အောင်မြင်မှုဆီ တက်လှမ်းချီရာမှာ ဘဝပန်းတိုင်ကို ခိုင်မာစွာစိုက်ထူနိုင်ဖို့

blank

၁။ သင့်ပတ်ဝန်းကျင်က ဉာဏ်ပညာရှိသူတွေထံမှ အကြံဉာဏ်ကောင်းတွေတောင်းပါ။

၂။ အသစ်အသစ်တွေကို အမြဲမပြတ် စူးစမ်းလေ့လာပါ။

၃။ သူများအကြောင်းအတင်းအဖျင်းပြောတာတွေကို ရှောင်ကြဉ်ပါ။

၎။ ဘယ်အခြေအနေပဲရောက်ရောက် အောင်မြင်ချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်ကို  မဆုံးရှုံးပါစေနဲ့။

၅။ မိမိကိုယ်တိုင် သို့မဟုတ် လူတစ်ယောက်ကို တစ်ဖက်သက်ဝေဖန်တာမျိုး၊ အဆင့်အတန်းခွဲခြားတာမျိုး မလုပ်ပါနဲ့။

၆။ ဘဝကိုအကျိုးရှိစေမယ့် အလုပ်တစ်ခုခုကို အဆက်မပြတ်လုပ်နေပါ။

၇။ သင်ယူလေ့လာချင်တဲ့စိတ်ကို အမြဲမွေးမြူထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၈။ အလုပ်နဲ့ လူမှုရေး၊ အလုပ်နဲ့ ဘဝပျော်ရွှင်မှု စတာတွေကို အမြဲညီမျှနေစေဖို့ ကြိုးစားပါ။

၉။ လူတွေနဲ့စကားပြောတဲ့အခါ သင်ဖြစ်ချင်တဲ့ဆန္ဒ၊ သင်ရဲ့ရည်ရွယ်ချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

၁ဝ။ သင်ကိုယ်တိုင်နဲ့ သင့်ပတ်ဝန်းကျင်ရဲ့ အပြောင်းအလဲတွေကို လက်ခံပါ။

၁၁။ သင့်ရဲ့စိတ်ခံစားမှုတွေ၊ သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သတိရှိရှိနဲ့ စောင့်ကြည့်ပါ။

၁၂။ သူတစ်ပါးရဲ့ဘဝကိုအားကျပြီး လိုက်အတုမခိုးဘဲ သင့်ရဲ့အစစ်အမှန်ဘဝအတိုင်း ကြိုးစားလိုက်ပါ။

၁၃။ လူတွေပြောတဲ့ စကားတွေကို အလွန်အမင်းမယုံကြည်ပါနဲ့။

၁၄။ သင်လိုချင်တာရဖို့၊ သင့်ပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့ ကြောက်ရွံ့မှုတွေကို သင့်စိတ်ထဲကနေ မောင်းထုတ်လိုက်ပါ။

၁၅။ ကြိုးစားသမျှ အရာထင်မလာရင်တောင် သင့်ကြိုးစားမှုကို မလျှော့ချပါနဲ့။ ဆက်လက်ကြိုးစားပါ။

၁၆။ သင့်ရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေပိတ်ပြီး သဘာဝရဲ့လှပတဲ့အနှစ်သာရတွေကို ခံစားပါ။