သင့်တစ်သက်တာနှလုံးသွင်းထားဖို့ သွေးထွက်အောင်မှန်တဲ့ ဒဿနလေးများ

blank
Photo Reference: http://arynrbates.blogspot.co.uk

၁။ တစ်ခါနိုင်ဖူးရုံနဲ့ အရာအားလုံးပိုင်ဆိုင်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အနိုင်ရလိုတဲ့စိတ်ရှိရင်တော့ အရာအား လုံးပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

၂။ သူများကိစ္စတွေကို လိုတာထက်ပိုစိတ်မဝင်စားတော့တဲ့နေ့ဟာ သင်စိတ်ချမ်းသာလာမယ့်နေ့ပါပဲ။

၃။ “ အရာအားလုံး ဆုံးရှုံးသွားရင်တောင် လာမယ့်အနာဂတ်ကိုတော့ လှပအောင် ဖန်တီးခွင့်ရှိပါသေးတယ် ” ဆိုတဲ့စကားကို သင်အရှုံးတစ်ခုနဲ့ကြုံတိုင်း အမြဲသတိရပါ။

၎။ ရန်သူနဲ့ ခဏခဏစစ်မခင်းပါနဲ့။ သင့်တုံ့ပြန်နည်းဗျူဟာတွေကို သူပိုသိသွားနိုင်ပါတယ်။

၅။ ဘာလုပ်လုပ် အောက်ခြေကစရတာပါ။ အပေါ်ကနေစတာဆိုလို့ သင်္ချိုင်းမြေကျင်းတူးတာတစ်ခုပဲ ရှိပါတယ်။

၆။ အသေးအဖွဲကအစ ကောင်းကောင်းလုပ်မယ်ဆိုရင် အကြီးဆုံးကိစ္စရပ်တွေမှာ ဒီထက်ပိုကောင်းအောင် ဆောင်ရွက်နိုင်မှာ သေချာပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ အားစိုက်ထုတ်မှုမပါဘဲ သူ့အလိုလိုကြီးထွားလာတာဆိုလို့ အသက်အရွယ်တစ်ခုပဲရှိပါတယ်။

၈။ မြင်မြင်ချင်းသဘောကျခံရဖို့ဆိုတာ ဒုတိယအကြိမ်ထပ်ကြိုးစားခွင့်ရှိတဲ့အရာမဟုတ်ပါဘူး။

၉။ ကြိုးစားအားထုတ်မှုမရှိသူအတွက် အမှားဆိုတာလည်း မရှိနိုင်ပါဘူး။

၁ဝ။ ဖြေရှင်းနည်းမပါတဲ့ ပြဿနာတစ်ခုကို သင့်ဘော့စ်ဆီ မတင်ပြပါနဲ့။ အပြစ်တင်ခံရတာပဲ ရှိမှာပါ။

၁၁။ မကျရှုံးဖူးသေးဘူးဆိုတာ ထိုက်သင့်တဲ့စွန့်စားမှုတစ်ခုမှ မပြုလုပ်ရသေးဘူးဆိုတာ ပြသနေတာပါ။

၁၂။ စိတ်ညစ်နေတာ သင့်အပြစ်မဟုတ်ပါဘူး။ သင့်ဒေါသတွေကို သူတစ်ပါးအပေါ် ပုံချလိုက်ရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီ။

ကြိုက်နှစ်သက်ရင် SHARE ထားလိုက်ပါနော်။