စိတ်နေမြင့်တဲ့မိန်းမသားတစ်ယောက်မှာ ရှိတဲ့ ဂုဏ်အင်္ဂါ(၉)ချက်

blank

ပရိသတ်ကြီးရေ… ကမ္ဘာပေါ်မှာ ချောမောလှပတဲ့မိန်းကလေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့အလှစစ်ဆိုတာ အဲ့ဒီလို အပေါ်ယံရုပ်ရည်လေးချောမောနေရုံနဲ့ မပြည့်စုံသေးပါဘူး။ အသိဉာဏ်နဲ့လည်း ပြည့်စုံရင့်ကျက်မှ အဆင်းကောအချင်းပါလှပတဲ့မိန်းမသားဖြစ်မှာပါ။ သင်ကော သင့်ချစ်သူအတွက် အသိဉာဏ်ရင့်ကျက်တဲ့မိန်းမသားတစ်ယောက်မဖြစ်ချင်ဘူးလား။ ရင့်ကျက်တဲ့မိန်းမတစ်ယောက်မှာ ရှိနေတဲ့အရည်အသွေးလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်လိုက်ပါတယ်ရှင်။

၁။ သဝန်ကြောင်တဲ့ အပြုအမူမျိုးရှောင်တယ်။

       ချစ်သူဘဝမှာ မိန်းကလေးတွေက ချစ်သူအပေါ်သဝန်တိုတယ်ဆိုတာ မဆန်းပေမယ့် အဲ့ဒီအဆင့်ကိုကျော်လွန်ပြီး သဝန်ကြောင်လာပြီဆိုရင်တော့ နှစ်ဦးသားကြား အဆင်မပြေဘဲ ရန်ပွဲတွေအလီလီနွှဲရတော့မှာပါ။ ရင့်ကျက်တဲ့မိန်းမသားတွေကတော့ သဝန်ကြောင်ခြင်းကိုရှောင်ကြဉ်ပြီး ချစ်သူရဲ့သစ္စာစောင့်သိမှုကို ယုံကြည်မှုနဲ့ပဲ ထိန်းသိမ်းထားတတ်တယ်။

၂။ ဆင်ခြင်ဉာဏ်ပြည့်ဝတယ်။

       ရင့်ကျက်တဲ့မိန်းမသားတွေဆိုတာ အခြားသူတွေရဲ့ထင်မြင်ချက်ကို လည်းဂရုစိုက်နားထောင်တတ်ပြီး အမှားအမှန်ကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဉာဏ်ပညာစွမ်းရည်ရှိကြသူတွေဖြစ်တယ်။ အဲ့ဒီစွမ်းရည်ကြောင့် ဘာလုပ်လုပ် တခြားသူတွေထက် တစ်ပန်းသာနေတတ်ပါတယ်။

၃။ စစ်မှန်တဲ့ရိုးသားမှုရှိတယ်။

       ရင့်ကျက်တဲ့မိန်းမသားတွေဟာ အမှန်တရားကို မြတ်နိုးပြီး ရိုးသားမှုကို တန်ဖိုးထားတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ချစ်သူအပေါ် ထပ်တူထပ်မျှ မျှဝေခံစားပေးတတ်တယ်။

ထောက်ထားကြင်နာတတ်တာ၊ ပံ့ပိုးကူညီတတ်တာ၊ ချစ်သူရဲ့ ကြိုးစားအားထုတ်မှုတွေကို အားပေးလှုံ့ဆော်ပေးတာတွေဟာ ရင့်ကျက်တဲ့မိန်းမသားတွေမှာရှိတဲ့ အကောင်းမွန်ဆုံးအရည်အချင်းတွေပါပဲ။

၅။ ဉာဏ်အမျှော်အမြင်နဲ့ပြည့်စုံတယ်။

ရင့်ကျက်တဲ့မိန်းမသားတွေဟာ တွေးခေါ်မျှော်မြင်မှုရှိကြပြီး အနာဂတ်ရည်မှန်းချက်တွေကို မဆုတ်မနစ် အကောင်အထည်ဖော်ကြသူတွေ ဖြစ်ကြပါတယ်။ အချစ်ရေးရေရှည်အဆင်ပြေဖို့အတွက်လည်း အစီအစဉ်တွေကို ကြိုတင် ရေးဆွဲစဉ်းစားထားတတ်ကြပါတယ်။

၆။ လိုအပ်တဲ့အခါ ပြတ်သားတတ်တယ်။

       ရင့်ကျက်တဲ့မိန်းမသားတွေဟာ စိတ်သဘောထားသိမ်မွေ့နူးညံ့ကြပေမယ့် လိုအပ်လာတဲ့အခါ သူများထက်ပိုပြတ်သားဖို့လည်း ဝန်မလေးတတ်ကြဘူး။

၇။ ချစ်သူရဲ့ကြိုးစားအားထုတ်မှုတွေကို ကူညီပံ့ပိုးပေးတယ်။

       ရင့်ကျက်တဲ့မိန်းမသားတွေဟာ ချစ်သူရဲ့ဘဝခရီးလမ်းတစ်လျှောက် ကြိုးစားအားထုတ်မှုတွေတိုင်းမှာ ကူညီပံ့ပိုးရင်း ပါရမီဖြည့်ပေးတတ်ကြတယ်။

၈။ အဆင့်အတန်းရှိရှိ ပြုမူနေထိုင်တယ်။

ရင့်ကျက်တဲ့မိန်းမသားတွေဟာ တန်ဖိုးကြီးအဝတ်အစားတွေ၊ အသုံးအဆောင်တွေ ဝတ်ဆင်သုံးစွဲနိုင်တာထက် ကိုယ်ကျင်လည်ရာ ဝန်းကျင်ကလူတွေရဲ့လေးစားမှုရအောင် နေထိုင်ပြုမူခြင်းအားဖြင့် အဆင့်အတန်းရှိတဲ့ဘဝမျိုး တည်ဆောက်တတ်ကြပါတယ်။

၉။ ဘဝတိုးတက်မြင့်မားအောင် အမြဲကြိုးစားအားထုတ်နေတတ်တယ်။

ရင့်ကျက်တဲ့မိန်းမသားတွေဟာ အချိန်ကို အချည်းနှီးဖြစ်အောင် မဖြုန်းတီးတတ်ကြဘူး။ ဘဝတိုးတက်မြင့်မားမှုအတွက် ပညာရပ်တွေ တစ်ခုပြီးတစ်ခု အမြဲရှာဖွေသင်ယူနေတတ်ကြတယ်။

ပရိသတ်ကြီးလည်း ချစ်သူအတွက် အဆင်းကောအချင်းပါလှပတဲ့ မြတ်နိုးဖွယ် မိန်းမသားဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။