ ဒါပေမယ့် အားငယ်နေရုံနဲ့လည်းအခက်အခဲတွေက ပြေလည်သွားမှာမဟုတ်တဲ့အတွက် “လဲရင် ပြန်ထ၊ ဒါ..ဘဝပဲ” ဆိုတဲ့ ထုံးကိုနှလုံးမူပြီး ဘဝခရီးကို ရှေ့ဆက်ရမှာပါပဲ။ အဲ့ဒီလို ပြန်ထနိုင်ဖို့အတွက် ညီမလေးရဲ့ အားငယ်စိတ်တွေဖျောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေတည်ဆောက်နိုင်ဖို့ ခွန်အားဖြည့်ပေးမယ့်အချက်လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးထားပါတယ်။

ညီမလေးရေ …

၁။ ညီမလေးဟာ လောကကြီးထဲက အကောင်းဆုံးသောအရာတွေနဲ့ ထိုက်တန်တဲ့မိန်းကလေးတစ်ယောက်ပါ။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့နော်။

၂။ ညီမလေး ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလို အောင်မြင်ပြည့်စုံတဲ့ဘဝတွေ တကယ်ပိုင်ဆိုင်ဖို့လည်း ညီမလေးက ထိုက်တန်သူပါ။ ကြိုးစားနေတဲ့လူတစ်ယောက်အတွက် မဖြစ်နိုင်တဲ့အရာဆိုတာ လောကမှာမရှိဘူးလေ။

၃။ ညီမလေးက ညီမလေးချစ်တဲ့သူရဲ့ ဒိတ်လုပ်ဖို့ တလေးတစား ကမ်းလှမ်းခြင်းနဲ့လည်း တကယ်ထိုက်တန်သူလေးပါ။

၎။ ညီမလေးဟာ ညီမလေးအပေါ်အမှားပြုမိသူတွေဆီက အလေးအနက်ပြန်တောင်းပန်မှုကို  လက်ခံရဖို့လည်း ထိုက်တန်တဲ့သူပါ။

၅။ ညီမလေး အသည်းကွဲနေတယ်ဆိုရင်တောင် စိတ်ဓာတ်တက်ကြွစေမယ့် သီချင်းတွေနားထောင်ရင်း စိတ်ဓာတ်တွေကြံ့ခိုင်အောင် ပြန်တည်ဆောက်နိုင်စွမ်းတွေနဲ့ ထိုက်တန်သူလေးပါ။

၆။ ညီမလေးဟာ တစ်စုံတစ်ယောက်ရဲ့ လက်ဆောင်ပန်းစည်းလေးတွေ၊ ချောကလက်တွေကို လက်ခံရဖို့လည်း ထိုက်တန်သူလေးပါ။

၇။ ညီမလေးဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ ပြီးပြည့်စုံတဲ့ဘဝတွေထဲမှာ ညီမလေးကလည်း အရေးပါတဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရဖို့ ထိုက်တန်သူလေးပါ။

၈။ ညီမလေးကို အလေးထားချစ်ခင်သူတွေပေးတဲ့ “နေရာတစ်ခု”မှာ  နေထိုင်ဖို့လည်း ထိုက်တန်သူလေးပါ။

၉။ ညီမလေးဟာ ကိုယ့်အတွေး၊ ကိုယ့်ခံစားချက်ကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုဖို့လည်း ထိုက်တန်သူလေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁ဝ။ ညီမလေးမှာ အားငယ်စိတ်တွေဝင်လာတဲ့အခါ သူများနောက်မှာပုန်းကွယ်မနေပါနဲ့။ ညီမလေးဟာ အသင်းအဖွဲ့တွေမှာ ရှေ့ကဦးဆောင်ဖို့လည်း ထိုက်တန်သူလေးပါ။

၁၁။ ညီမလေးဟာ သူတစ်ဖက်သားထိခိုက်နာကျင်နေချိန်မှာ ညီမလေးအသံကြားရုံနဲ့ ပြေပျောက်သွားနိုင်လောက်အောင် အစွမ်းထက်တဲ့အားပေးနှစ်သိမ့်ပေးနိုင်သူ တစ်ယောက်ဖြစ်ဖို့လည်း ထိုက်တန်သူပါ။

၁၂။ ညီမလေးဟာ ညီမလေးလက်တွဲချင်တဲ့ ယောကျာ်းကောင်းတစ်ယောက်နဲ့ တွေ့ဆုံဖို့လည်း ထိုက်တန်တဲ့သူပါ။

၁၃။ သစ္စာမရှိတဲ့ချစ်သူဟောင်းက ညီမလေးကို ထားပစ်ခဲ့ရင်လည်း ဝမ်းမနည်းပါနဲ့။ ညီမလေးအပေါ်သူ့ထက် ပိုကောင်းနိုင်မယ့်သူကို ထပ်ရွေးချယ်ဖို့လည်း ညီမလေးက ထိုက်တန်သူပါ။

၁၄။ ဘယ်ဆီကိုဦးတည်နေလဲဆိုတာမသိပေမယ့် ညီမလေးသိပ်ကိုယုံကြည်ရတဲ့ လူတစ်ယောက်မောင်းနှင်တဲ့ ကားကိုထိုင်စီးရင်း ရောက်ရှိသွားမယ့်ခရီးကို အံ့သြရင်ဖိုရတာတွေနဲ့လည်း ညီမလေးက ထိုက်တန်သူပါ။

၁၅။ ညီမလေးဟာ ညီမလေးကြိုက်တဲ့သီချင်းလေးတွေကို စိတ်လိုလက်ရဆိုပြတတ်တဲ့ ချစ်သူယောကျာ်းမျိုးနဲ့လည်း ထိုက်တန်သူပါ။

၁၆။ ညီမလေးကို ဘယ်တော့မှလက်တွဲမဖြုတ်ဘဲ ကမ္ဘာဆုံးထိအတူသွားချင်တဲ့ ယောကျာ်းမျိုးနဲ့လည်း ညီမလေးက ထိုက်တန်သူပါ။

၁၇။ ညီမလေးရဲ့အချစ်ရေးကံမကောင်းခဲ့ရင်တောင် Relationship တွေတိုင်းမှာ အဆိုးအကောင်းဆိုတာ ဒွန်တွဲနေတာဖြစ်တဲ့အတွက် ညီမလေးက အကောင်းတွေရရှိဖို့လည်း ထိုက်တန်သူလေးပါ။

၁၈။ ညီမလေးဟာ ဘဝဝန်ထုပ်ဝန်ပိုးတွေကို ကူညီသယ်ဆောင်ပေးမယ့်သူနဲ့လည်း ထိုက်တန်သူလေးပါ။

၁၉။ ညီမလေးရေ ညီမလေးဟာ အားငယ်ငိုကြွေးနေချိန်မှာ ညီမလေးရဲ့မျက်ရည်တွေကို သုတ်ဖယ်ပေးမယ့် အကြင်နာလက်တစ်စုံပိုင်ရှင် ယောကျာ်းတစ်ယောက်နဲ့လည်း ထိုက်တန်သူပါ။

ညီမလေးရေ… တကယ်တော့ လောကကြီးမှာရှိတဲ့ကောင်းရာမွန်ရာအားလုံးက ညီမလေးနဲ့အကုန်ထိုက်တန်ပါတယ်ကွယ်။ အဲ့ဒါတွေအတွက် တောင်းဆိုဖို့ သတ္တိလေးတစ်ခုပဲ ညီမလေးဘက်က ရဲရဲကြီး မွေးထားဖို့ လိုအပ်တာပါ။   ကဲ… အဲ့ဒီထိုက်တန်တဲ့အရာတွေအားလုံးကို သဲသဲကွဲကွဲမြင်ရဖို့ ညီမလေးပါးပြင်ပေါ်က စိုရွှဲနေတဲ့မျက်ရည်စတွေကို အရင်သုတ်ဖယ်ပစ်လိုက်ပါနော်။ အလှပဆုံးအနာဂတ်လေးက ညီမလေးရဲ့လက်တစ်ကမ်းမှာစောင့်ကြိုနေတာကို တွေ့ရပါလိမ့်မယ်။

အားလုံးလည်း အောင်မြင်ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်နိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆန္ဒပြုလိုက်ပါတယ်ရှင်။