“မနိုရာ” ပြောတဲ့ သူမအကြောင်း

blank
နိုရာဆိုတာ ဘယ်သူလဲ။

သူမက Bonanza Production ရဲ့ CEO တစ်ယောက် ဖြစ်ပါတယ်။ တစိုက်မတ်မတ် ကြိုးစားနေသူတိုင်းရဲ့ လက်တစ်ကမ်းမှာ အောင်မြင်မှုရှိတယ်လို့ ယုံကြည်ထားတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပေါ်ခံစားချက်

ရုပ်ရှင်ဆိုတာ နူးညံ့လှပတဲ့ ဖန်တီးမှုတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ရိုက်ကွက်တွေကနေတစ်ဆင့် လူတွေကို ခံစားမှု ရသမျိုးစုံပေးနိုင်တဲ့အရာတစ်ခုပါ။

သူမ လုပ်ငန်းနဲ့ စီမံခန့်ခွဲမှုအပိုင်း

လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုတာနဲ့ Long term plan ကို သေချာရေးဆွဲဖို့လိုပါတယ်။ Business owner တစ်ယောက်အနေနဲ့ သိကိုသိထားသင့်တဲ့အရာတွေကို လေ့လာရမယ်။ Long term plan ကို အဓိကထားပြီး ဆွဲရမှာ ဖြစ်တဲ့အတွက် ငွေရေးကြေးရေး တစ်ခုတည်းကိုမကြည့်ဘဲ Brand awareness ဘယ်လိုဖန်တီးရမယ်။ လုပ်ငန်းဘယ်လိုချဲ့ထွင်မယ်။ လိုအပ်တဲ့ Human Resource ကို ဘယ်လိုဖန်တီးရှာဖွေမယ်။ ပြီးတော့ Idea creation တွေ ဘယ်လိုသွားမလဲဆိုတာ သေချာအစီအစဉ်ရေးဆွဲထားဖို့လိုမယ်ထင်ပါတယ်။

သူမနဲ့ ကြိုးစားအားထုတ်မှု

ကျွန်မဘဝမှာ လွယ်လွယ်ကူကူနဲ့ ရခဲ့တာ ဘာမှမရှိခဲ့ဘူး။ ကိုယ်လိုချင်တဲ့ အတိုင်းအတာ တစ်ခုအထိရနေဖို့၊ ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်နေဖို့ အမြဲ ကြိုးစားခဲ့တယ်။ အောင်မြင်မှုနဲ့ ပတ်သက်ရင် ကျွန်မယုံကြည်ထားတာက တစိုက်မတ်မတ် ကြိုးစားနေသူတိုင်းရဲ့ လက်တစ်ကမ်းမှာ အောင်မြင်မှုဆိုတာရှိတယ်။ အဲ့ဒါကြောင့်လည်း ကျွန်မ တစိုက်မတ်မတ် ကြိုးစားဖြစ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမနဲ့ လုပ်ငန်းခွင်တိုင်းမှာ ရှိသင့်တဲ့ အခြေခံအသိပညာ

(၁) သက်ဆိုင်တဲ့ Networking ကောင်းကောင်း တည်ဆောက်ထားနိုင်ရမယ်။

(၂) ကိုယ် လုပ်တတ်တဲ့အရာ၊ လုပ်နိုင်တဲ့အရာ၊ ကိုယ့်အသိပညာကို ယုံကြည်ချက်ရှိရှိနဲ့ Presentation ကောင်းကောင်းလုပ်နိုင်ရမယ်။

(၃) မှန်ကန်စွာ ပြောဆိုနိုင်တဲ့ Communication ရှိရမယ်။ အဲ့ဒီ Communication ဆိုတာလည်း ကိုယ်ကပဲ ပြောနေတဲ့အရာမျိုးမဟုတ်ဘဲ နှစ်ဖက်အပြန်အလှန်ဆွေးနွေးပြောဆိုနိုင်ပြီး ပြဿနာရှိရင် အဖြေရှာနိုင်တဲ့ ပုံစံမျိုးဖြစ်ရမယ်။

(၄) အခုချက်ချင်း လုပ်လို့ရတဲ့အရာတစ်ခုကို နေ့ရွှေ့ ညရွှေ့ မလုပ်ဘဲ၊ အချိန်တိုအတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်တဲ့၊ ကိုယ်ကတိပေးထားတဲ့အချိန်မှာ ကတိပေးထားတဲ့အလုပ် ကို ပြီးနိုင်တဲ့ time management ကောင်းကောင်းရှိရမယ်။ မလိုအပ်ဘဲ over promising လည်း မဖြစ်ရဘူး။

(၅) ပြဿနာတစ်ခုပေါ်လာပြီဆိုရင် ဒီပြဿနာက ဘယ်သူ့ကြောင့်ဖြစ်တာဆိုပြီး အပြစ်တင်တာထက် ဒီပြဿနာ အရင်းအမြစ်ကို သေချာနားလည်သဘောပေါက်ပြီး ဖြေရှင်းဖို့ နည်းလမ်းကို ရှာနိုင်ရမယ်။ ရှာတဲ့အခါမှာလည်း အကောင်းဆုံးနဲ့ အဆိုးဆုံးရလာဒ်ကို မျှော်လင့်ပြင်ဆင်ထားနိုင်တဲ့ Problem-solving skill ရှိဖို့ လိုအပ်ပါတယ်။

သူမ ဖွင့်ဆိုတဲ့ အချစ်ဆိုတာ

အချစ်ဆိုတာ လှပတဲ့အရာလေးတစ်ခုပါ။ ဒါပေမဲ့ သူရဲ့ချိုမြန်လှပမှုကိုတော့ သေချာထိန်းသိမ်းဖို့တော့လိုတယ်။ ချစ်သူတွေကြားဖြစ်စေ၊ အိမ်ထောင်ဖက်ကြားဖြစ်စေ၊ မိဘညီအစ်ကိုမောင်နှမကြားဖြစ်စေ အတူတူပါပဲ။

ချစ်သူတွေကြားမှာဆိုရင် အချစ်တစ်ခုအပြင် သံယောဇဉ်၊ အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုတွေရှိမှ ဒီအချစ်ရဲ့လှပချိုမြိန်တဲ့အပိုင်းကို ဆက်ထိန်းသိမ်းသွားနိုင်သလို မိဘနဲ့သားသမီးကြားဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေးဖြစ်ဖို့လိုအပ်တယ်။

လူငယ်တွေအတွက် သူမရဲ့ အကြံပေးစကား

အခုခေတ် လူငယ်တွေရဲ့ အရမ်းကောင်းမွန်တဲ့အချက်က ကိုယ်ဖြစ်ချင်တဲ့အရာတွေနဲ့ ပတ်သက်ရင် Aggressively လေ့လာသင်ယူနေတာကို တွေ့ရတာပါ။ ခေတ်နဲ့အညီဖြစ်နေတဲ့အရာတွေကို အကုန်မျက်ခြေမပြတ်လေ့လာထားပြီး အမြဲ ကိုယ့်ကိုယ်ကိုယ် Upgrade ဖြစ်နေဖို့ တိုက်တွန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် Upgrade ဖြစ်နေတဲ့သူတစ်ယောက်ဟာ ဘယ်လုပ်ငန်းခွင်မှာမဆို တိုးတက်နေမှာပါ။

စာချစ်သူတို့ကော မနိုရာရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။