“ပျင်းရိနေပါက သင့်ကိုယ်သင်တွန်းအားဖြစ်စေဖို့အတွက် ဒီစကားလုံးများကို တစ်နေ့တစ်ခေါက် ရေရွတ်ကြည့်ပါ။”

blank

ငါကပျင်းပါတယ်။ ဒါပေမဲ့ ငါ့ကိုယ်ငါချစ်တဲ့အတွက် ပျင်းတာကို ငါစွန့်လွှတ်တော့မယ်။

ဘယ်အရာမဆို ငါအချိန်ဆွဲနေတာမျိုးငါမလုပ်တော့ဘူး။ အခုချက်ချင်းလုပ်မယ်ဆိုတဲ့ စိတ်ပဲ မွေးမြူတော့မယ်။

ငါမပျင်းတော့ဘူး။ ငါလုံးဝ မပျင်းတော့ဘူး။

ပျင်းရိခြင်းတွေကို တွန်းလှန်ဖို့ ငါ့မှာ တာဝန်အများကြီးရှိတယ်။ ဒါဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ငါ့အတွက် ငါလုပ်တာမို့လို့ ငါ့မှာမပျင်းဖို့အတွက် တာဝန်ရှိတယ်။

ငါ့ဘဝမှာ အကောင်းဆုံးရှင်သန်နေထိုင်နိုင်အောင် ပျင်းရိခြင်းတွေကို စွန့်လွှတ်တော့မယ်။

ပျင်းရိခြင်းတွေ မရှိတော့ရင် ညံ့ဖျင်းခြင်းတွေလည်း မရှိတော့တဲ့အတွက် ငါ့ဘဝက ဒီထက်ပိုကောင်းလာဖို့ပဲ ရှိတော့မယ်။

ဘဝမှာ ရှင်သန်နေချိန်လေးအခိုက်အတန့်မှာ ပျင်းနေတာ ဘာထူးမှာလဲ။ အဲ့လိုပျင်းနေမယ့်အစား ငါခရီးတွေထွက်လိုက်မယ်။ တောင်တွေတက်မယ်။ ရေတွေကူးမယ်။

ဘာမှလုပ်စရာမရှိရင်တောင် ပျင်းတယ်ဆိုတဲ့စကားကို ငါမသုံးတော့ဘူး။

သဘာဝအလှကို ခံစားဖို့ အချိန်ရှိတယ်။ ပျင်းဖို့ အချိန် ငါ့ဆီမှာ လုံးဝမရှိဘူး။

ဘဝမှာ ဘယ်လိုစိန်ခေါ်မှုမျိုးမဆို ရောက်လာပါစေ။ ငါရင်ဆိုင်လိုက်မယ်။ ဒါပေမဲ့ ငါပျင်းနေရင် ဘဝတိုက်ပွဲမှာ အနိုင်ရဖို့အတွက် ပြင်ဆင်ချိန်တွေ ငါရမှာမဟုတ်ဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါကြောင့် ငါဟာ ပျင်းရိခြင်းတွေ၊ အချိန်ဆွဲတဲ့အကျင့်တွေ၊ ပေါ့ပေါ့လျော့လျော့လုပ်တတ်တဲ့အကျင့်တွေ အကုန်လုံးကို ဒီနေ့ကစပြီး စွန့်လွှတ်လိုက်ပြီ။

ငါ့မှာ ဖြစ်နိုင်ချေတွေ၊ အောင်မြင်နိုင်မယ့်အခွင့်အလမ်းတွေ အများကြီးရှိတယ်။

ဒီစကားလုံးတွေ ရွတ်ပြီးချိန်မှာ ငါ့ကိုတစ်စုံတစ်ယောက်က စွမ်းအားတွေ ပေးလိုက်သလိုပဲ စွမ်းဆောင်နိုင်စွမ်းအပြည့်ရှိတယ်လို့ ခံစားမိတယ်။

ငါ့ကိုယ်ငါမပျင်းဖို့ အားပေးပြီး ငါ့စိတ်ကို ငါအောင်နိုင်ပြီဆိုရင်

ဒါဟာ ငါ့ဘဝရဲ့ရည်မှန်းချက်ကို ရောက်နိုင်တော့မယ့် လမ်းစတစ်ခုကို

ငါရှာတွေ့လိုက်တဲ့ သဘောပါပဲ။

သင်ကော.. ပျင်းရိခြင်းတွေကို စွန့်ပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလား။